ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ကမ္ဘာဦး 22:9 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်မိန့်တော်မူသောအရပ်သို့ရောက်သောအခါ အာဗြဟံသည် ထိုအရပ်တွင် ယဇ်ပလ္လင်ကိုတည်၍ ထင်းများကိုစီပြီးလျှင် မိမိသားဣဇက်ကိုချည်နှောင်လျက် ယဇ်ပလ္လင်အပေါ်ရှိ ထင်းများပေါ်တွင် သူ့ကိုတင်လေ၏။ Common Language Bible ဘုရားသခင်ညွှန်ပြတော်မူသောအရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည်ယဇ်ပလ္လင် ကိုတည်၍ထင်းကိုပလ္လင်ပေါ်တွင်ပုံ၏။ ထိုနောက် သူ၏သားကိုတုတ်နှောင်ပြီးလျှင်ထင်းပုံပေါ် တွင်တင်ထား၏။- Garrad Bible ဘု ရား သ ခင် မိန့် တော် မူ သော အ ရပ် သို့ ရောက် ကြ သော အ ခါ အာ ဗြ ဟံ သည် ပ လ္လင် တော် ကို တည် ၍ ထင်း ကို ပုံ ပြီး လျှင် သား ဣဇာက် ကို ချည် နှောင် လျက် ပ လ္လင် တော် ထက် ထင်း ပေါ် တွင် တင် ထား ပြီး သော်၊ Judson Bible ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင်မိန့်တော်မူသောအရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သားဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာတင်ထား၏။ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ထို့နောက် သူသည် ထိုအရပ်မှ ဗေသလမြို့အရှေ့ဘက်ရှိ တောင်ပေါ်ဒေသသို့ရွှေ့ပြောင်း၍ တဲကိုဆောက်လေ၏။ ထိုအရပ်၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့ရှိ၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြု၏။
ထို့ကြောင့် အာဗြံသည် သူ၏တဲကိုရွှေ့၍ ဟေဗြုန်မြို့ရှိ မံရေဝက်သစ်ချပင်များအနီး၌ သွားရောက်နေထိုင်၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
အာဗြဟံကလည်း “ငါ့သား၊ ဘုရားသခင်ကိုယ်တော်တိုင် မီးရှို့ရာယဇ်အတွက် သိုးသငယ်ကိုအသင့်ပြင်ဆင်တော်မူလိမ့်မည်”ဟု ဆိုပြီးမှ သူတို့နှစ်ယောက်သည် အတူတူဆက်သွားကြ၏။
နောဧသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင် စင်ကြယ်သောတိရစ္ဆာန်အပေါင်းတို့နှင့် စင်ကြယ်သောငှက်အပေါင်းတို့ထဲကယူ၍ ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုပူဇော်ရာ
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့အား အလင်းကိုလည်း ပေးတော်မူ၏။ ပွဲတော်ပူဇော်သက္ကာကို ယဇ်ပလ္လင်၏ဦးချို၌ ကြိုးနှင့်ချည်ထားကြလော့။
ထို့နောက် ကိုယ်တော်ကိုချည်နှောင်လျက် ခေါ်ဆောင်သွားကာ ဘုရင်ခံပိလတ်မင်းထံ အပ်နှံကြ၏။
နံနက်စောစောအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများသည် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများမှစ၍ တရားလွှတ်တော်အဖွဲ့ဝင်အားလုံးနှင့်အတူ ချက်ချင်းတိုင်ပင်ဆွေးနွေးကြပြီးလျှင် ယေရှုကိုချည်နှောင်လျက်ခေါ်ဆောင်သွားကာ ပိလတ်မင်းထံအပ်နှံကြ၏။
ထိုသူဖတ်နေသည့်ကျမ်းပိုဒ်မှာ “သူသည် သတ်ရန်လျာထားသောသိုးကဲ့သို့ ခေါ်ဆောင်သွားခြင်းခံရ၍ သိုးသငယ်သည် အမွေးညှပ်သူရှေ့၌ တိတ်ဆိတ်စွာနေသကဲ့သို့ မိမိနှုတ်ကိုမဖွင့်ဘဲနေ၏။
ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
ခရစ်တော်သည်လည်း များစွာသောလူတို့၏အပြစ်များကိုဆောင်ယူသွားရန် မိမိကိုယ်ကိုတစ်ကြိမ်တည်းပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသောသူတို့အား ကယ်တင်ရန်အတွက် ပေါ်ထွန်းတော်မူလိမ့်မည်။
ငါတို့အဖအာဗြဟံသည် မိမိသားဣဇက်ကို ယဇ်ပလ္လင်ပေါ်၌ ပူဇော်သောအခါ လုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်လော။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။