ယောဘဝတ္တု။ 28:19 - မြန်မာ့စံမီသမ္မာကျမ်း အီသီယိုးပီးယားပြည်ထွက် ဥဿဖရားလည်း ယှဉ်၍မရနိုင်။ ရွှေစင်ဖြင့်လည်း တန်ဖိုးဖြတ်၍ မရနိုင်။ Common Language Bible ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသော ရွှေနှင့်ဝယ်၍ မရနိုင်။ Garrad Bible ကု ရှ ပြည် ဥဿ ဘ ယား မ ညီ မျှ ဘဲ၊ လှော် ပြီး ရွှေ နှင့် လည်း မ စက် နိုင် ချေ။ Judson Bible ကုရှဥဿဖရားသည် မမီနိုင်။ အမြတ်ဆုံးသောရွှေနှင့် ဝယ်၍ မရနိုင်။ |
ရင်ခံပြားပေါ်၌ ကျောက်ကို လေးတန်းစီ၍ တပ်ရမည်။ ပထမအတန်းကား ပတ္တမြား၊ ဥဿဖရား၊ ဂေါ်မုတ်နီ ဖြစ်ရမည်။
ရင်ခံပြားပေါ်၌ ကျောက်ကို လေးတန်းစီ၍ တပ်ထား၏။ ပထမအတန်းကား ပတ္တမြား၊ ဥဿဖရား၊ ဂေါ်မုတ်နီ ဖြစ်၏။
ရွှေရှိ၏။ ပတ္တမြားလည်းများစွာရှိ၏။ သို့သော် အသိပညာရှိသောနှုတ်ခမ်းသည် အဖိုးတန်သောရတနာဖြစ်၏။
ငါ၏အသီးအပွင့်သည် ရွှေထက်မက ရွှေစင်ထက်ပင် ပို၍ကောင်း၏။ ငါ့အားဖြင့်ရသောအမြတ်အစွန်းသည်လည်း ငွေစင်ထက် ပို၍ကောင်း၏။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
ပဉ္စမမှာ ကြောင်၊ ဆဋ္ဌမမှာ ပတ္တမြား၊ သတ္တမမှာ သလင်းဝါ၊ အဋ္ဌမမှာ မျက်ရွဲ၊ နဝမမှာ ဥဿဖရား၊ ဒသမမှာ မဟူရာစိမ်း၊ ဧကဒသမမှာ နီလာသွေး၊ ဒွါဒသမမှာ နီလာခရမ်းဖြစ်၏။