သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။
ဝတ်ပြု 16:3 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်သည် သန့်ရှင်းရာဌာနသို့ လာသောအခါ သူသည် အပြစ်ဖြေရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်၊ မီးရှို့ရာယဇ်အတွက် သိုးထီးတစ်ကောင်ယူလာရမည်။ Common Language Bible သူသည်အပြစ်ဖြေရာယဇ်အတွက် နွား ပျိုတစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက်သိုး ထီးတစ်ကောင်ကိုယူဆောင်လာပြီးမှ အလွန် သန့်ရှင်းရာဌာနတော်ထဲသို့ဝင်ရမည်'' ဟု မိန့်တော်မူ၏။ Garrad Bible သန့် ရှင်း ရာ ဌာ န တွင်း သို့ အာ ရုန် ဝင် ရောက် ရ သော နည်း ဟူ မူ ကား၊ အ ပြစ် ဖြေ ရာ သက္ကာ အ ဖြစ် နွား ပေါက် တစ် ကောင် မီး ရှို့ ရာ သ က္ကာ အ ဖြစ် သိုး ထီး တစ် ကောင် ကို ရ ရှိ သော်၊ Judson Bible အာရုန်သည် သန့်ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ဝင်ရမည်နည်းဟူမူကား၊ အပြစ်ဖြေရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ သိုးထီးတစ်ကောင်ပါရမည်။ |
သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။
သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။
အာရုန်သည် မိမိအတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးကို ပူဇော်ရမည်။ မိမိနှင့်မိမိအိမ်သူအိမ်သားအတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။
ဘိသိက်ခံယဇ်ပုရောဟိတ်သည် အပြစ်ပြုသဖြင့် လူတို့အပေါ် အပြစ်သက်ရောက်စေလျှင်လည်းကောင်း သူကျူးလွန်သောအပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသည့် နွားထီးပျိုတစ်ကောင်ကို ထာဝရဘုရားအား ပူဇော်ရမည်။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်ကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီး၏ခေါင်းပေါ်၌ တင်ကြ၏။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မီးရှို့ရာယဇ်ဖြစ်သောသိုးထီးကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို သိုးထီး၏ခေါင်းပေါ်၌ တင်ကြ၏။
အာရုန်အား “အပြစ်ဖြေရာယဇ်အတွက် နွားအုပ်ထဲမှနွားသငယ်တစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို သင့်အဖို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။
အစ္စရေးအမျိုးသားတို့ကိုလည်း ‘အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးတစ်ကောင်၊ မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ် နွားသငယ်တစ်ကောင်နှင့်သိုးသငယ်တစ်ကောင်၊
ဆိတ်နှင့်နွားသငယ်တို့၏သွေးအားဖြင့်မဟုတ်ဘဲ မိမိ၏သွေးတော်အားဖြင့် သန့်ရှင်းရာဌာနထဲသို့ တစ်ကြိမ်တည်းနှင့်အပြီးဝင်တော်မူ၍ ထာဝရရွေးနုတ်ကယ်တင်ခြင်းအကျိုးကို သက်ရောက်စေတော်မူ၏။
ဒုတိယအခန်းထဲသို့မူကား ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ တစ်နှစ်တစ်ကြိမ်ဝင်လေ၏။ ထိုသို့ဝင်သောအခါ မိမိအတွက်လည်းကောင်း၊ လူတို့မသိနားမလည်၍ကျူးလွန်မိသောအပြစ်များအတွက်လည်းကောင်း ပူဇော်သည့်သွေးမပါဘဲဝင်ခြင်းမရှိ။