ဗျာဒိတ် 2:11 - မြန်မာ့စံမီသမ္မာကျမ်း11 ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအပေါ် ဒုတိယသေခြင်းနှင့်ဆိုင်သောဘေးအန္တရာယ်သည် မည်သည့်အခါမျှ သင့်ရောက်လိမ့်မည်မဟုတ်။ Ver CapítuloCommon Language Bible11 ``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိသူ တို့ကြားပါစေ။ ``အောင်မြင်သောသူသည်ဒုတိယသေ ခြင်းဘေးနှင့်ကင်းလွတ်လိမ့်မည်။ Ver CapítuloGarrad Bible11 အ သင်း တော် တို့ အား ဝိ ညာဉ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ။ အောင် မြင် သူ သည် ဒု တိ ယ သေ ခြင်း ဒဏ် ကို ခံ ရ မည် မ ဟုတ် ဟု မိန့် တော် မူ ကြောင်း တည်း။ Ver CapítuloJudson Bible11 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။ အောင်မြင်သောသူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ အောင်မြင်သောသူသည် ဒုတိယသေခြင်းဝေဒနာကို ခံစားရမည်မဟုတ်။ Ver Capítulo |
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။