ဒေသနာကျမ်း။ 2:26 - မြန်မာ့စံမီသမ္မာကျမ်း26 အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ Ver CapítuloCommon Language Bible26 ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။ Ver CapítuloGarrad Bible26 စိတ် တော် နှင့် တွေ့ သော သူ အား၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ မှ စ၍ ရွှင် လန်း ခွင့် ကို၊ ဘု ရား သ ခင် ပေး သ နား တော် မူ၍၊ မှား ယွင်း တတ် သူ့ အား မူ ကား၊ စိတ် တော် နှင့် တွေ့ သူ ၏ လက် သို့ လွှဲ အပ် စေ ရန် သာ၊ ဆည်း ပူး ခြင်း စု ဆောင်း ခြင်း တာ ဝန် ကို တင် တော် မူ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။ Ver CapítuloJudson Bible26 ရှေ့တော်၌ ကောင်းသောသူအား ဉာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကိုပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာအလုပ်လုပ်ရသောအခွင့်ကိုလည်းကောင်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသောသူအား ပေးစရာဖို့၊ ဆည်းပူးသိုထားရသောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။ Ver Capítulo |