တမန်တော်ဝတ္ထု 26:5 - မြန်မာ့စံမီသမ္မာကျမ်း5 သူတို့သည် အကျွန်ုပ်ကို ယခင်ကတည်းက သိထားကြသည်ဖြစ်၍ အကျွန်ုပ်သည် အကျွန်ုပ်တို့ဘာသာတွင် စည်းမျဉ်းအတင်းကျပ်ဆုံးသောဂိုဏ်းဖြစ်သည့် ဖာရိရှဲဂိုဏ်းဝင်တစ်ဦးအဖြစ် အသက်ရှင်ခဲ့ကြောင်း သူတို့သက်သေခံလိုလျှင် သက်သေခံနိုင်ပါသည်။ အခန်းကိုကြည့်ပါ။Common Language Bible5 အကျွန်ုပ်ကိုသူတို့သိကြသည်မှာကြာ ပါပြီ။ အကျွန်ုပ်သည်ယုဒဘာသာတွင် အကျပ်တည်းဆုံးသောစည်းမျဉ်းများကို လိုက်နာကျင့်သုံးသည့်ဖာရိရှဲဂိုဏ်းဝင် တစ်ယောက်အနေဖြင့်နေထိုင်ပြုမူခဲ့ ကြောင်းကို ထိုသူတို့သက်သေခံလိုက ခံနိုင်ကြပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 သက် သေ ခံ လို လျှင် အ မျိုး ဘာ သာ တွင် အ ကြပ် တည်း ဆုံး သော ဂိုဏ်း နည်း အ လိုက် ဖာ ရိ ရှဲ အ ဖြစ် နေ ခဲ့ ကြောင်း သိ ရင်း ဖြစ် ကြ ပါ သည်။ အခန်းကိုကြည့်ပါ။Judson Bible5 အကျွန်ုပ်သည် ယုဒဘာသာ၌ အလွန်ကျပ်တည်းစွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှာ အလိုရှိလျှင် ရှေ့ဦးစွာကပင် သိကြပါ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 အကျွန်ုပ်သည် အကျွန်ုပ်တို့၏ဘာသာတွင် စည်းကမ်းအတင်းကျပ်ဆုံးသောဂိုဏ်းဖြစ်သည့် ဖာရိရှဲဂိုဏ်းဝင်တစ်ဦးအဖြစ် နေထိုင်ခဲ့ကြောင်း ထိုသူတို့သိထားကြသည်မှာ ကြာပြီဖြစ်၏။ သူတို့သည် ဆန္ဒရှိလျှင် ထိုအကြောင်းကို သက်သေခံနိုင်ပါ၏။ အခန်းကိုကြည့်ပါ။ |
“အကျွန်ုပ်သည် ဆီလီဆီးယားပြည်၊ တာရှုမြို့၌မွေးဖွားခဲ့သော ဂျူးလူမျိုးတစ်ဦးဖြစ်ပါသည်။ သို့သော် ဤမြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလ၏ခြေရင်း၌ ဘိုးဘေးတို့မှဆက်ခံသော ပညတ်တရားနှင့်အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းကိုခံယူပြီး ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။
ဤအကြောင်းနှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်မင်းနှင့် လူကြီးအဖွဲ့ဝင်အပေါင်းတို့သည် အကျွန်ုပ်အတွက် သက်သေခံပေးနိုင်ပါသည်။ အကျွန်ုပ်သည် သူတို့ထံမှ ဒမတ်စကပ်မြို့ရှိညီအစ်ကိုများထံသို့ ရေးသားသည့်စာများကိုယူလျက် ထိုအရပ်၌ရှိသော သူတို့ကိုလည်း ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကာ ပြစ်ဒဏ်ပေးရန်အတွက် ထိုမြို့သို့ ထွက်သွားခဲ့ပါသည်။
ထိုသူတို့ထဲတွင် တစ်ဖွဲ့မှာ ဇဒ္ဒုကဲများဖြစ်ကြပြီး အခြားတစ်ဖွဲ့မှာ ဖာရိရှဲများဖြစ်ကြသည်ကို ပေါလုသိမြင်လျှင် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါသည်။ အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းကြောင့် စစ်ဆေးစီရင်ခံနေရပါသည်”ဟု တရားလွှတ်တော်ရှေ့တွင် အော်ဟစ်ပြောဆိုလေ၏။