တမန်တော်ဝတ္ထု 8:31 - မြန်မာ့စံမီသမ္မာကျမ်း31 ထိုမှူးမတ်ကလည်း “အကျွန်ုပ်အား ရှင်းပြပေးသူမရှိလျှင် မည်သို့နားလည်နိုင်ပါမည်နည်း”ဟု ဆိုပြီးလျှင် ဖိလိပ္ပုအား ရထားပေါ်တက်၍ မိမိနှင့်အတူထိုင်ရန် ဖိတ်ခေါ်လေ၏။ Ver CapítuloCommon Language Bible31 ထိုသူက``အနက်ဖွင့်ပြမည့်သူမရှိဘဲ အဘယ် သို့လျှင်နားလည်နိုင်ပါမည်နည်း'' ဟုဆိုပြီး နောက်ဖိလိပ္ပုအားရထားပေါ်သို့တက်၍ မိမိ နှင့်အတူထိုင်ရန်ဖိတ်ခေါ်၏။- Ver CapítuloGarrad Bible31 ထို သူ က ညွှန် ပြ သူ မ ရှိ က မည် သို့ နား လည် နိုင် မည် နည်း ဟု ပြန် ဆို လျက် တက်၍ အ တူ ထိုင် ရန် တောင်း ပန် လေ ၏။ Ver CapítuloJudson Bible31 ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟုဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ ထိုင်နေပါမည်အကြောင်း တောင်းပန်၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း31 ထိုသူက “ဦးဆောင်ရှင်းပြမည့်သူမရှိလျှင် မည်ကဲ့သို့နားလည်နိုင်ပါမည်နည်း” ဟု ဖြေ၍ ဖိလိပ္ပုအား မြင်းရထားပေါ်သို့ တက်၍ မိမိနှင့်အတူ ထိုင်ရန် ဖိတ်ခေါ်လေ၏။ Ver Capítulo |