ဝတ်ပြု 16:4 - မြန်မာ့စံမီသမ္မာကျမ်း4 သူသည် ကိုယ်ပေါ်၌ သန့်ရှင်းသောပိတ်ချောအတွင်းသင်တိုင်းနှင့် ပိတ်ချောဘောင်းဘီကိုဝတ်ရမည်။ ပိတ်ချောခါးစည်းကိုစည်း၍ ပိတ်ချောခေါင်းပေါင်းကို ဆောင်းရမည်။ ဤအဝတ်တန်ဆာတို့သည် သန့်ရှင်းသည်ဖြစ်၍ ရေချိုးပြီးမှ ဝတ်ဆင်ရမည်။ Ver CapítuloCommon Language Bible4 ထိုနောက်ထာဝရဘုရားသည် အောက်ပါညွှန် ကြားချက်များကိုပေးတော်မူ၏။ အာရုန်သည် အလွန်သန့်ရှင်းရာဌာနတော်ထဲသို့မဝင်မီ ရေချိုး၍ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သောပိတ်ချောဝတ်ရုံ၊ ဘောင်းဘီ၊ ခါးစည်း နှင့်ဗောင်းထုပ်များကိုဝတ်ဆင်ရမည်။ Ver CapítuloGarrad Bible4 သန့် ရှင်း သော လက် ကျပ် ပိတ် ဝတ် လုံ ဝတ် ခြင်း၊ ပိတ် ပေါင်း ဘီ ဆင် ခြင်း၊ ပိတ် ခါး ပန်း စည်း ခြင်း၊ ပိတ် ဗောင်း ဆောင်း ခြင်း များ ကို ပြု ရ မည်။ သန့် ရှင်း သော သင်္ကန်း စုံ ဖြစ် သည့် အ လျောက် မ ဝတ် မီ ရေ ချိုး စေ။ Ver CapítuloJudson Bible4 သန့်ရှင်းသောပိတ်ချောအင်္ကျီ၊ ပိတ်ချောဘောင်းဘီကိုဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗောင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကိုရေချိုးပြီးမှ ဝတ်ဆင်ရမည်။ Ver Capítulo |