ဗျာဒိတ် 2:12 - မြန်မာ့စံမီသမ္မာကျမ်း12 ပေရဂံမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်ရှိသောသူက ဤသို့မိန့်တော်မူ၏။ Ver CapítuloCommon Language Bible12 ``ပေရဂံမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ထက်မြက်သောသန်လျက် ဆောင်ထားသူ၏ထံမှဖြစ်၏။- Ver CapítuloGarrad Bible12 ပေ ရ ဂံ မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ ထက် သော သံ လျက် ရှိ သူ အ ရှင် က၊ Ver CapítuloJudson Bible12 ပေရဂံမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ ထက်သောသန်လျက်ရှိသော သူ၏ အမိန့်တော်ကား၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း12 ပေရဂံမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ ထက်သောသန်လျက်ကို ကိုင်ဆောင်ထားသူက ဤသို့မိန့်တော်မူ၏။ Ver Capítulo |
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။