နေဟမိ 11:1 - မြန်မာ့စံမီသမ္မာကျမ်း1 လူထုအကြီးအကဲတို့သည် ဂျေရုဆလင်မြို့၌ နေထိုင်ကြ၏။ ကျန်သောသူတို့မူကား မဲချဆုံးဖြတ်သည့်အတိုင်း လူဆယ်ယောက်တွင် တစ်ယောက်သည် သန့်ရှင်းရာအရပ်ဂျေရုဆလင်မြို့တွင် နေထိုင်ရမည်ဖြစ်ပြီး ကျန်ကိုးယောက်ကား အခြားသောမြို့ရွာများတွင် နေထိုင်ရမည်ဖြစ်သည်။ Ver CapítuloCommon Language Bible1 ခေါင်းဆောင်များသည်ယေရုရှလင်မြို့တွင် နေထိုင်ကြ၏။ အခြားသူတို့မူကားဆယ် အိမ်ထောင်လျှင် တစ်အိမ်ထောင်ကျသန့်ရှင်း သောယေရုရှလင်မြို့တော်တွင်လည်းကောင်း၊ ကျန်သောသူတို့ကိုအခြားမြို့ရွာများ တွင်လည်းကောင်းနေထိုင်စေရန်မဲချ၍ ဆုံးဖြတ်ကြ၏။- Ver CapítuloGarrad Bible1 ထို ကာ လ၊ ဣ သ ရေ လ မှူး မတ် တို့ သည်၊ ယေ ရု ရှ လင် မြို့၌ နေ လျက်၊ ကြွင်း သူ တို့ ကား၊ ဆယ် အိမ် လျှင် တစ် အိမ် ကျ၊ သန့် ရှင်း သော ယေ ရု ရှ လင် မြို့ တွင် လည်း ကောင်း၊ ကျန် ကိုး အိမ် မူ၊ အ ခြား မြို့ ရွာ များ တွင် လည်း ကောင်း၊ နေ ထိုင် ကြ ရန် မဲ ချ ကြ ၏။ Ver CapítuloJudson Bible1 ထိုအခါ လူများတို့တွင် မင်းလုပ်သောသူတို့သည် ယေရုရှလင်မြို့၌ နေကြ၏။ ကြွင်းသောသူတို့သည် သန့်ရှင်းသောအရပ်၊ ယေရုရှလင်မြို့၌ တစ်ကျိပ်တွင်တစ်ယောက်၊ အခြားသောမြို့တို့၌ ကိုးယောက် နေရမည်အကြောင်း စာရေးတံပြုကြ၏။ Ver Capítulo |
ပညတ်တရားတွင် ရေးထားသည့်အတိုင်း နှစ်စဉ်သတ်မှတ်ထားသောအချိန်များ၌ ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သက္ကာကိုမီးရှို့ဖို့ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးနှင့် ပြည်သူပြည်သားတို့က ငါတို့ဘိုးဘေးတို့၏မိသားစုအလိုက် ဘုရားသခင်၏အိမ်တော်သို့ယူဆောင်လာရမည့်ထင်းကို ငါတို့မဲချဆုံးဖြတ်ကြ၏။