နေဟမိ 10:39 - မြန်မာ့စံမီသမ္မာကျမ်း39 အစ္စရေးလူမျိုးတို့နှင့် လေဝိအမျိုးတို့သည် အလှူပစ္စည်းများဖြစ်သည့် ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကို သိုလှောင်တိုက်သို့ ယူဆောင်လာရမည်။ ထိုနေရာတွင် သန့်ရှင်းရာဌာန၏တန်ဆာပလာများ ထားရှိ၍ အမှုတော်ထမ်းဆောင်သောယဇ်ပုရောဟိတ်များ၊ တံခါးစောင့်များ၊ သီချင်းသည်များ နေကြ၏။ ငါတို့ဘုရားသခင်၏အိမ်တော်ကို ငါတို့စွန့်ပစ်ထားမည်မဟုတ်ဟု ဝန်ခံကတိပြုကြ၏။ Ver CapítuloCommon Language Bible39 ဣသရေလအမျိုးသားများနှင့်လေဝိ အနွယ်ဝင်တို့သည်အသီးအနှံ၊ စပျစ်ရည် နှင့်သံလွင်ဆီအလှူကိုဗိမာန်တော်အသုံး အဆောင်များထားရှိသောတာဝန်ကျသည့် ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်အစောင့် တပ်သားများနှင့် ဗိမာန်တော်ဂီတပညာသည် များနေထိုင်သောအခန်းများသို့ယူဆောင် သွားပါမည်။ ငါတို့သည်ငါတို့ဘုရားသခင်၏အိမ် တော်ကိုစွန့်ပစ်၍ထားမည်မဟုတ်ပါ။ Ver CapítuloGarrad Bible39 ထို သို့ လေ ဝိ ဂိုဏ်း သား မှ စ သော ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ဆန် စ ပါး၊ စ ပျစ် ရည်၊ ဆီ၊ မြှောက် ဆက် ရာ အ လှူ များ ကို၊ ဗိ မာန် တော် အ သုံး အ ဆောင် သို ထား သော၊ အ မှု ဆောင် ပ ရော ဟိတ်၊ တံ ခါး စောင့်၊ သီ ဆို သူ တို့ ရှိ ရာ အ ခန်း သို့၊ ဆောင် သွင်း ကြ ရ မည်။ ငါ တို့ ဘု ရား သ ခင့် ဗိ မာန် တော် ကို ငါ တို့ မ စွန့် မ ခွာ ရ ချေ။ Ver CapítuloJudson Bible39 လေဝိသားအစရှိသော ဣသရေလအမျိုးသားတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီပူဇော်သကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ၊ အမှုစောင့်ယဇ်ပုရောဟိတ်၊ တံခါးစောင့်၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည်။ ငါတို့ ဘုရားသခင်၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍ မထားရကြ။ Ver Capítulo |