ကမ္ဘာဦး 22:8 - မြန်မာ့စံမီသမ္မာကျမ်း8 အာဗြဟံကလည်း “ငါ့သား၊ ဘုရားသခင်ကိုယ်တော်တိုင် မီးရှို့ရာယဇ်အတွက် သိုးသငယ်ကိုအသင့်ပြင်ဆင်တော်မူလိမ့်မည်”ဟု ဆိုပြီးမှ သူတို့နှစ်ယောက်သည် အတူတူဆက်သွားကြ၏။ Ver CapítuloCommon Language Bible8 အာဗြဟံက``ဘုရားသခင်ကိုယ်တော်တိုင် ယဇ်ကောင်ကိုစီမံပေးပါလိမ့်မည်'' ဟုပြန် ဖြေလိုက်၏။ ထိုနောက်သူတို့နှစ်ဦးဆက်၍ လျှောက်သွားကြလေသည်။ Ver CapítuloGarrad Bible8 အာ ဗြ ဟံ က ငါ့ သား၊ ပူ ဇော် ရန် သိုး ငယ် ကို ဘု ရား သ ခင် စီ မံ တော် မူ လိမ့် မည် ဟု ဆို လျက် နှစ် ယောက် အ တူ သွား မြဲ သွား ကြ ၏။ Ver CapítuloJudson Bible8 အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဖို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဖို့ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။ Ver Capítulo |
တစ်ဖန် ဧလိယက ဧလိရှဲအား “ယခု ဤမြို့မှာ နေခဲ့ပါတော့။ ငါ့ကို ဂျော်ဒန်မြစ်သို့ ထာဝရဘုရား စေလွှတ်တော်မူ၏”ဟုဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့နှစ်ဦး ဆက်သွားကြ၏။
ထို့နောက် အသေသတ်ခြင်းခံခဲ့ရပုံပေါ်သော သိုးသငယ်တော်သည် ပလ္လင်တော်နှင့်သတ္တဝါလေးပါးတို့၏အကြား၊ သက်ကြီးဝါကြီးတို့၏အလယ်၌ ရပ်လျက်နေသည်ကို ငါမြင်ရ၏။ ထိုသိုးသငယ်တော်၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိ၏။ ထိုမျက်စိတို့သည် မြေကြီးတစ်ပြင်လုံးသို့စေလွှတ်ခြင်းခံရသော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်ကြ၏။