Biblia Todo Logo
La Biblia Online
- Anuncios -




ဂ​လာ​တိ 2:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သို့သော် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​သည် သင်​တို့​တွင် ဆက်၍​တည်​နေ​မည့်​အကြောင်း ငါ​တို့​သည် သူ​တို့​ကို ခေတ္တ​ခဏ​မျှ​ပင် မ​လိုက်လျော​ခဲ့​ကြ​ပေ။

Ver Capítulo Copiar

Common Language Bible

5 သို့​ရာ​တွင်​သ​တင်း​ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား ကို သင်​တို့​အ​တွက်​ထိန်း​သိမ်း​ထား​နိုင်​ရန် ငါ တို့​သည်​သူ​တို့​အား​ခေတ္တ​ခ​ဏ​မျှ​ပင် အ​လျှော့​မ​ပေး​ခဲ့။

Ver Capítulo Copiar

Judson Bible

5 မှန်​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် သင်​တို့၌ တည်​နေ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ထို​သူ​တို့​စီ​ရင်​ခြင်း​ကို ခ​ဏ​မျှ ဝန်​မ​ခံ​ကြ။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 သို့သော် စစ်မှန်သော​သတင်းကောင်း​သည် သင်တို့​ထံ၌ ဆက်​၍ တည်​နိုင်ရန် ကျွန်ုပ်တို့​သည် သူတို့​ကို ခဏ​မျှပင် မလိုက်လျောခဲ့ကြပေ။ သို့သော် စစ်မှန်သော​သတင်းကောင်း​ကို သင်တို့​အတွက် ဆက်​၍​ထိန်းသိမ်း​နိုင်ရန် ကျွန်ုပ်တို့​သည် သူတို့​ကို ခဏ​မျှပင် မလိုက်လျောခဲ့ကြပေ။

Ver Capítulo Copiar




ဂ​လာ​တိ 2:5
11 Referencias Cruzadas  

သူ​တို့​သည် ငါ့​ထံသို့ ထို​သတင်း​ကို လေး​ကြိမ်​တိုင်တိုင် ပို့လာ​၏​။ ငါ​က​လည်း ယခင်​အတိုင်း​သာ ပြန်ပြော​၏​။


ထိုအခါ ပေါလု၊ ဗာနဗ​တို့​နှင့် ထို​သူ​တို့​ကြား​၌ ပြင်းထန်​သော​သဘောထား​ကွဲလွဲမှု​နှင့် အငြင်းပွား​မှု​များ ဖြစ်ပေါ်​ခဲ့​သဖြင့် ညီအစ်ကို​တို့​သည် ပေါလု၊ ဗာနဗ​နှင့် မိမိ​တို့​ထဲမှ လူ​အချို့​တို့​ကို ဤ​ပြဿနာ​အတွက် ဂျေရုဆလင်​မြို့​ရှိ တမန်တော်​များ​နှင့်​အသင်းတော်​အကြီးအကဲ​များ​ထံသို့​သွား​ကြ​ရန် ခန့်အပ်​ကြ​၏။


သင်​တို့​သည် ခရစ်တော်​၏​ကျေးဇူး​တော်​အားဖြင့် သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​ထံမှ ခြားနား​သည့်​ကောင်းမြတ်​သော​သတင်း​ဘက်​သို့ ဤမျှလောက်​အလျင်အမြန်​လှည့်​သွား​ကြ​သည်​ကို ငါ​အလွန်​အံ့ဩ​မိ​၏။


သို့သော် သူ​တို့​သည် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​နှင့်အညီ ဖြောင့်မတ်​စွာ​လျှောက်လှမ်း​ခြင်း​မ​ရှိ​သည်​ကို ငါ​မြင်​သောအခါ ထို​သူ​အပေါင်း​တို့​ရှေ့၌ ကေဖ​အား “ဂျူး​လူမျိုး​ဖြစ်​သော​သင်​သည် ဂျူး​လူမျိုး​ကဲ့သို့​မ​နေထိုင်​ဘဲ လူမျိုးခြား​ကဲ့သို့​နေထိုင်​သည်​ဆို​လျှင် လူမျိုးခြား​တို့​ကို ဂျူး​လူမျိုး​ကဲ့သို့​နေထိုင်​ရန် အဘယ်ကြောင့် အတင်းအကျပ်​စေခိုင်း​သနည်း”​ဟု ငါ​ဆို​၏။


ငါ​သည် သင်​တို့​အား သမ္မာတရား​ကို​ဟောပြော​သောကြောင့် သင်​တို့​၏​ရန်သူ​ဖြစ်​သွား​ပြီ​လော။


သင်​တို့​သည်​လည်း သင်​တို့​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​တည်းဟူသော သမ္မာတရား​၏​နှုတ်ကပတ်တော်​ကို ထို​သခင်​၌​ကြား​ရ​၍ ကိုယ်တော်​ကို​ယုံကြည်​သဖြင့် ကတိ​ထား​တော်မူ​သော သန့်ရှင်း​သော​ဝိညာဉ်​တော်​ဖြင့် တံဆိပ်​ခတ်နှိပ်​ခြင်း​ကို​ခံရ​ကြ​၏။


ထို​ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​သည် သင်​တို့​အတွက် ကောင်းကင်​ဘုံ​၌​သိုမှီး​ထား​သော မျှော်လင့်​ခြင်း​ကြောင့်​ဖြစ်ပေါ်​လာ​၍ ထို​မျှော်လင့်​ခြင်း​အကြောင်း​ကို သင်​တို့​ထံသို့​ရောက်လာ​သည့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော သမ္မာတရား​၏​နှုတ်ကပတ်တော်​၌ သင်​တို့​ကြား​ခဲ့​ရ​ကြ​ပြီ။


သင်​တို့​သည် ငါ​တို့​ထံမှ​ကြားနာ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​သောအခါ လူ​တို့​၏​စကား​အဖြစ်​မ​ဟုတ်​ဘဲ ၎င်း​၏​စစ်မှန်​သည့်​အဖြစ်​အတိုင်း တစ်နည်း​ဆိုသော် ယုံကြည်​သော​သင်​တို့​အထဲ​၌ သက်ဝင်​လှုပ်ရှား​နေ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​အဖြစ် လက်ခံ​ကြ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​ကို အမြဲမပြတ်​ကျေးဇူးတင်​ကြ​၏။


ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​အားလုံး​နှင့်ဆိုင်သော​ကယ်တင်​ခြင်း​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ပေးပို့​ရန် အလွန်​ကြိုးစား​လျက်​နေ​စဉ်​မှာ​ပင် သန့်ရှင်း​သူ​တို့​ထံ တစ်ကြိမ်တည်း​နှင့်အပြီး​ပေးအပ်​တော်မူ​သော​ယုံကြည်​ခြင်း​အတွက် ကြိုးစား​တိုက်ခိုက်​ကြ​မည့်​အကြောင်း သင်​တို့​အား စာ​ရေး​၍​တိုက်တွန်း​နှိုးဆော်​ရန် လိုအပ်​သည်​ဟု ငါ​တွေ့​ရ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos