မာလခိ 2:7 - မြန်မာ့စံမီသမ္မာကျမ်း7 အကယ်စင်စစ် ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် အသိပညာကို ထိန်းသိမ်းထားရမည်။ သူသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စေတမန်ဖြစ်သောကြောင့် သူ၏နှုတ်မှ သွန်သင်ချက်ကို လူတို့ ရှာဖွေဆည်းပူးရမည်။ Ver CapítuloCommon Language Bible7 ဘုရားသခင်အကြောင်းတော်ကိုမှန်ကန် စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။ သူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။ Ver CapítuloJudson Bible7 ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် ပညာကိုစောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကိုရှာရကြမည်။ အကြောင်းမူကား၊ သူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ်၏။ Ver Capítulo |
ဟေဇကိမင်းကြီးသည်လည်း ထာဝရဘုရား၏အမှုတော်ကို ကောင်းမွန်ကျွမ်းကျင်စွာထမ်းဆောင်သော လေဝိအမျိုးသားအပေါင်းတို့အား အားပေးစကားပြောဆို၏။ ဤသို့ဖြင့် သူတို့သည် ပွဲတော်အစားအစာကို ခုနစ်ရက်ပတ်လုံး စားသောက်လျက်၊ မိတ်သဟာယယဇ်ကိုပူဇော်လျက် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြ၏။
ငါသည် ငါ့အစေအပါး၏စကားကို တည်စေ၏။ ငါ့စေတမန်တို့၏အကြံဉာဏ်ကို အထမြောက်စေ၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့သည် လူတို့နေထိုင်ရာအရပ်ဖြစ်လိမ့်မည်’ဟူ၍လည်းကောင်း၊ ယုဒမြို့တို့နှင့်ပတ်သက်၍ ‘ထိုမြို့တို့သည် တည်ဆောက်ခြင်းခံရမည်။ မြို့၏ပြိုပျက်ရာတို့ကို ငါပြန်လည်ထူထောင်မည်’ဟူ၍လည်းကောင်း ငါမိန့်ဆို၏။
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။