La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဒေသနာကျမ်း။ 7:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ဖန် ပိုက်ကွန်​နှင့်​ထောင်ပိုက်​ကဲ့သို့သော​စိတ်နှလုံး​ရှိ​၍ လက်ထိတ်​ကဲ့သို့သော​လက်​ရှိ​သည့်​မိန်းမ​သည် သေ​ခြင်း​ထက် ပို၍​ခါး​သည်​ကို ငါ​တွေ့​ရ​၏​။ ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​သည် ထို​မိန်းမ​၏​လက်​မှ​လွတ်မြောက်​လိမ့်မည်​။ အပြစ်ပြု​သော​သူ​မူကား သူ​၏​ဖမ်းမိ​ခြင်း​ကို​ခံရ​လိမ့်မည်​။

Ver Capítulo

Common Language Bible

ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။

Ver Capítulo

Garrad Bible

ညွှတ် ကွင်း နှင့် ပိုက် ကွန် သ ဖွယ် နှ လုံး၊ နှောင် ကြိုး သ ဖွယ် လက် ရှိ သော မိန်း မ သည်၊ သေ ခြင်း ထက် နစ် နာ ရန် အ ကြောင်း ဖြစ် သည် ကို​ငါ တွေ့ ၏။ ဘု ရား သ ခင် စိတ် တော် နှင့် တွေ့ သော သူ သည်၊ လွတ် မြောက် ခွင့် ရ သော် လည်း၊ အ ပြစ် သား ဖမ်း ချုပ် ခံ ရ သ တည်း။

Ver Capítulo

Judson Bible

ကျော့​ကွင်း​နှင့် ပိုက်​ကွန်​တို့​ကို ကြံ​စည်​ပြင်​ဆင်၍ ကြိုး​နှင့်​ချည်​နှောင်​တတ်​သော​မိန်း​မ​သည်၊ သေ​ခြင်း​ထက် သာ၍​ခါး​သည်​ကို ငါ​တွေ့​ပြီ။ ဘု​ရား​သ​ခင်​စိတ်​တွေ့​တော်​မူ​သော​သူ​သာ​လျှင်၊ ထို​မိန်း​မ​လက်​နှင့် လွတ်​လိမ့်​မည်။ အ​ပြစ်​ပြု​တတ်​သော​သူ​ကို​ကား၊ ဖမ်း​မိ​လိမ့်​မည်။

Ver Capítulo



ဒေသနာကျမ်း။ 7:26
15 Referencias Cruzadas  

ထို​ည​၌​လည်း သူ​တို့​သည် မိမိ​တို့​ဖခင်​ကို​စပျစ်ဝိုင်​တိုက်​ပြီးလျှင် သမီးအငယ်​သည်​ဝင်​၍ မိမိ​ဖခင်​နှင့်​အိပ်​လေ​၏​။ လောတ​သည် သမီး​အိပ်​ကြောင်း​ကို​လည်းကောင်း​၊ ထ​ကြောင်း​ကို​လည်းကောင်း မ​သိ​။


ဤ​အိမ်​၌ အကျွန်ုပ်​ထက်​ကြီးမြတ်​သော​သူ​မ​ရှိ​ပါ​။ သခင်မ​သည် အကျွန်ုပ်​သခင်​၏​မယား​ဖြစ်​သောကြောင့် အကျွန်ုပ်​၏​သခင်​သည် သခင်မ​မှတစ်ပါး မည်သည့်​အရာ​ကို​မျှ​အကျွန်ုပ်​အား မ​ဟန့်တား​ပါ​။ သို့ဖြစ်၍ အကျွန်ုပ်​သည် ဤမျှလောက်​ကြီးမား​သော​မကောင်းမှု​ကို​ပြု​၍ ဘုရားသခင်​ကို ပြစ်မှား​ရ​ပါ​မည်လော​”​ဟု ဆို​လေ​၏​။


ဖာရော​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း “​ဤ​သူ​သည် အကျွန်ုပ်​တို့​ကို မည်မျှ​ကြာ​အောင် စိတ်အနှောင့်အယှက်​ပေး​နေ​ဦး​မည်နည်း​။ သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ဝတ်ပြု​ရန် ယောက်ျားသား​များ​ကို​လွှတ်ပေး​လိုက်​ပါ​။ အီဂျစ်​ပြည်​ပျက်စီး​နေ​သည်​ကို အရှင်​မ​သိ​သလော​”​ဟု ဖာရော​မင်းကြီး​အား လျှောက်​ကြ​၏​။


အကျင့်​ဖောက်ပြား​သော​မိန်းမ​နှင့် စကား​တို့​ဖြင့်​မြှူဆွယ်​တတ်​သော ကိုယ်ကျင့်​တရား​ပျက်ပြား​သည့်​မိန်းမ​၏​လက်​မှ​လည်း သင့်​ကို​ကယ်နုတ်​လိမ့်မည်​။


အကျင့်​ဖောက်ပြား​သော​မိန်းမ​တို့​၏​နှုတ်​သည် နက်​သော​တွင်း​ဖြစ်​၏​။ ထာဝရဘုရား​၏​အမျက်​တော်​သင့်​သော​သူ​သည် ထို​တွင်း​ထဲသို့​ကျရောက်​လိမ့်မည်​။


အကြောင်းမူကား ပညတ်ချက်​သည် မီးခွက်​ဖြစ်​၍ သွန်သင်ချက်​သည် အလင်း​ဖြစ်​၏​။ ဆုံးမပဲ့ပြင်​ပေး​သော​ဆိုဆုံးမစကား​တို့​သည်​လည်း အသက်​လမ်း​ဖြစ်၍


မကောင်း​သော​မိန်းမ​၏​ဘေးရန်​မှ​လည်းကောင်း​၊ ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏​ချော့မြှူ​သော​စကား​မှ​လည်းကောင်း သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။


သို့ရာတွင် ထို​အရပ်​၌ သေသူ၏ဝိညာဉ်​များ​ရှိ​ကြ​သည်​ကို​လည်းကောင်း​၊ ထို​မိန်းမ​၏​ဧည့်သည်​များ​သည် မရဏာနိုင်ငံ​၏​နက်​ရာ​အရပ်​များ​၌ ရှိ​ကြ​သည်​ကို​လည်းကောင်း ထို​သူ​မ​သိ​ချေ​။


အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် မိမိ​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား ဉာဏ်ပညာ​၊ အသိပညာ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ကို ပေး​တော်မူ​၏​။ အပြစ်ပြု​သော​သူ​ကို​ကား ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား​ပေးအပ်​ရန်​အတွက် စုသိမ်း​၍​သိုမှီး​ထား​ရ​သည့်​အလုပ်​ကို ပေး​တော်မူ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


ဒေသနာဆရာ​ဆို​သည်​ကား ကြည့်ရှု​လော့​။ ငါ​၏​စိတ်ဝိညာဉ်​သည် အကြိမ်ကြိမ်​ရှာဖွေ​သော်လည်း မ​တွေ့​ခဲ့​သော​အကြောင်းအကျိုး​ကို​တွေ့ရှိ​နိုင်​ရန် တစ်ခု​အပေါ်​တစ်ခု​ပေါင်းစပ်​လိုက်​ရာ ဤ​အချက်​ကို ငါ​တွေ့ရှိ​ရ​၏​။