Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 26:4 - Garrad Bible

4 ကျွန် တော် သည် ယေ ရု ရှ လင် မြို့ တွင် လည်း ကောင်း၊ အ မျိုး သား ချင်း တို့ တွင် လည်း ကောင်း၊ ငယ် ရွယ် စဉ် က စ၍ မည် သို့ ကျင့် ကြံ နေ ထိုင် ကြောင်း ယု ဒ လူ မျိုး ခပ် သိမ်း တို့ အ သိ ဖြစ် သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ``အ​ကျွန်ုပ်​သည်​ပျို​ရွယ်​စဉ်​အ​ခါ​မှ​စ​၍ ဦး​စွာ မိ​မိ​၏​ဇာ​တိ​ပြည်​ရွာ​တွင်​လည်း​ကောင်း ထို​နောက်​ယေ​ရု​ရှ​လင်​မြို့​တွင်​လည်း​ကောင်း မည်​သို့​ပြု​မူ​နေ​ထိုင်​ခဲ့​သည်​ကို​ယု​ဒ အ​မျိုး​သား​အ​ပေါင်း​တို့​သိ​ကြ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ယေ​ရု​ရှ​လင်​မြို့​တွင် ကိုယ်​အ​မျိုး​သား​ချင်း​တို့၏​အ​ထဲ၌ အ​ကျွန်ုပ်​နေ​သ​ဖြင့်၊ ငယ်​သော​အ​သက်​အ​ရွယ်​မှ​စ၍၊ အ​ကျွန်ုပ်၏​အ​နေ အ​ထိုင်​အ​ပြု​အ​မူ​များ​ကို ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သိ​ကြ​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 အကျွန်ုပ်​သည် မိမိ​လူမျိုး​ထဲ၌​လည်းကောင်း၊ ဂျေရုဆလင်​မြို့​၌​လည်းကောင်း အစ​ပြု​ခဲ့​သည့် ငယ်ရွယ်​စဉ်​ဘဝ​မှစ၍ အကျွန်ုပ်​မည်ကဲ့သို့​ပြုမူ​နေထိုင်​ခဲ့​သည်​ကို ဂျူး​လူမျိုး​အားလုံး​သိ​ကြ​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 အကျွန်ုပ်​သည် ဦးစွာ​မိမိ​၏​မွေးရပ်မြေ​တွင်​လည်းကောင်း၊ ထို့နောက် ဂျေရုဆလင်မြို့​တွင်​လည်းကောင်း ငယ်ရွယ်စဉ်​မှစ၍ မည်သို့​ပြုမူနေထိုင်ခဲ့သည်​ကို ဂျူးလူမျိုး​အားလုံး​သိကြပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 26:4
5 ပူးပေါင်းရင်းမြစ်များ  

ငါ သည် အ ထက် က ယု ဒ ဘာ သာ၌ ရှိ နေ စဉ် မည် သို့ ကျင့် ကြံ ပြု မူ ခဲ့ ကြောင်း ကို လည်း ကောင်း၊ ဘု ရား သ ခင်၏ အ သင်း တော် ကို အ တိုင်း ထက် ညှဥ်း ပန်း ဖျက် ဆီး ခဲ့ ကြောင်း ကို လည်း ကောင်း၊


သင် မူ ကား ငါ သင် ကြား ခြင်း၊ လေ့ ကျင့် ခြင်း၊ ကြံ စည် ခြင်း၊ ယုံ ကြည် ခြင်း၊ စိတ် ရှည် ခြင်း၊ ချစ် ခြင်း၊ တည် ကြည် ခြင်း မှ စ၍၊


ရှစ် ရက် မြောက် သော နေ့၌ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ၊ ဣ သ ရေ လ အ မျိုး၊ ဗင်္ယာ မိန် အ နွယ်၊ ဟေ ဗြဲ လူ စစ် ဖြစ် သူ၊ ပ ညတ် တ ရား ကို ဆို သော် ဖာ ရိ ရှဲ ဂိုဏ်း သား၊


ထို အ ခါ ပေါ လု ပြော ဆို သည် မှာ ငါ သည် ကိ လိ ကိ ပြည်၊ တာ ရှု မြို့ ဇာ တိ၊ ဤ မြို့၌ ကြီး ပွား သူ ဂါ မ လျေ လ ခြေ ရင်း တွင် မိ ရိုး ဖ လာ တ ရား အ တိုင်း အ သေ အ ချာ သင် ကြား ခံ ရ သည် နှင့် အ ညီ၊ ယ နေ့ သင် တို့ ရှိ သ မျှ တို့ နည်း တူ ပင် ဘု ရား သ ခင့် ဘက် တော်၌ စိတ် အား ကြီး သော ယု ဒ လူ မျိုး ဖြစ် လျက်၊


သို့ ရာ တွင် ကျွန် တော် သည် ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ၌ ရေး ထား သ မျှ ကို ယုံ ကြည် လျက် ဤ သူ တို့ စောင့် မြော် ကြ သည့် အ တိုင်း တ ရား သူ၊ မ တ ရား သူ တို့ ရှင် ပြန် ထ မြောက် ခြင်း ရှိ လိမ့် မည် ဟူ၍ ဘု ရား သ ခင် ကို အား ကိုး စောင့် မျှော် လျက် ပင် ဂိုဏ်း ခွဲ ဟု သူ တို့ ခေါ် ကြ သော မဂ် လမ်း တော် အ လိုက် မိ ရိုး ဖ လာ ဘု ရား သ ခင် အား ဝတ် ပြု ကြောင်း ဝန် ခံ ပါ သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ