ဦးခေါင်းကား သက်ကြီးဝါကြီးနှင့်အသရေရှိသောသူတို့တည်း။ အမြီးကား မဟုတ်မမှန်သွန်သင်ပေးသောပရောဖက်တို့တည်း။
ဇေဖနိ 3:4 - မြန်မာ့စံမီသမ္မာကျမ်း ပရောဖက်တို့သည် တာဝန်မဲ့သောသစ္စာဖောက်များ ဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း ပညတ်တရားကို ချိုးဖောက်၍ သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေကြပြီ။ Common Language Bible ပရောဖက်တို့သည်တာဝန်မဲ့ပြုလုပ်တတ် သည့်သစ္စာဖောက်များဖြစ်ကြ၏။ ယဇ်ပုရော ဟိတ်တို့ကသန့်ရှင်းရာဌာနတော်ကိုညစ် ညမ်းစေ၍ ဘုရားသခင်၏ပညတ်တရား တော်ကိုမိမိတို့အကျိုးရှိရာရှိကြောင်း လှည့်ကွက်ဆင်၍အနက်အဋ္ဌိပ္ပါယ်ပြန်ဆို ကြ၏။- Garrad Bible ပ ရော ဖက် တို့ သည် ဝါ ကြွား၍၊ သ စ္စာ ဖျက် သော သူ များ၊ ပ ရော ဟိတ် တို့ သည် သီး သန့် ရာများ ကို မ သန့် ရာ ရောက် စေ လျက်၊ ပ ညတ် တ ရား တော် ကို ရက် စက် စွာ လွှဲ သော လူ များ ဖြစ် ကြ လေ စွ။ Judson Bible ပရောဖက်တို့သည် လျှပ်ပေါ်သောသူ၊ သစ္စာပျက်သောသူဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍ တရားတော်ကိုလည်း ရှုတ်ချကြ၏။ |
ဦးခေါင်းကား သက်ကြီးဝါကြီးနှင့်အသရေရှိသောသူတို့တည်း။ အမြီးကား မဟုတ်မမှန်သွန်သင်ပေးသောပရောဖက်တို့တည်း။
ထာဝရဘုရားက “ကြည့်ရှုလော့။ မဟုတ်မမှန်သောအိပ်မက်ကို ပရောဖက်ပြုဟောပြော၍ လိမ်လည်ကြွားဝါခြင်းဖြင့် ငါ၏လူမျိုးတော်အား လမ်းလွဲစေသော ပရောဖက်တို့ကို ငါစီရင်မည်။ သူတို့ကိုငါမစေလွှတ်၊ ငါမမိန့်မှာ။ သူတို့သည် ငါ့လူမျိုးတော်ကို ဘာမျှအကျိုးမပြုသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
နွားသငယ်ထက်ခြမ်းအလယ်၌ လျှောက်သွားသော ယုဒလူမျိုးအကြီးအကဲများနှင့်တကွ ဂျေရုဆလင်မြို့အကြီးအကဲများ၊ နန်းတွင်းအကြီးအကဲများ၊ ယဇ်ပုရောဟိတ်များနှင့် ပြည်သူပြည်သားအားလုံးတို့ကို
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
သို့ဖြစ်၍ သူတို့၏မယားများကို အခြားသူတို့အား ငါပေးမည်။ သူတို့၏လယ်ယာများကိုလည်း အခြားသူတို့ပိုင်ဆိုင်စေမည်။ အကြောင်းမူကား လူကြီးလူငယ်အားလုံး မတရားသောအကျိုးစီးပွားကို တပ်မက်ကြ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်အားလုံးသည်လည်း မဟုတ်မမှန်ပြုမူတတ်ကြ၏။
သင်၏ပရောဖက်တို့သည် သင့်အဖို့ မဟုတ်မမှန်သောအရာ၊ အကျိုးမရှိသောအရာတို့ကို နိမိတ်မြင်ကြပြီ။ သုံ့ပန်းဘဝမရောက်ရလေအောင် သူတို့သည် သင်၏အပြစ်ကိုမထောက်ပြဘဲ မဟုတ်မမှန်သောအရာ၊ လှည့်စားသောအရာတို့ကို ဗျာဒိတ်ရကြပြီ။
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။
ငါ၏လူမျိုးတော်တို့အား သန့်ရှင်းမြင့်မြတ်သောအရာနှင့် သာမန်အရာတို့ကို သွန်သင်ပြရမည်။ ညစ်ညူးသောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း ပိုင်းခြားပြရမည်။
စစ်ကြောရာနေ့ ရောက်လာပြီ။ ဒဏ်ပေးရာနေ့ ရောက်လာပြီ။ ဤအကြောင်းကို အစ္စရေးအား သိစေလော့။ သင်တို့သည် အပြစ်ကြီးပြီး မုန်းတီးစိတ်ပြင်းထန်လွန်းသောကြောင့် ပရောဖက်တို့လည်း ဆိုးမိုက်ရလေပြီ။ ဝိညာဉ်လူတို့လည်း ရူးသွပ်ရလေပြီ။
လူလေလူလွင့်တစ်ယောက်က ‘စပျစ်ဝိုင်အကြောင်း၊ သေရည်သေရက်အကြောင်း ငါပရောဖက်ပြုဟောပြောပေးမည်’ဟု လူတစ်ယောက်ယောက်အား လိမ်လည်လှည့်စားမည်ဆိုလျှင် သူသည် ထိုလူအတွက်သာ ပရောဖက်ဖြစ်လိမ့်မည်။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။
အကယ်စင်စစ် ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် အသိပညာကို ထိန်းသိမ်းထားရမည်။ သူသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စေတမန်ဖြစ်သောကြောင့် သူ၏နှုတ်မှ သွန်သင်ချက်ကို လူတို့ ရှာဖွေဆည်းပူးရမည်။
သို့သော် သင်တို့ လမ်းလွဲလေပြီ။ သင်တို့၏သွန်သင်ချက်များဖြင့် လူအများကို ခလုတ်တိုက်လဲကျစေပြီ။ လေဝိအမျိုးနှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို သင်တို့ ချိုးဖောက်လေပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ပရောဖက်အတုအယောင်များကို သတိထားကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံသို့လာသော်လည်း အတွင်း၌ကား အငမ်းမရဖြစ်သည့်ဝံပုလွေကဲ့သို့ဖြစ်ကြ၏။
အကြောင်းမူကား ထိုသူတို့သည် ခရစ်တော်၏တမန်တော်များအဖြစ် ယောင်ဆောင်နေကြသည့် တမန်တော်အတုအယောင်များ၊ လှည့်ဖြားတတ်သောလုပ်သားများဖြစ်ကြ၏။
ချစ်ရသောသူတို့၊ များစွာသောပရောဖက်အတုအယောင်တို့သည် ဤလောက၌ ပေါ်လာကြပြီဖြစ်သောကြောင့် ဝိညာဉ်တိုင်းကိုမယုံဘဲ ထိုဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်မစပ်ဆိုင်သည်ကို စစ်ဆေးကြလော့။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
သူတို့သည် ဗာလဗေရိတ်ဝတ်ကျောင်းထဲမှ ငွေခုနစ်ဆယ်ရှယ်ကယ်ကို အဘိမလက်အားပေးရာ သူက ထိုငွေဖြင့် လူဆိုးလူမိုက်တို့ကို ငှားရမ်း၍ သူ့နောက်လိုက်စေ၏။
ဧလိသည်လည်း အသက်အရွယ်အိုမင်းလာ၏။ သူ့သားတို့သည် အစ္စရေးတစ်မျိုးသားလုံးတို့အား ပြုသမျှကိုလည်းကောင်း၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝတွင် အစေခံသောအမျိုးသမီးတို့နှင့်အတူ အိပ်သည်ကိုလည်းကောင်း ကြားသိလေ၏။