ယေဇကျေလ 28:13 - မြန်မာ့စံမီသမ္မာကျမ်း
13 ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
Ver Capítulo Copiar
13 ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
Ver Capítulo Copiar
13 ဧ ဒင် ခေါ်၊ ဘု ရား သ ခင့် ဥ ယျာဉ် တော်၌ ရှိ နေ ရာ၊ သင့် ကို ဖန် ဆင်း ထား သော နေ့ ရက် တွင်၊ ပြင် ဆင် တော် မူ နှင့် သည့် အ လျောက်၊ ကျောက် အိမ်၊ ကျောက် အိုး ဖြစ် သော ရွှေ ထည်၌ စီ သော၊ ပ တ္တ မြား၊ ဥဿ ဖ ယား၊ ကြောင်၊ မျက် ရွဲ၊ မ ဟူ ရာ၊ န ဂါး သွဲ့၊ ကျောက် ပြာ၊ ဆီး၊ မြ၊ ကျောက် မျက် အ မျိုး မျိုး နှင့် ဆင် ယင် လျက်၊
Ver Capítulo Copiar
13 ဧဒင်အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသောကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်းလေ၏။ ရွှေဖြင့်လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဖွားသောနေ့၌ပင် သင့်အဖို့ ပြင်ဆင်လျက်ရှိကြ၏။
Ver Capítulo Copiar