ကမ္ဘာဦး 12:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထို့နောက် သူသည် ထိုအရပ်မှ ဗေသလမြို့အရှေ့ဘက်ရှိ တောင်ပေါ်ဒေသသို့ရွှေ့ပြောင်း၍ တဲကိုဆောက်လေ၏။ ထိုအရပ်၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့ရှိ၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြု၏။ Ver CapítuloCommon Language Bible8 ထိုအရပ်မှသူသည်ဗေသလမြို့အရှေ့ဘက် တောင်ထူထပ်သောအရပ်သို့ပြောင်းရွှေ့၍ စခန်း ချလေသည်။ ထိုစခန်း၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့တည်ရှိ လေသည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင် ကိုတည်၍ထာဝရဘုရားကိုကိုးကွယ်လေ သည်။- Ver CapítuloGarrad Bible8 ဗေ သ လ မြို့ အ ရှေ့ ဘက် ရှိ တောင် သို့ ထွက် ပြန် သ ဖြင့် ဗေ သ လ မြို့ ကို အ နောက်၊ အာ ဣ မြို့ ကို အ ရှေ့ ထား လျက် တဲ စိုက် ပြီး လျှင် ထာ၀ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် ဆောက်၍ ထာ၀ ရ ဘု ရား၏ နာ မ တော် အား ဖြင့် ပ ဌ နာ ပြု လေ ၏။ Ver CapítuloJudson Bible8 ထိုအရပ်မှသွားပြန်၍၊ ဗေသလမြို့အရှေ့၌ရှိသောတောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။ Ver Capítulo |
ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။
ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။