“ယုဒဘုရင်မနာရှေမင်းကြီးသည် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုပြီ။ သူ့အလျင်ရှိခဲ့သောအာမောရိလူမျိုးတို့ထက် သာ၍မကောင်းမှုများကို ပြုပြီ။ သူလုပ်ခဲ့သောရုပ်တုများဖြင့် ယုဒလူမျိုးတို့ကို အပြစ်ပြုစေပြီ။
ယေဇကျေလ 5:6 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူသည် ဆိုးယုတ်သောအမှုကိုပြုလျက် လူမျိုးတကာတို့ထက် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို သာ၍ဖီဆန်ကြ၏။ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံများထက် ငါ့ပြဋ္ဌာန်းချက်တို့ကို သာ၍ဖီဆန်ကြ၏။ စင်စစ် သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်နာဘဲနေကြ၏’ဟု မိန့်တော်မူ၏။ Common Language Bible သို့ရာတွင်ထိုမြို့သူမြို့သားတို့သည်ငါ ၏အမိန့်များကိုလွန်ဆန်လျက် အခြား နိုင်ငံသားများထက်ပို၍ယုတ်မာကြပြီ။ သူတို့သည်ပတ်ဝန်းကျင်ရှိတိုင်းပြည်များ မှလူတို့ထက်ပင်ပို၍ ငါ၏ပညတ်တို့ကို ပယ်ကြလေပြီ။ ယေရုရှလင်မြို့သူမြို့သား တို့သည်ငါ၏အမိန့်များကိုပစ်ပယ်လျက် ငါ၏ပညတ်တော်များကိုလည်းမစောင့် ထိန်းကြ။- Garrad Bible ထုံး ဖွဲ့ ချက် များ အ တိုင်း မ လိုက် မ လျှောက် ဘဲ နေ သ ဖြင့်၊ ထို လူ မျိုး ခြား တို့ ထက် ဆုံး ဖြတ် ချက် များ ကို လည်း ကောင်း၊ ပတ် ဝန်း ကျင် ရှိ အ ပြည် ပြည် ထက် ထုံး ဖွဲ့ ချက် များ ကို လည်း ကောင်း ဖီ ဆန် လျက် ဆိုး သွမ်း၏။ Judson Bible ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည် သာ၍ မတရားသဖြင့် လွန်ကျူးကြပြီ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ။ |
“ယုဒဘုရင်မနာရှေမင်းကြီးသည် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုပြီ။ သူ့အလျင်ရှိခဲ့သောအာမောရိလူမျိုးတို့ထက် သာ၍မကောင်းမှုများကို ပြုပြီ။ သူလုပ်ခဲ့သောရုပ်တုများဖြင့် ယုဒလူမျိုးတို့ကို အပြစ်ပြုစေပြီ။
သို့သော်လည်း သူတို့မနာခံကြ။ မနာရှေမင်းကြီးသည် သူတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် အစ္စရေးလူမျိုးတို့ကို မကောင်းမှုပြုစေခဲ့၏။
အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ဘိုးဘေးများသည် ကိုယ်တော်၏ပညတ်တရားကိုမလိုက်နာကြ။ သူတို့သည် ကိုယ်တော်၏ပညတ်တော်များ၊ သူတို့အားကိုယ်တော်ပေးတော်မူသောသက်သေများကိုလည်း အလေးမထားကြ။
သူတို့သည် ကိုယ့်နိုင်ငံနှင့်ကိုယ်နေရပြီး ကိုယ်တော်ပေးသနားတော်မူသော ကောင်းမြတ်ခြင်းအလုံးစုံခံစားရလျက်၊ ကျယ်ဝန်း၍မြေဩဇာကောင်းသောပြည်ကို သူတို့အား ပေးသနားတော်မူလျက်နှင့်ပင် ကိုယ်တော်ကိုဝတ်မပြုကြ၊ သူတို့ပြုသောမကောင်းမှုကိုမစွန့်ကြ။
သူတို့သည် ဘုရားသခင်၏ပဋိညာဉ်တော်ကို မစောင့်ထိန်းကြ။ တရားတော်အတိုင်းလျှောက်လှမ်းရန်လည်း ငြင်းဆန်ကြ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “သင်တို့သည် ငါ၏ပညတ်တော်နှင့် ဥပဒေသများကို မည်သည့်အချိန်ထိ မစောင့်ထိန်းဘဲ နေကြမည်နည်း။
သူတို့သည် ငါ့စကားကို နားမထောင်သော ရှေးဘိုးဘေးတို့၏ဒုစရိုက်ကို ပြန်ပြုကြပြီ။ အခြားဘုရားများနောက်သို့လိုက်၍ ထိုဘုရားတို့ကို ဝတ်ပြုကြပြီ။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် သူတို့၏ဘိုးဘေးများနှင့် ငါပြုသောပဋိညာဉ်ကို ချိုးဖောက်ကြပြီ”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
ဤဂျေရုဆလင်မြို့သူမြို့သားတို့သည် အဘယ်ကြောင့် ထွက်သွား၍ ဖောက်ပြန်မြဲဖောက်ပြန်ကြသနည်း။ သူတို့သည် လှည့်စားမှုကိုဆုပ်ကိုင်ထားကြ၏။ ပြန်လှည့်လာရန် ငြင်းဆန်ကြ၏။
သင်သည် လိမ်လည်လှည့်ဖြားမှုအလယ်၌ နေထိုင်၏။ သူတို့သည် လိမ်လည်လှည့်ဖြားကြ၏။ ငါ့ကို အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြရလိမ့်မည်။ သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုမလိုက်နာ၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းမလိုက်လျှောက်ဘဲ သင်တို့ဝန်းကျင်ရှိ လူမျိုးခြားတို့၏စီရင်ထုံးဖွဲ့ချက်များအတိုင်း လိုက်လျှောက်ကြပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ရှမာရိ၏အပြစ်သည် သင်ပြုသောအပြစ်၏တစ်ဝက်မျှလောက်ပင်မရှိ။ သင်သည် သူတို့ထက် စက်ဆုပ်ရွံရှာဖွယ်အပြစ်များစွာကို ပြုလေပြီ။ သင်ပြုသောစက်ဆုပ်ရွံရှာဖွယ်များလွန်းသဖြင့် သင့်အစ်မသည် ဖြောင့်မတ်သည်ဟုပင် ထင်ရလေပြီ။
တန်ခိုးကြီးသောလက်တော်ဖြင့် လူမျိုးတော်ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းဖြင့် နာမတော်ကို ထင်ရှားစေခဲ့သောအကျွန်ုပ်တို့၏အရှင် ဘုရားသခင်၊ အကျွန်ုပ်တို့သည် ယနေ့တိုင် အပြစ်ပြုလျက်၊ ဆိုးယုတ်လျက်သာ ရှိပါ၏။
အကျွန်ုပ်တို့ ပြစ်မှားမိကြပါပြီ။ ဒုစရိုက်ကို ပြုမိကြပါပြီ။ အကျွန်ုပ်တို့သည် ဆိုးယုတ်၍ ကိုယ်တော့်ကို ပုန်ကန်မိကြပါပြီ။ ကိုယ်တော်၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များမှ လမ်းလွဲမိကြပါပြီ။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ဘိုးဘေးများမှစ၍ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုပြစ်မှားမိကြသောကြောင့် အရှက်ကွဲ၍ မျက်နှာပျက်ကြရပါပြီ။
သို့သော် သူတို့သည် ဂရုမစိုက်။ ခေါင်းမာမာနှင့် ကျောခိုင်းကြ၏။ မကြားနိုင်အောင် နားပိတ်ထားကြ၏။
သင်တို့ထဲ၌ မိမိဖခင်၏မယားနှင့် ပေါင်းသင်းနေထိုင်သည့် တရားနှင့်မညီမေထုန်ပြုခြင်းမျိုးရှိနေကြောင်း သတင်းပျံ့နှံ့လျက်ရှိ၏။ ထိုကဲ့သို့သော တရားနှင့်မညီမေထုန်ပြုခြင်းမျိုးသည် လူမျိုးခြားများထဲ၌ပင်မရှိ။
အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲစေ၍ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသော ငါတို့၏သခင်ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည့် ဘုရားတရားမဲ့သောသူအချို့တို့သည် တိတ်တခိုးဝင်ရောက်လာကြ၏။ သူတို့သည် ဤပြစ်ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ရှေးယခင်ကပင် ရေးထားလေပြီ။