La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယု​ဒ 1:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​အားလုံး​နှင့်ဆိုင်သော​ကယ်တင်​ခြင်း​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ပေးပို့​ရန် အလွန်​ကြိုးစား​လျက်​နေ​စဉ်​မှာ​ပင် သန့်ရှင်း​သူ​တို့​ထံ တစ်ကြိမ်တည်း​နှင့်အပြီး​ပေးအပ်​တော်မူ​သော​ယုံကြည်​ခြင်း​အတွက် ကြိုးစား​တိုက်ခိုက်​ကြ​မည့်​အကြောင်း သင်​တို့​အား စာ​ရေး​၍​တိုက်တွန်း​နှိုးဆော်​ရန် လိုအပ်​သည်​ဟု ငါ​တွေ့​ရ​၏။

Ver Capítulo

Common Language Bible

ချစ်​ဆွေ​တို့၊ ငါ​တို့​အား​လုံး​ယုံ​ကြည်​လက်​ခံ ကြ​သည့်​ကယ်​တင်​ခြင်း​အ​ကြောင်း​ကို ငါ​သည် သင်​တို့​ထံ​စာ​ရေး​ရန်​ကြိုး​စား​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​၏​လူ​စု​အား ဘု​ရား​သ​ခင် အ​ပြီး​အ​ပိုင်​ပေး​အပ်​တော်​မူ​သည့်​ယုံ​ကြည် ခြင်း​ကို​ကြံ့​ကြံ့​ခံ​ကာ​ကွယ်​ကြ​ရန် သင်​တို့ ထံ​ချက်​ချင်း​ပင်​စာ​ရေး​၍​အား​ပေး​တိုက် တွန်း​ရန်​လို​အပ်​လာ​၏။-

Ver Capítulo

Garrad Bible

ချစ် သူ တို့၊ ငါ တို့ ဆက် ဆံ ကြ သော ကယ် တင် တော် မူ ခြင်း အ ကြောင်း သင် တို့ ထံ ရေး လိုက် ရန် စေ တ နာ ရှိ သော် သီး သန့် ထား တော် မူ သူ တို့ အား အ ပြီး သတ် လွှဲ အပ် တော် မူ ခဲ့ သည့် ယုံ ကြည် ခြင်း တ ရား တော် အ ဖို့ လုံ့ လ ထုတ် ကြ အံ့ သော ငှာ နှိုး ဆော် စာ ငါ ရေး လိုက်၏။

Ver Capítulo

Judson Bible

ချစ်​သူ​တို့၊ အ​ညီ​အ​မျှ​ဆက်​ဆံ​သော ကယ်​တင်​ခြင်း​အ​ကြောင်း​အ​ရာ​ကို သင်​တို့​ထံ​သို့​ရေး၍ ပေး​လိုက်​ခြင်း​ငှာ ငါ​သည် အ​လွန်​ကြိုး​စား​သည်​တွင်၊ သန့်​ရှင်း​သူ​တို့၌ အ​ထက်​က​အပ်​ပေး​ခဲ့​ပြီး​သော ယုံ​ကြည်​ခြင်း တ​ရား​ဘက်​မှာ သင်​တို့​သည် ကြိုး​စား၍​တိုက်​လှန်​စေ​ခြင်း​ငှာ နှိုး​ဆော်​သွေး​ဆောင်၍ ရေး​လိုက်​ရ​သော​အ​ကြောင်း ရှိ၏။-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ချစ်ရသော​သူတို့… ကျွန်ုပ်တို့​အားလုံး လက်ခံ​ယုံကြည်သော​ကယ်တင်ခြင်း​အကြောင်း​ကို သင်တို့​ထံ ရေး​ရန် ကျွန်ုပ်​အလွန်​စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူ​အပေါင်းတို့​အား တစ်ကြိမ်တည်း​နှင့်​အပြီး ကိုယ်တော်​ပေးအပ်တော်မူသော​ယုံကြည်ခြင်း​တရား​အတွက် ခုခံ​တိုက်ခိုက်ကြလော့​ဟူ၍ သင်တို့​အား စာရေး​တိုက်တွန်း​ရန် လိုအပ်​လာ၏။

Ver Capítulo



ယု​ဒ 1:3
44 Referencias Cruzadas  

သို့ဖြစ်၍ ငါ​သည် သူ​တို့​ကို ဆူပူကြိမ်းမောင်း​ပြီး ကျိန်ဆဲ​၏​။ အချို့​ကို​ရိုက်နှက်ဆုံးမ​၏​။ ဆံပင်​ကို​ဆွဲနုတ်​၏​။ ဘုရားသခင်​ရှေ့​၌​ကျိန်ဆို​စေ​ပြီးလျှင် သူ​တို့​အား “​သင်​တို့​၏​သမီး​များ​ကို သူ​တို့​၏​သား​များ​နှင့်​မ​ပေးစား​ရ​၊ သင်​တို့​နှင့် သင်​တို့​၏​သား​များ​သည်​လည်း သူ​တို့​၏​သမီး​များ​ကို မ​ယူ​ရ​။


အစ္စရေး​လူမျိုး​သည် ထာဝရဘုရား​အားဖြင့် ထာဝရ​တည်​သော​ကယ်တင်​ခြင်း​ကို​ရရှိ​မည်​။ သင်​တို့​သည် ကာလ​အစဉ်အဆက် အရှက်ကွဲ​ရ​မည်​မ​ဟုတ်​။ အသရေပျက်​ရ​မည်​မ​ဟုတ်​။


မြေကြီး​စွန်း​ရှိသမျှ​တို့​၊ ငါ့​ထံသို့​ပြန်လှည့်​လာ​၍ ကယ်တင်​ခြင်း​ကို​ခံယူ​ကြ​လော့​။ အကြောင်းမူကား ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​။


“သူ​တို့​သည် မုသား​လေး​ကို မိမိ​တို့​လျှာ​ပေါ် တင်​ကြ​၏​။ တိုင်းပြည်​တွင် သစ္စာတရား​မ​လွှမ်းမိုး​နိုင်​။ သူ​တို့​သည် မကောင်းမှု​ကို​တစ်​ခု​ပြီး​တစ်​ခု​ပြု​ကြ​၏​။ ငါ့​ကို​ကား အသိအမှတ်​မ​ပြု​ကြ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ခရစ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ သေ​သော​သူ​တို့​ထဲမှ ထမြောက်​ရ​မည်​ဖြစ်​ကြောင်း ရှင်းလင်း​ဖော်ပြ​ပြီး သင်​တို့​အား ငါ​ဟောပြော​သော​ဤ​ယေရှု​ပင် ခရစ်တော်​ဖြစ်​သည်​ဟု​ဆို​လေ​၏။


အကြောင်းမူကား သူ​သည် ကျမ်းစာ​အားဖြင့် ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း ထောက်ပြ​လျက် လူ​အများ​ရှေ့တွင် ဂျူး​လူမျိုး​တို့​ကို ပိုင်နိုင်​စွာ​ချေပ​လေ​၏။


အကြောင်းမူကား ငါ​သည် တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​အကြံအစည်​တော်​ကို သင်​တို့​အား အကုန်အစင်​ဖော်ပြ​ခဲ့​ပြီ။


ထို့ကြောင့် ဘုရားသခင်​၏ ဤ​ကယ်တင်​ခြင်း​တရား​သည် လူမျိုးခြား​တို့​ထံ စေလွှတ်​ခြင်း​ခံရ​၍ သူ​တို့​သည် နားထောင်​ကြ​မည်​ဖြစ်ကြောင်း သင်​တို့​သိမှတ်​ကြ​လော့”​ဟူသော​စကား​တစ်​ခွန်း​ကို ပြော​လိုက်​လေ​၏။


ကယ်တင်​ခြင်း​သည် အခြား​မည်သူ​၌​မျှ​မ​ရှိ။ အကြောင်းမူကား ထို​နာမ​မှတစ်ပါး ငါ​တို့​အား​ကယ်တင်​မည့်​အခြား​သော​နာမ​ကို ကောင်းကင်​အောက် လူ​တို့​၌​ပေးအပ်​ထား​ခြင်း​မ​ရှိ”​ဟု သူ​တို့​အား​ဆို​လေ​၏။


ဤသို့ဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​သည်​ပျံ့နှံ့​သွား​၍ ဂျေရုဆလင်​မြို့​၌ တပည့်​တော်​တို့​၏​အရေအတွက်​သည် အလွန်​တိုးပွား​လာ​၏။ ယဇ်ပုရောဟိတ်​အစုအဝေး​ကြီး​သည်​လည်း ယုံကြည်​ခြင်း​တရား​ကို​နာခံ​လာ​ကြ​၏။


အာနနိ​က​လည်း “သခင်​ဘုရား၊ ထို​သူ​သည် ဂျေရုဆလင်​မြို့​၌ ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​အပေါ် မကောင်းမှု​များ မည်မျှလောက်​ပြု​ခဲ့​သည်​ကို လူ​များစွာ​တို့​ထံမှ အကျွန်ုပ်​ကြား​ရ​ပါ​သည်။


သို့သော် ရှောလု​သည် ခွန်အား​နှင့် ပို၍​ပြည့်စုံ​လာ​ပြီး ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း သက်သေ​ထူ​ကာ ဒမတ်စကပ်​မြို့​၌​နေထိုင်​ကြ​သော​ဂျူး​လူမျိုး​တို့​ကို အံ့ဩ​တွေဝေ​စေ​၏။


အကြောင်းမူကား ငါ​ကိုယ်တိုင်​ခံယူ​ရရှိ​သည့် အဓိက​အကျဆုံး​သော​အရာ​ကို သင်​တို့​အား ငါ​ပေးအပ်​ခဲ့​၏။ ၎င်း​မှာ ကျမ်းစာ​နှင့်အညီ ခရစ်တော်​သည် ငါ​တို့​၏​အပြစ်​များ​အတွက် အသေခံ​တော်မူ​ခဲ့​ကြောင်း၊


သို့သော် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​သည် သင်​တို့​တွင် ဆက်၍​တည်​နေ​မည့်​အကြောင်း ငါ​တို့​သည် သူ​တို့​ကို ခေတ္တ​ခဏ​မျှ​ပင် မ​လိုက်လျော​ခဲ့​ကြ​ပေ။


သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​သောကြောင့် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​ဟူ၍​မ​ရှိ။ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ယောက်ျား​နှင့်​မိန်းမ​ဟူ၍​လည်း​မ​ရှိ။


ငါ​သည် မည်မျှလောက်​ကြီး​သော​စာလုံး​ကို ငါ့​လက်​ဖြင့် သင်​တို့​ထံ ရေး​လိုက်​သည်​ကို ကြည့်​ကြ​လော့။


ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည် ခရစ်တော်​ယေရှု​၌​သစ္စာ​ရှိ​သည့် ဧဖက်​မြို့​တွင်​နေ​ကြ​သော​သန့်ရှင်း​သူ​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ထိုသို့ အပြစ်မဲ့​သော​သူ​အား​သတ်​သော​အပြစ်​ကို သင့်​ထဲ​မှ​ဖယ်ရှား​ခြင်း​ဖြင့် ထာဝရဘုရား​၏​ရှေ့မှောက်​၌ ဖြောင့်မှန်​စွာ​ပြုကျင့်​ရ​မည်​။


ဘုရားသခင်​၏​လက်ချောင်း​တော်​ဖြင့် အက္ခရာတင်​ထား​သော​ကျောက်ပြား​နှစ်​ချပ်​ကို ထာဝရဘုရား​သည် ငါ့​အား ပေးအပ်​တော်မူ​၏​။ စုဝေး​ရာ​နေ့​၌ သင်​တို့​အား တောင်​ပေါ်တွင် မီး​ထဲ​မှ ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​စကား​အလုံးစုံ​တို့​ကို ထို​ကျောက်ပြား​ပေါ်၌ အက္ခရာ​တင်ထား​၏​။


ယေရှု​ခရစ်တော်​၏​အစေအပါး​များ​ဖြစ်​ကြ​သော ငါ​ပေါလု​နှင့်​တိမောသေ​တို့​သည် ဖိလိပ္ပိ​မြို့​၌​နေ​ကြ​သော ကြီးကြပ်​သူ​များ၊ သင်းထောက်​များ​နှင့်တကွ ခရစ်တော်​ယေရှု​၌​ရှိ​သော သန့်ရှင်း​သူ​အပေါင်း​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ထိုက်တန်​စွာ ပြုမူ​နေထိုင်​ကြ​လော့။ ဤသည်ကား သင်​တို့​သည် ဝိညာဉ်​တစ်ပါးတည်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​လျက် တစ်စိတ်​တစ်သဘောတည်း​ဖြင့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် ယုံကြည်​ခြင်း​အတွက် အတူတကွ​ကြိုးစား​လုပ်ဆောင်​ကာ ဆန့်ကျင်​သူ​များ​ကြောင့် မည်သည့်​အရာ​၌​မျှ ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြောင်း​ကို ငါ​သည် သင်​တို့​နှင့်​လာ​၍​တွေ့ဆုံ​သည်​ဖြစ်စေ၊ ကွဲကွာ​နေ​သည်​ဖြစ်စေ၊ သင်​တို့​နှင့်​ပတ်သက်၍ ကြားသိ​နိုင်​ရန်​ဖြစ်​၏။


ကောလောသဲ​မြို့​တွင်​နေ​ကြ​သည့် သန့်ရှင်း​သူ​များ​တည်းဟူသော ခရစ်တော်​၌​ရှိ​သော​သစ္စာရှိ​သည့်​ညီအစ်ကို​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။


သင်​တို့​သိ​ကြ​သည့်​အတိုင်း ငါ​တို့​သည် ဦးစွာ ဖိလိပ္ပိ​မြို့​၌ ဒုက္ခ​ဝေဒနာ​ခံစား​ရ​လျက် နှိပ်စက်​ခြင်း​ကို​ခံရ​သော်လည်း ကြီးစွာ​သော​ဆန့်ကျင်​တိုက်ခိုက်​မှု​ထဲတွင် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို ငါ​တို့​၏​ဘုရားသခင်​အားဖြင့် သင်​တို့​အား ရဲရင့်​စွာ​ဟောပြော​ကြ​၏။


ငါ့​သား​တိမောသေ၊ သင်​နှင့်​ပတ်သက်၍ ယခင်​ပရောဖက်ပြု​ဟောပြော​ထား​သည့်​အရာ​များ​နှင့်အညီ ဤ​ညွှန်ကြားချက်​ကို သင့်​အား ငါ​ပေး​၏။ ဤသည်ကား သင်​သည် ယုံကြည်​ခြင်း​နှင့်​ကြည်လင်​သော​အသိစိတ်​တို့​ကို​စွဲကိုင်​လျက် ထို​ပရောဖက်ပြု​ဟောပြော​ထား​သည့်​အရာ​များ​အားဖြင့် ကောင်း​သော​တိုက်ပွဲ​ကို တိုက်ခိုက်​နိုင်​မည့်​အကြောင်း​တည်း။


ယုံကြည်​ခြင်း​နှင့်ဆိုင်သည့် ကောင်း​သော​တိုက်ပွဲ​ကို​တိုက်​၍ ထာဝရ​အသက်​ကို ရယူ​ပိုင်ဆိုင်​လော့။ သင်​သည် ထို​အသက်​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ကို​ခံရ​၍ များစွာ​သော​သက်သေ​တို့​ရှေ့​တွင် ကောင်း​သော​ဝန်ခံ​ချက်​ကို​ပေး​လေ​ပြီ။


သင်​သည် ခရစ်တော်​ယေရှု​အပေါ်​၌​ရှိ​သော ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ဖြင့် ငါ့​ထံမှ​ကြားနာ​ရ​သော မှန်ကန်​ပြည့်စုံ​သည့်​တရား​စကား​များ​ကို စံနမူနာ​အဖြစ်​စွဲကိုင်​ထား​လော့။


ငါ​သည် တူညီ​သော​ယုံကြည်​ခြင်း​အားဖြင့် စစ်မှန်​သော​ငါ့​သား​ဖြစ်​သည့်​တိတု​ထံသို့ ဤ​စာ​ကို ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​၏​ကယ်တင်ရှင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါစေသော။


ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ထံ အကျဉ်းချုံး​ရေးသား​လိုက်​ခြင်း​သာ​ဖြစ်၍ ဤ​တိုက်တွန်း​အားပေး​စကား​ကို​လက်ခံ​ကြ​ရန် သင်​တို့​အား ငါ​တောင်းပန်​၏။


ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​သည် ဤသို့​ပြောဆို​ကြ​သော်လည်း သင်​တို့​အတွက်​မူကား ကယ်တင်​ခြင်း​နှင့်​ယှဉ်တွဲ​သည့် ပို၍​ကောင်း​သော​အရာ​များ​ရှိ​သည်​ဟု ငါ​တို့​ယုံကြည်​စိတ်ချ​ကြ​၏။


ငါ​သည် သစ္စာရှိ​သော​ညီအစ်ကို​အဖြစ် ငါ​သတ်မှတ်​သော သိလွာနု​မှတစ်ဆင့် စာ​အနည်းငယ်​ရေး​လိုက်​ခြင်း​အားဖြင့် သင်​တို့​ကို​တိုက်တွန်း​နှိုးဆော်​ကာ ဤ​အရာ​သည် ဘုရားသခင်​၏​စစ်မှန်​သော​ကျေးဇူး​တော်​ဖြစ်​ကြောင်း သက်သေခံ​၏။ သင်​တို့​သည် ဤ​ကျေးဇူး​တော်​၌ ရပ်တည်​ကြ​လော့။


ယေရှု​ခရစ်တော်​၏​အစေအပါး​နှင့်​တမန်တော်​ဖြစ်​သော​ငါ​ရှိမုန်​ပေတရု​သည် ငါ​တို့​ဘုရားသခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် ငါ​တို့​နည်းတူ အဖိုးထိုက်​သည့်​ယုံကြည်​ခြင်း​ကို ခံယူ​ရရှိ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


အကြောင်းမူကား ဖြောင့်မတ်​ခြင်း​လမ်း​ကို​သိ​လျက်​နှင့် မိမိ​တို့​ထံ​ပေးအပ်​ထား​သည့် သန့်ရှင်း​သော​ပညတ်​တော်​ကို ကျောခိုင်း​သည်​ထက် ၎င်း​ကို​မ​သိ​ခဲ့​လျှင် သူ​တို့​အတွက် သာ၍​ကောင်း​၏။


ယေရှု​ခရစ်တော်​၏​အစေအပါး၊ ယာကုပ်​၏​ညီ ငါ​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​ကို​ခံစား​ရ​၍ ယေရှု​ခရစ်တော်​၏​စောင့်ရှောက်​မှု​အောက်​၌​ရှိ​သော ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​တမန်တော်​များ ကြိုတင်​ပြော​ထား​ခဲ့​သော​စကား​တို့​ကို သတိရ​ကြ​လော့။


ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူကား မိမိ​တို့​၏​အလွန်​သန့်ရှင်း​သော​ယုံကြည်​ခြင်း​အပေါ်၌ မိမိတို့ကိုယ်ကို​တည်ဆောက်​လျက် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ဆုတောင်း​ကြ​လော့။


ညီအစ်ကို​များ​သည် သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့်​လည်းကောင်း၊ မိမိ​တို့​သက်သေခံ​သော​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ သူ့​ကို​အောင်နိုင်​ခဲ့​ကြ​၏။ သူ​တို့​သည် အသေခံ​ရ​သည့်​တိုင်အောင် မိမိ​တို့​အသက်​ကို​နှမြော​ခြင်း​မ​ရှိ​ကြ။


သင်​ခံစား​ရ​တော့မည့် ဒုက္ခ​ဝေဒနာ​များ​ကို မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​မည့်​အကြောင်း မာရ်နတ်​သည် သင်​တို့​အထဲမှ အချို့​တို့​ကို ထောင်​ထဲ၌​ထည့်​ထား​တော့မည်။ သင်​တို့​သည် ဆယ်​ရက်​ပတ်လုံး ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ အသေခံ​ရ​သည့်​တိုင်အောင် သစ္စာ​စောင့်​လော့။ သို့ပြုလျှင် အသက်​သရဖူ​ကို သင့်​အား ငါ​ပေး​မည်။