Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 8:32 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ထို​သူ​ဖတ်​နေ​သည့်​ကျမ်း​ပိုဒ်​မှာ “သူ​သည် သတ်​ရန်​လျာထား​သော​သိုး​ကဲ့သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ သိုးသငယ်​သည် အမွေး​ညှပ်​သူ​ရှေ့၌ တိတ်ဆိတ်​စွာ​နေ​သကဲ့သို့ မိမိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။

Ver Capítulo Copiar

Common Language Bible

32 ထို​သူ​ဖတ်​လျက်​နေ​သည့်​ကျမ်း​ချက်​ကား၊ ``သတ်​ရန်​ဆွဲ​ယူ​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​လည်း​ဆောင်​ယူ​သွား​ကြ​၏။ အ​မွှေး​ညှပ်​သူ​တို့​၏​ရှေ့​တွင်​သိုး​သား​ငယ်​သည် နှုတ်​ကို​ပိတ်​ထား​သ​ကဲ့​သို့၊သူ​သည် မိ​မိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။

Ver Capítulo Copiar

Garrad Bible

32 ဖတ် နေ သော ကျမ်း ချက် မှာ သတ် ရန် ဆွဲ ငင် သော သိုး ကဲ့ သို့ သူ့ ကို ထုတ် သွား ကြ ရာ၊ အ မွေး ညှပ် သူ ရှေ့ ဆိတ် ဆိတ် နေ သော သိုး သား ငယ် ကဲ့ သို့ သူ သည် နှုတ် မ မြွတ် ဘဲ နေ၏။

Ver Capítulo Copiar

Judson Bible

32 ကျမ်း​စာ၌ ဖတ်​သော​အ​ချက်​ဟူ​မူ​ကား၊ အ​သေ​သတ်​ခြင်း​ငှာ ဆောင်​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​ဆောင်​သွား၍၊ သိုး​သ​ငယ်​သည် အ​မွေး​ညှပ်​သော​သူ​ရှေ့​မှာ မ​မြည်​ဘဲ နေ​သ​ကဲ့​သို့ သူ​သည်​နှုတ်​ကို​မ​ဖွင့်​ဘဲ နေ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ထို​သူ ဖတ်နေသော​ကျမ်းစာပိုဒ်​မှာ “သတ်​ရန် ခေါ်ယူသွားသည့် သိုး​ကဲ့သို့ သူ​သည် ခေါ်ဆောင်သွားခြင်း​ခံရ၏။ သိုးသငယ်​သည် သိုးမွေးညှပ်သူ​ရှေ့တွင် တိတ်ဆိတ်​စွာ နေ​သကဲ့သို့ သူ​သည် မိမိ​နှုတ်​ကို မဖွင့်ဘဲ​နေ၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 8:32
18 Referencias Cruzadas  

ငါ​သည် ကောင်း​သော​အရာ​ကို​ပင်​မပြော​ဘဲ တိတ်ဆိတ်​ငြိမ်သက်​စွာ​နေ​၏​။ ထိုအခါ ငါ​၏​ဝေဒနာ​သည် ပိုမို​ပြင်းထန်​လာ​၏​။


ကိုယ်တော်​သည် ဤသို့​ပြု​တော်မူ​သောကြောင့် အကျွန်ုပ်​သည် တိတ်ဆိတ်​စွာ​နေ​လျက် အကျွန်ုပ်​၏​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​ပါ​၏​။


ငါ​သည် သတ်​ရန်​ခေါ်ဆောင်​သွား​သည့် နူးညံ့​သော​သိုးသငယ်​ကဲ့သို့​ဖြစ်​၏​။ “​သူ​၏​အပင်​ကို အသီး​နှင့်တကွ ဖျက်ဆီး​ကြ​ကုန်​စို့​။ သူ​၏​အမည်​ကို နောက်ထပ်​အမှတ်​မ​ရ​စေရန် လူ့လောက​မှ သူ့​ကို​ဖယ်ရှား​ကြ​ကုန်​စို့​”​ဟု ဆို​လျက် ငါ့​ကို လျှို့ဝှက်ကြံစည်​နေ​ကြ​သည်​ကို ငါ​မ​သိ​ခဲ့​ပေ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို သိ​မြင်​တော်မူ​ပါ​၏​။ အကျွန်ုပ်​စိတ်နှလုံး​ထဲ၌ ကိုယ်တော်​ရှိ​သည်​၊ မ​ရှိ​သည်​ကို စစ်ဆေး​တော်မူ​ပါ​၏​။ သူ​တို့​ကို​မူကား အသတ်​ခံရ​မည့်​သိုး​ကဲ့သို့ ဆွဲထုတ်​တော်မူ​ပါ​။ သတ်ရာ​နေ့​အဖို့ သီးခြား​ထား​တော်မူ​ပါ​။


ထာဝရဘုရား​က “​သူ​တို့​ကို သိုးသငယ်​ကဲ့သို့​၊ သိုးထီး​ဆိတ်ထီး​ကဲ့သို့ ဆွဲထုတ်​၍ သတ်​မည်​။


မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊


မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊


ထိုအခါ ယေရှု​က“အို အဖ၊ သူ​တို့​သည် မိမိ​တို့​ပြု​နေ​သော​အမှု​ကို မ​သိ​ကြ​သည်​ဖြစ်၍ သူ​တို့​ကို​ခွင့်လွှတ်​တော်မူ​ပါ”​ဟု မြွက်ဆို​တော်မူ​၏။ သူ​တို့​သည် ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲဝေ​ကြ​၏။


နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။


ထို​မှူးမတ်​က​လည်း “အကျွန်ုပ်​အား ရှင်းပြ​ပေး​သူ​မ​ရှိ​လျှင် မည်သို့​နားလည်​နိုင်​ပါ​မည်နည်း”​ဟု ဆို​ပြီးလျှင် ဖိလိပ္ပု​အား ရထား​ပေါ်​တက်​၍ မိမိ​နှင့်အတူ​ထိုင်​ရန် ဖိတ်ခေါ်​လေ​၏။


“အကျွန်ုပ်​တို့​သည် ကိုယ်တော်​အတွက် တစ်နေ့လုံး​သေ​ခြင်း​နှင့်​ရင်ဆိုင်​နေ​ကြ​ရ​ပါ​၏။ အကျွန်ုပ်​တို့​သည် သတ်​ရန်​လျာထား​သော​သိုး​များ​ကဲ့သို့ မှတ်ယူ​ခြင်း​ခံရ​ကြ​ပါ​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။


အကြောင်းမူကား ငါ​ကိုယ်တိုင်​ခံယူ​ရရှိ​သည့် အဓိက​အကျဆုံး​သော​အရာ​ကို သင်​တို့​အား ငါ​ပေးအပ်​ခဲ့​၏။ ၎င်း​မှာ ကျမ်းစာ​နှင့်အညီ ခရစ်တော်​သည် ငါ​တို့​၏​အပြစ်​များ​အတွက် အသေခံ​တော်မူ​ခဲ့​ကြောင်း၊


အစွန်းအထင်း​ကင်း​လျက် အပြစ်​အနာအဆာ​မ​ရှိ​သည့် သိုးသငယ်​ကဲ့သို့သော ခရစ်တော်​၏​အဖိုးတန်​သော​သွေး​တော်​အားဖြင့်​ဖြစ်​ကြောင်း သင်တို့​သိ​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos