ကမ္ဘာဦး 39:9 - မြန်မာ့စံမီသမ္မာကျမ်း9 ဤအိမ်၌ အကျွန်ုပ်ထက်ကြီးမြတ်သောသူမရှိပါ။ သခင်မသည် အကျွန်ုပ်သခင်၏မယားဖြစ်သောကြောင့် အကျွန်ုပ်၏သခင်သည် သခင်မမှတစ်ပါး မည်သည့်အရာကိုမျှအကျွန်ုပ်အား မဟန့်တားပါ။ သို့ဖြစ်၍ အကျွန်ုပ်သည် ဤမျှလောက်ကြီးမားသောမကောင်းမှုကိုပြု၍ ဘုရားသခင်ကို ပြစ်မှားရပါမည်လော”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible9 ဤအိမ်တွင်သခင်၏သြဇာညောင်းရသကဲ့သို့ ကျွန်တော်၏သြဇာလည်းညောင်းရပါသည်။ သခင်သည်သခင်မမှလွဲလျှင်ကျွန်တော်၏ လက်သို့မအပ်သောအရာဟူ၍မရှိပါ။ သို့ ဖြစ်၍ကျွန်တော်သည်အဘယ်သို့လျှင် ဤမျှ ဆိုးယုတ်သောအမှုကိုပြု၍ဘုရားသခင် ကိုပြစ်မှားနိုင်ပါမည်နည်း'' ဟုပြောလေ၏။- Ver CapítuloGarrad Bible9 ဤ အိမ် တွင် လည်း ကျွန် တော့် ထက် ကြီး မြတ် သော သူ မ ရှိ ပါ။ သ ခင့် မ ယား ဖြစ် သော သ ခင် မ မှ တစ် ပါး၊ ကျွန် တော် အား မ နှင်း မ အပ် ဘဲ တစ် စုံ တစ် ရာ မ ရှိ ပါ လျက် ကြီး လေး သော ဤ ပြစ် မှု ကို ပြု၍ ဘု ရား သ ခင် ကို မည် သို့ ပြစ် မှား နိုင် ပါ အံ့ နည်း ဟု သ ခင့် မ ယား ကို ငြင်း ဆို ၏။ Ver CapítuloJudson Bible9 ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အားမမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။ Ver Capítulo |
ထို့နောက် အဘိမလက်မင်းကြီးသည် အာဗြဟံကိုဆင့်ခေါ်၍ “သင်သည် ငါတို့အား မည်သို့ပြုဘိသနည်း။ သင့်ကို ငါမည်သို့ပြစ်မှားမိသဖြင့် သင်သည် ငါ့အပေါ်၌လည်းကောင်း၊ ငါ့နိုင်ငံအပေါ်၌လည်းကောင်း ကြီးလေးသောအပြစ်ကို ကျရောက်စေသနည်း။ သင်သည် မပြုသင့်သောအမှုတို့ကို ငါ၌ပြုလေပြီတကား”ဟု သူ့အား မိန့်ဆို၏။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။