ဗျာဒိတ် 2:10 - မြန်မာ့စံမီသမ္မာကျမ်း10 သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။ Ver CapítuloCommon Language Bible10 သင်ခံရမည့်ဆင်းရဲဒုက္ခများအတွက်မစိုး ရိမ်နှင့်။ စာတန်သည်သင်တို့အချို့ကိုထောင်ထဲ ၌အကျဉ်းချထားခြင်းအားဖြင့်စစ်ဆေးလိမ့် မည်။ သင်သည်ဆယ်ရက်တိုင်တိုင်ဒုက္ခခံရလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့မှသာ သင့်အားအသက်သရဖူကိုငါပေးမည်။ Ver CapítuloGarrad Bible10 သင် ခံ ရ မည့် ဒု က္ခ ကို မ ကြောက် နှင့်။ သင် တို့ သည် စုံ စမ်း ခံ ရ စေ ခြင်း ငှါ အ ချို့ ကို မာရ် နတ် ထောင် ချ သ ဖြင့် ဆယ် ရက် မျှ ဒုက္ခ ရောက် ကြ လိမ့် တ ကား။ အ သေ ခံ ရ သည့် တိုင် အောင် သ စ္စာ စောင့် လော့။ သို့ ပြု လျင် အ သက် သ ရ ဖူ ကို ငါ သ နား မည်။ Ver CapítuloJudson Bible10 သင်သည် ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။ Ver Capítulo |
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။