ထွက်မြောက် 16:28 - မြန်မာ့စံမီသမ္မာကျမ်း28 ထိုအခါ ထာဝရဘုရားက မောရှေအား “သင်တို့သည် ငါ၏ပညတ်တော်နှင့် ဥပဒေသများကို မည်သည့်အချိန်ထိ မစောင့်ထိန်းဘဲ နေကြမည်နည်း။ Ver CapítuloCommon Language Bible28 ထိုအခါထာဝရဘုရားကမောရှေအား``သင် တို့သည် ငါ၏ပညတ်များကိုမည်မျှလောက် ကြာအောင်မလိုက်နာဘဲနေကြမည်နည်း။- Ver CapítuloGarrad Bible28 ထာ ဝ ရ ဘု ရား က လည်း၊ ငါ့ မိန့် မှာ ချက်၊ ဥ ပ ဒေ ချက် များ ကို မည် မျှ ကြာ မ စောင့် ရှောက် ဘဲ ငြင်း ဆို ကြ အံ့ နည်း။ Ver CapítuloJudson Bible28 ထာဝရဘုရားကလည်း၊ သင်တို့သည်ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြလိမ့်မည်နည်း။ Ver Capítulo |
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။
သို့သော် သူသည် ဆိုးယုတ်သောအမှုကိုပြုလျက် လူမျိုးတကာတို့ထက် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို သာ၍ဖီဆန်ကြ၏။ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံများထက် ငါ့ပြဋ္ဌာန်းချက်တို့ကို သာ၍ဖီဆန်ကြ၏။ စင်စစ် သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်နာဘဲနေကြ၏’ဟု မိန့်တော်မူ၏။