ဧလာဇာသားမြေးနှင့် ဣသမာသားမြေးတို့သည် သန့်ရှင်းရာဌာန၏အကြီးအကဲများ၊ ဘုရားသခင်အမှုတော်ဆောင်အကြီးအကဲများဖြစ်သောကြောင့် သူတို့ကို မဲချ၍ ညီတူညီမျှခွဲခန့်ထား၏။
တမန်တော်ဝတ္ထု 1:26 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုသူနှစ်ဦးအတွက်မဲချကြရာ မဿိအပေါ်မဲကျသဖြင့် သူသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူ တမန်တော်စာရင်းဝင်လေ၏။ Common Language Bible ထိုနောက်မဲချကြရာမဿိရရှိသဖြင့် သူ့အားတမန်တော်တစ်ကျိပ်တစ်ပါးတို့ နှင့်အတူ တမန်တော်ဖြစ်စေရန်ရွေးကောက် ခန့်ထားကြ၏။ Garrad Bible မဲ ချ ကြ ရာ၊ မဿိ အ ပေါ် တွင် ကျ သ ဖြင့် တစ် ဆယ့် တစ် ပါး သော တ မန် တော် တို့ တွင် ပါ ဝင် သူ ဖြစ် သ တည်း။ Judson Bible စာရေးတံချကြသဖြင့် မဿိသည် စာရေးတံကိုရ၍၊ တစ်ကျိပ်တစ်ပါးသောတမန်တော်တို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မဲနှိုက်ဆုံးဖြတ်ကြရာ မဿိကို မဲကျသဖြင့် သူသည် တမန်တော်ဆယ့်တစ်ပါးနှင့်အတူ တမန်တော်စာရင်းဝင်လေ၏။ |
ဧလာဇာသားမြေးနှင့် ဣသမာသားမြေးတို့သည် သန့်ရှင်းရာဌာန၏အကြီးအကဲများ၊ ဘုရားသခင်အမှုတော်ဆောင်အကြီးအကဲများဖြစ်သောကြောင့် သူတို့ကို မဲချ၍ ညီတူညီမျှခွဲခန့်ထား၏။
ပညတ်တရားတွင် ရေးထားသည့်အတိုင်း နှစ်စဉ်သတ်မှတ်ထားသောအချိန်များ၌ ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သက္ကာကိုမီးရှို့ဖို့ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးနှင့် ပြည်သူပြည်သားတို့က ငါတို့ဘိုးဘေးတို့၏မိသားစုအလိုက် ဘုရားသခင်၏အိမ်တော်သို့ယူဆောင်လာရမည့်ထင်းကို ငါတို့မဲချဆုံးဖြတ်ကြ၏။
လူထုအကြီးအကဲတို့သည် ဂျေရုဆလင်မြို့၌ နေထိုင်ကြ၏။ ကျန်သောသူတို့မူကား မဲချဆုံးဖြတ်သည့်အတိုင်း လူဆယ်ယောက်တွင် တစ်ယောက်သည် သန့်ရှင်းရာအရပ်ဂျေရုဆလင်မြို့တွင် နေထိုင်ရမည်ဖြစ်ပြီး ကျန်ကိုးယောက်ကား အခြားသောမြို့ရွာများတွင် နေထိုင်ရမည်ဖြစ်သည်။
ဉာဏ်စွမ်းကိုပိုင်ဆိုင်သောသူအတွက် ထိုဉာဏ်စွမ်းသည် အသက်စမ်းရေတွင်းဖြစ်၏။ မိုက်မဲခြင်းမူကား ဆိုးမိုက်သောသူတို့ခံရသော အပြစ်ဒဏ်ဖြစ်၏။
မဲကို ပေါင်ခွင်၌ချတတ်ကြ၏။ သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
အာရုန်သည် ထိုဆိတ်သငယ်နှစ်ကောင်ကို မဲချရမည်။ မဲတစ်ခုသည် ထာဝရဘုရားအဖို့ဖြစ်၍ ကျန်မဲတစ်ခုသည် အဇာဇယ်အဖို့ဖြစ်၏။
ထို့နောက် သူတို့က “မည်သူ့ကြောင့် ငါတို့အပေါ် ဤဘေးဆိုးကျရောက်သည်ကိုသိရှိနိုင်ရန် လာကြ၊ မဲချကြစို့”ဟု အချင်းချင်းပြောဆိုပြီး မဲချကြရာ ယောန၌မဲကျလေ၏။
တမန်တော်တို့သည် ယေရှုထံ ပြန်လည်စုဝေးလာကြ၍ သူတို့ပြုခဲ့သမျှနှင့် သွန်သင်ခဲ့သမျှတို့ကို ကိုယ်တော်အားကြားလျှောက်ကြ၏။
ထိုအခါ သူတို့သည် ယုစတုအမည်ရှိသောဗာရှဗခေါ်ယောသပ်နှင့်မဿိတို့နှစ်ဦးကို အဆိုပြုလျက်
ထို့နောက် ခါနာန်ပြည်ရှိလူမျိုးခုနစ်မျိုးတို့ကို ဖျက်ဆီး၍ သူတို့၏တိုင်းပြည်ကို လူမျိုးတော်အား အမွေအဖြစ်ခွဲဝေပေးတော်မူ၏။
ထိုအခါ ပေတရုသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူမတ်တတ်ရပ်လျက် မိမိအသံကိုကျယ်စွာပြု၍ “ဂျူးအမျိုးသားများနှင့် ဂျေရုဆလင်မြို့၌ နေထိုင်ကြသောသူအပေါင်းတို့၊ ဤအရာကိုသင်တို့အား သိမှတ်စေလိုပါ၏။ ငါ့စကားကို သေချာစွာနားထောင်ကြလော့။
မောရှေအား ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးအမျိုးအနွယ် ကိုးနွယ်နှင့်တစ်ဝက်တို့အား အမွေမြေကို မဲချခွဲဝေပေး၏။
ယောရှုလည်း ရှိလောမြို့တွင် ထာဝရဘုရားရှေ့တော်၌ မဲချ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်စုအလိုက် အမွေမြေကို ခွဲဝေပေး၏။
မြို့ရိုးတွင် အုတ်မြစ်တစ်ဆယ့်နှစ်ခုရှိ၍ ၎င်းတို့ပေါ်၌ သိုးသငယ်တော်၏တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏အမည်တစ်ဆယ့်နှစ်ခုကိုရေးထား၏။