တမန်တော်ဝတ္ထု 26:5 - Garrad Bible5 သက် သေ ခံ လို လျှင် အ မျိုး ဘာ သာ တွင် အ ကြပ် တည်း ဆုံး သော ဂိုဏ်း နည်း အ လိုက် ဖာ ရိ ရှဲ အ ဖြစ် နေ ခဲ့ ကြောင်း သိ ရင်း ဖြစ် ကြ ပါ သည်။ အခန်းကိုကြည့်ပါ။Common Language Bible5 အကျွန်ုပ်ကိုသူတို့သိကြသည်မှာကြာ ပါပြီ။ အကျွန်ုပ်သည်ယုဒဘာသာတွင် အကျပ်တည်းဆုံးသောစည်းမျဉ်းများကို လိုက်နာကျင့်သုံးသည့်ဖာရိရှဲဂိုဏ်းဝင် တစ်ယောက်အနေဖြင့်နေထိုင်ပြုမူခဲ့ ကြောင်းကို ထိုသူတို့သက်သေခံလိုက ခံနိုင်ကြပါ၏။- အခန်းကိုကြည့်ပါ။Judson Bible5 အကျွန်ုပ်သည် ယုဒဘာသာ၌ အလွန်ကျပ်တည်းစွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှာ အလိုရှိလျှင် ရှေ့ဦးစွာကပင် သိကြပါ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သူတို့သည် အကျွန်ုပ်ကို ယခင်ကတည်းက သိထားကြသည်ဖြစ်၍ အကျွန်ုပ်သည် အကျွန်ုပ်တို့ဘာသာတွင် စည်းမျဉ်းအတင်းကျပ်ဆုံးသောဂိုဏ်းဖြစ်သည့် ဖာရိရှဲဂိုဏ်းဝင်တစ်ဦးအဖြစ် အသက်ရှင်ခဲ့ကြောင်း သူတို့သက်သေခံလိုလျှင် သက်သေခံနိုင်ပါသည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 အကျွန်ုပ်သည် အကျွန်ုပ်တို့၏ဘာသာတွင် စည်းကမ်းအတင်းကျပ်ဆုံးသောဂိုဏ်းဖြစ်သည့် ဖာရိရှဲဂိုဏ်းဝင်တစ်ဦးအဖြစ် နေထိုင်ခဲ့ကြောင်း ထိုသူတို့သိထားကြသည်မှာ ကြာပြီဖြစ်၏။ သူတို့သည် ဆန္ဒရှိလျှင် ထိုအကြောင်းကို သက်သေခံနိုင်ပါ၏။ အခန်းကိုကြည့်ပါ။ |
လွှတ် တော် အ ရာ ရှိ အ ချို့ မှာ ဇ ဒ္ဒု ကဲ ဂိုဏ်း သား၊ အ ချို့ မှာ ဖာ ရိ ရှဲ အ ဆက် ဂိုဏ်း သား ဖြစ် ကြောင်း ကို သိ မြင် သော်၊ အ ချင်း ညီ အစ် ကို တို့၊ ကျွန်ုပ် သည် ဖာ ရိ ရှဲ အ ဆက် အ နွယ်၊ ဖာ ရိ ရှဲ ဖြစ်၏။ ကျွန်ုပ် တို့ စောင့် မြော် ရာ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း အ ကြောင်း နှင့် စပ်၍ ကျွန်ုပ် စီ ရင် ခံ ရ သည် ဟု ဟစ် သော်၊
သို့ ရာ တွင် ကျွန် တော် သည် ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ၌ ရေး ထား သ မျှ ကို ယုံ ကြည် လျက် ဤ သူ တို့ စောင့် မြော် ကြ သည့် အ တိုင်း တ ရား သူ၊ မ တ ရား သူ တို့ ရှင် ပြန် ထ မြောက် ခြင်း ရှိ လိမ့် မည် ဟူ၍ ဘု ရား သ ခင် ကို အား ကိုး စောင့် မျှော် လျက် ပင် ဂိုဏ်း ခွဲ ဟု သူ တို့ ခေါ် ကြ သော မဂ် လမ်း တော် အ လိုက် မိ ရိုး ဖ လာ ဘု ရား သ ခင် အား ဝတ် ပြု ကြောင်း ဝန် ခံ ပါ သည်။