ယေဇကျေလ 22:26 - မြန်မာ့စံမီသမ္မာကျမ်း26 ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။ Ver CapítuloCommon Language Bible26 ယဇ်ပုရောဟိတ်တို့သည်လည်းငါ၏တရား တော်ကိုချိုးဖောက်၍ မြင့်မြတ်သန့်ရှင်းသည့် အရာကိုမရိုမသေပြုကြ၏။ သူတို့သည် မြင့်မြတ်သန့်ရှင်းသည့်အရာနှင့် သာမန်အရာ ကိုခွဲခြားမှုမပြုကြ။ သူတို့သည်သန့်စင် သည့်အရာနှင့်မသန့်စင်သည့်အရာ ခြား နားပုံကိုလည်းသင်ကြား၍မပေးကြ။ ဥပုသ်နေ့ကိုလျစ်လူပြုကြ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်ငါ့အား မရိုသေကြ။- Ver CapítuloGarrad Bible26 ပ ရော ဟိတ် တို့ သည်၊ ငါ့ ပ ညတ် တ ရား ကို ရက် စက် စွာ လွှဲ လျက်၊ ငါ့ သီး သန့် ရာ များ ကို မ သန့် ရာ ရောက် စေ လျက်၊ သန့် ရာ မ သန့် ရာ ကို ပိုင်း ခြား ခြင်း၊ ရှင်း ရာ မ ရှင်း ရာ ကို သွန် သင် ခြင်း မ ပြု ဘဲ၊ ဥ ပုသ် နေ့ တော် ကို မျက် နှာ လွှဲ လျက်၊ ငါ့ ကို ရှုတ် ချ ကြ ၏။ Ver CapítuloJudson Bible26 ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကိုဖျက်၍၊ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲကြ၏။ သူတို့အလယ်၌ ငါသည် ရှုတ်ချခြင်းကိုခံရ၏။ Ver Capítulo |
သို့ဖြစ်၍ သင်တို့သည် စင်ကြယ်သောတိရစ္ဆာန်နှင့် မစင်ကြယ်သောတိရစ္ဆာန်၊ မစင်ကြယ်သောငှက်နှင့် စင်ကြယ်သောငှက်ကို ခွဲခြားထားရမည်။ သင်တို့အဖို့ မစင်ကြယ်သောအကောင်အဖြစ် ငါခွဲခြားထားသည့် တိရစ္ဆာန်အားဖြင့်ဖြစ်စေ၊ ငှက်အားဖြင့်ဖြစ်စေ၊ မြေပေါ်မှာတွားသွားသော အကောင်တစ်ကောင်ကောင်အားဖြင့်ဖြစ်စေ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။
ငါကိန်းဝပ်ရာအရပ်၌ ပူဇော်ရန် ငါမိန့်မှာထားသောယဇ်နှင့် ပူဇော်သက္ကာကို အဘယ်ကြောင့် မထီမဲ့မြင်ပြုကြသနည်း။ ငါ့လူမျိုးတော်အစ္စရေးတို့ပူဇော်သမျှတို့ထဲမှ အကောင်းဆုံးကိုယူ၍ သင်တို့ကိုယ်ကိုဝလင်စေခြင်းဖြင့် သင်သည် သင့်သားတို့ကို ငါ့ထက်ပို၍ အဘယ်ကြောင့်ဂုဏ်ပြုချီးမြှောက်သနည်း’ဟု မိန့်ဆို၏။