Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 9:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သို့ရာတွင် ထို​အရပ်​၌ သေသူ၏ဝိညာဉ်​များ​ရှိ​ကြ​သည်​ကို​လည်းကောင်း​၊ ထို​မိန်းမ​၏​ဧည့်သည်​များ​သည် မရဏာနိုင်ငံ​၏​နက်​ရာ​အရပ်​များ​၌ ရှိ​ကြ​သည်​ကို​လည်းကောင်း ထို​သူ​မ​သိ​ချေ​။

Ver Capítulo Copiar

Common Language Bible

18 ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။

Ver Capítulo Copiar

Garrad Bible

18 ၎င်း အ ရပ် တွင် သေ လွန် သူ တို့ ရှိ ကြောင်း၊ မ ရ ဏာ့ ချောက် ထဲ တွင် ထို မိန်း မ ခေါ် ဖိတ် ခံ ရ သော သူ တို့ နေ ရ ကြ ကြောင်း များ ကို၊ ထို မ လိ မ္မာ သူ မ သိ ချေ။

Ver Capítulo Copiar

Judson Bible

18 ထို​အ​ရပ်၌ သင်္ချိုင်း​သား​ရှိ​ကြောင်း၊ ထို​မိန်း​မ၏​ဧည့်​သည်​တို့​သည် မ​ရ​ဏ​နိုင်​ငံ​အ​နက်​ဆုံး၌​နေ​ကြောင်း​ကို ထို​ယောက်ျား​သည် မ​သိ​မ​မှတ်။

Ver Capítulo Copiar




သုတ္တံကျမ်း။ 9:18
9 Referencias Cruzadas  

သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ​။ မည်သည့်​အရာ​ကို​မျှ​လည်း နား​မ​လည်​ဘဲ အမှောင်​ထဲ၌ သွားလာ​ကြ​၏​။ ကမ္ဘာမြေကြီး​၏​အခြေအမြစ်​အပေါင်း​တို့​သည် တုန်လှုပ်​ကြ​၏​။


အကြောင်းမူကား အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် မိမိ​၏​လမ်းလွဲဖောက်ပြန်မှု​ကြောင့် သေ​ကြ​ရ​၏​။ မိုက်မဲ​သော​သူ​တို့​သည်​လည်း မိမိကိုယ်မိမိ​အားရကျေနပ်မှု​ကြောင့် ပျက်စီး​ကြ​ရ​၏​။


ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသိပညာ​၏​အရင်းအမြစ်​ဖြစ်​၏​။ ဆိုးမိုက်​သော​သူ​တို့​သည် ဉာဏ်ပညာ​နှင့် ဆုံးမပဲ့ပြင်​ခြင်း​ကို မထီမဲ့မြင်ပြု​တတ်​ကြ​၏​။


သူ​၏​ခြေ​သည် သေ​ခြင်း​သို့​ဆင်းသွား​၍ သူ​၏​ခြေလှမ်း​တို့​သည် မရဏာနိုင်ငံ​သို့ ဦးတည်​လျက်​ရှိ​၏​။


အကြောင်းမူကား ပြည့်တန်ဆာ​မ​တစ်​ယောက်​ကို မုန့်​တစ်​လုံး​ဖြင့်​ရ​နိုင်​၏​။ လင်ရှိမယား​မူကား အဖိုးတန်​သော​အသက်​ကို လိုက်ဖမ်း​တတ်​၏​။


အကြောင်းမူကား သူ​သည် များစွာ​သော​သူ​တို့​ကို​ဒဏ်ရာ​ရ​စေ​၍ လဲကျ​စေ​ခဲ့​၏​။ သူ​၏​သတ်ဖြတ်​ခြင်း​ခံရ​သော​သူ​အားလုံး​သည် အင်အားကြီး​သော​သူ​များ​ဖြစ်​ကြ​၏​။


သူ​၏​အိမ်​သည် သေ​ခြင်း​၏​အတွင်းခန်း​များ​သို့ ဆင်းသွား​သည့် မရဏာနိုင်ငံ​သို့​သွား​ရာ​လမ်း​များ​ဖြစ်​၏​။


အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် ကောင်းကင်​သည် ရှေးယခင်​က​ပင်​တည်ရှိ​၍ မြေကြီး​သည်​လည်း ရေ​အားဖြင့် ရေ​ထဲမှ​ထင်ရှား​လာ​ပြီး


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos