Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 20:4 - Garrad Bible

4 ထို အ ခါ အ ပေါင်း ပါ ဖြစ် သူ ဗေ ရိ မြို့ နေ ပု ရု၏ သား သော ပ တ ရု၊ သက် သာ လော နိတ် မြို့ သား အာ ရိ တ္တာ ခု နှင့် သေ ကု န္ဒု၊ ဒေ ရ ဗေ မြို့ သား ဂါ ယု၊ တိ မော သေ၊ အာ ရှိ ပြည် သား တု ခိတ် နှင့် တ ရော ဖိမ် တို့ သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ဗေ​ရိ​မြို့​သား​ပု​ရု​၏​သား​ဖြစ်​သူ​သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား​များ​ဖြစ်​ကြ​သော အာ​ရိတ္တာ​ခု​နှင့်​သေ​ကန္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဖြစ် သူ​ဂါ​ယု၊ အာ​ရှ​နယ်​သား​များ​ဖြစ်​ကြ​သော တု​ခိတ်​နှင့်​တ​ရော​ဖိမ်​တို့​သည်​လည်း​ကောင်း၊ တိ​မော​သေ​သည်​လည်း​ကောင်း​သူ​နှင့်​အ​တူ လိုက်​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ပေါ​လု​နှင့်​အ​တူ အာ​ရှိ​ပြည်​သို့ လိုက်​သော​သူ ဟူ​မူ​ကား၊ ဗေ​ရိ​မြို့​သား​ဖြစ်​သော ပု​ရု၏​သား သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား အာ​ရိ​တ္တာ​ခု​နှင့် သေ​ကု​န္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဂါ​ယု၊ လု​တ္တ​ရ​မြို့​သား တိ​မော​သေ၊ အာ​ရှိ​ပြည်​သား​တု​ခိတ်​နှင့် တ​ရော​ဖိမ်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ပေါလု​နှင့်အတူ​လိုက်ပါ​သော​သူ​တို့​မှာ ဗေရိ​မြို့သား ပုရု​၏​သား​သောပတရု၊ သက်သာလောနိတ်​မြို့သား အာရိတ္တာခု​နှင့်​သေကုန္ဒု၊ ဒေရဗေ​မြို့သား ဂါယု၊ တိမောသေ၊ အာရှ​ပြည်သား တုခိတ်​နှင့်​တရောဖိမ်​တို့​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ဗေရိမြို့သား​ဖြစ်သော ပုရု​၏​သား သောပတရု၊ သက်သာလောနိတ်မြို့သားများ​ဖြစ်ကြသော အာရိတ္တာခု​နှင့် သေကုန္ဒု၊ ဒေရဗေမြို့သား​ဖြစ်သော ဂါယု၊ တိမောသေ၊ အာရှပြည်​သားများ​ဖြစ်ကြသော တုခိတ်​နှင့် တရောဖိမ်​တို့​သည် ပေါလု​နှင့်အတူ လိုက်ပါသွားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 20:4
29 ပူးပေါင်းရင်းမြစ်များ  

မြို့ ပြင် သို့ ထုတ် ပစ် ကြ ပြီး နောက် တ ပည့် တော် တို့ ဝိုင်း အုံ ကြ စဉ် ပေါ လု သည် ထ၍ မြို့ ထဲ သို့ ဝင် ပြီး လျှင် နောက် နေ့ ဗာ န ဗ နှင့် တ ကွ ဒေ ရ ဗေ မြို့ ရောက် သွား လေ၏။


လု ကော နိ နယ် လု တ္တ ရ မြို့၊ ဒေ ရ ဗေ မြို့ များ နှင့် မြို့ နယ် များ သို့ ထွက် ပြေး၍


ဒေ ရ ဗေ မြို့ နှင့် လု တ္တ ရ မြို့ သို့ ရောက် လေ ၏။


ဖြု ဂိ နှင့် ဂ လာ တိ နယ် ကို လျှောက် သွား ပြီး လျှင် အာ ရှိ ပြည် တွင် တ ရား တော် ကို မ ဟော ကြ စေ ရန် သန့် ရှင်း သော ဝိ ညာဉ် တော် ကန့် ကွက် တော် မူ သည့် အ တိုင်း၊


အံ ဖိ ပေါ လိ မြို့၊ အာ ပေါ လော နိ မြို့ များ ကို လျှောက် သွား ကြ ပြီး လျှင်၊ ယု ဒ လူ မျိုး တို့၏ ဓ မ္မာ ရုံ ရှိ ရာ သက် သာ လော နိတ် မြို့ သို့ ရောက် ကြ သော်၊


သို့ ရာ တွင် သက် သာ လော နိတ် မြို့ နေ ယု ဒ လူ မျိုး တို့ သည် ဗေ ရိ မြို့ တွင် လည်း ဘု ရား သ ခင့် တ ရား တော် ကို ပေါ လု ကြော် ငြာ ကြောင်း ကြား သိ သော် ထို မြို့ သို့ လာ၍ လူ ပ ရိ သတ် ကို တုန် လှုပ် ထ ကြွ စေ ကြ သည့် ကာ လ၊


တစ် မြို့ လုံး အုတ် အုတ် သဲ သဲ ဖြစ် လျက် ပေါ လု၏ ခ ရီး သွား ဖော် ဖြစ် သူ မာ ကေ ဒေါ နိ ပြည် သား ဂါ ယု နှင့် အာ ရိ တ္တာ ခု ကို ဖမ်း ဆီး ပြီး လျှင် ဇာတ် ရုံ ထဲ သို့ တ ညီ တ ညွတ် တည်း ပြေး ဝင် ကြ၏။


ပါ ရ သိ၊ မေ ဒိ နှင့် ဧ လံ ပြည် သား များ၊ မေ သော ပေါ တာ မိ၊ ယု ဒ၊ က ပ္ပ ဒေါ ကိ၊ ပု န္တု၊ အာ ရှိ၊


ငါ သည် အာ ရှိ ပြည် ကို ဦး စွာ ရောက် သည့် နေ့ မှ စ၍ သင် တို့ နှင့် အ တူ နေ ထိုင် သ မျှ ကာ လ အ တွင်း၊


ထို သို့ ဟစ် ခြင်း ကား ဧ ဖက် မြို့ သား တ ရော ဖိမ် ကို မြို့ ထဲ တွင် ပေါ လု နှင့် အ တူ မြင် ဘူး သည့် အ လျောက် ဗိ မာန် တော် အ တွင်း ခေါ် သွင်း သည် ဟု ထင် မှတ် ကြ သော ကြောင့် တည်း။


အာ ရှိ ပြည် ဆိပ် ကမ်း များ သို့ တိုက် သွား မည့် အာ ဒြ မု တ္တိ မြို့ သင်္ဘော ထက် တက် စေ ပြီး လျှင် မာ ကေ ဒေါ နိ ပြည်၊ သက် သာ လော နိတ် မြို့ သား အာ ရိ တ္တာ ခု ပါ ငါ တို့ ထွက် သွား ရ သော်၊


ငါ့ လုပ် ဘော် ဆောင် ဘက် တိ မော သေ နှင့် ငါ့ ဆွေ မျိုး လု ကိ၊ ယာ သုန်၊ သော သိ ပ တ ရု တို့ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။


ငါ မှ စ၍ အ သင်း တော် လုံး ကို ဧည့် ခံ သူ ဂါ ယု က လည်း နှုတ် ဆက် လိုက်၏။ မြို့ ဘ ဏ္ဍာ ဝန် ဧ ရ တ္တု နှင့် ညီ အစ် ကို ကွာ တု တို့ က လည်း နှုတ် ဆက် လိုက် ကြ၏။


ဘု ရား သ ခင်၏ အ လို တော် အ တိုင်း ခ ရစ် တော် ယေ ရှု၏ တ မန် တော် ဖြစ် သော ပေါ လု နှင့် ညီ အစ် ကို တိ မော သေ တို့ က ကော ရိန္သု မြို့ ရှိ ဘု ရား သ ခင်၏ အ သင်း တော် မှ စ၍ အ ခါ ယ ပြည် တစ် ဝှမ်း လုံး နေ သီး သန့် ထား တော် မူ သူ ခပ် သိမ်း တို့ ထံ ရေး လိုက် သည် မှာ၊


သင် တို့ ဘောင် တွင် ငါ မှ စ၍ သိ လွာ နု နှင့် တိ မော သေ တို့ ကြော် ငြာ သော ဘု ရား သ ခင့် သား တော် ခ ရစ် တော် ယေ ရှု၌ လည်း ဧ ကန် အ နေ ကန် မ ရှိ၊ ဧ ကန် သာ ရှိ၏။


ချစ် လှ စွာ သော ညီ အစ် ကို၊ အ ရှင် ဘု ရား၌ သ စ္စာ စောင့် သော အ မှု တော် ဆောင် ဖြစ် သူ တု ခိတ် သည် ငါ့ အ ဖြစ် အ ပျက် မှ စ၍ မည် သို့ ရှိ နေ ကြောင်း သင် တို့ သိ ကြ စေ ရန် အ ရာ ရာ ကို ကြား​ ပြော လိမ့် မည်။


သို့ ရာ တွင် သင် တို့၏ အ ဖြစ် အ နေ ကို ငါ သိ သ ဖြင့် စိတ် သက် သာ ခွင့် ရ ခြင်း ငှာ တိ မော သေ ကို မ ကြာ မီ လွှတ် လိုက် မည် ဟု အ ရှင် ယေ ရှု ၌ ငါ အောက် မေ့ ၏။


ငါ နှင့် အ တူ အ ကျဉ်း ခံ ရ သူ အာ ရိ တ္တာ ခု၊ ယု တ္တု ခေါ် ယေ ရှု ပါ ရောက် လာ လျှင် လက် ခံ ကြ လော့ ဟု ငါ မှာ ဘူး သော ဗာ န ဗ၏ ညီ တော် သူ မာ ကု တို့ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။


ချစ် လှ စွာ သော ညီ အစ် ကို၊ အ ရှင် ဘု ရား၌ သ စ္စာ စောင့် သော အ မှု တော် ဆောင် ကျွန် ချင်း ဖြစ် သူ တု ခိတ် သည် ငါ့ အ ဖြစ် အ ပျက် ရှိ သ မျှ ကို ကြား ပြော လိမ့် မည်။


ငါ တို့ ကယ် တင် ရှင် ဘု ရား သ ခင် နှင့် မျှော် လင့် ရာ ဖြစ် သော ခ ရစ် တော် ယေ ရှု၏ အ မိန့် တော် အ တိုင်း ခ ရစ် တော် ယေ ရှု၏ တ မန် တော် ပေါ လု က ယုံ ကြည် ခြင်း တ ရား၌ ငါ့​သား စစ် ဖြစ် သူ တိ မော သေ့ ထံ ရေး လိုက် သည် မှာ၊


ခ မည်း တော် ဘု ရား သ ခင် နှင့် ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု အ ထံ တော် မှ ကျေး ဇူး၊ က ရု ဏာ၊ ငြိမ် သက် ခြင်း များ သည် သင်၌ တည် ရှိ ပါ စေ သော။


တု ခိတ် ကို ဧ ဖက် မြို့ သို့ ငါ စေ လွှတ် လိုက်၏။


ဧ ရ တ္တု သည် ကော ရိ န္သု မြို့ တွင် နေ ရစ်၏။ တ ရော ဖိမ် ကို လည်း နာ ဖျား မ ကျန်း ရှိ၍ မိ လက် မြို့၌ ငါ ထား ခဲ့၏။


အာ တေ မ ကို ဖြစ် စေ၊ တု ခိတ် ကို ဖြစ် စေ၊ သင့် ထံ ငါ စေ လွှတ် လိုက် သည့် ကာ လ နိ ကော ပေါ လိ မြို့ ငါ ရှိ ရာ သို့ လာ ဖြစ် အောင် ကြိုး စား လော့။ ထို မြို့ တွင် ဆောင်း ခို မည် ဟု ငါ့ စိတ် ပြ ဋ္ဌာန်း၏။


ငါ့ လုပ် ဖော် ဆောင် ဖက် များ ဖြစ် သူ မာ ကု၊ အာ ရိ တ္တာ ခု၊ ဒေ မ နှင့် လု ကာ တို့ က သင့် ကို နှုတ် ဆက် လိုက် ကြ၏။


ဥ က္က ဋ္ဌ ဖြစ် သူ ငါ က သ စ္စာ နှင့် ငါ ချစ် ခင် မြတ် နိုး သော ဂါ ယု ထံ ရေး လိုက် သည် မှာ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ