တမန်တော်ဝတ္ထု 17:5 - Garrad Bible5 ယု ဒ လူ မျိုး တို့ မူ ကား၊ မ ရှု စိမ့် သ ဖြင့်၊ ယုတ် မာ သော အ ရပ် သား အ ချို့ ကို ခေါ်၍ မြို့ လုံး ကျွတ် စု ရုံး ထ ကြွ စေ ပြီး လျှင်၊ ယာ သုန့် အိမ် ကို စီး လျက် ပေါ လု နှင့် သိ လ တို့ ကို အ စု အ ရုံး အား ထုတ် ပေး ခြင်း ငှါ ရှာ ကြံ ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။- အခန်းကိုကြည့်ပါ။Judson Bible5 ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကိုခေါ်၍ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲ ပြုကြ၏။ ယာသုန်၏ အိမ်ကိုဝိုင်း၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှာ ရှာကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သို့ရာတွင် ဂျူးလူမျိုးတို့သည် မနာလိုကြသောကြောင့် လူဆိုးအချို့ကို ဈေးအရပ်မှ ခေါ်ယူစုဝေးစေပြီးလျှင် မြို့ကိုရုတ်ရုတ်သဲသဲဖြစ်စေကာ ယာသုန်၏အိမ်ကိုဝိုင်း၍ ပေါလုနှင့်သိလတို့ကို လူစုလူဝေးရှေ့သို့ ထုတ်ဆောင်ရန် ရှာဖွေကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 သို့သော် ဂျူးလူမျိုးတချို့သည် မနာလိုသဖြင့် ဈေးအရပ်များရှိ ဆိုးသွမ်းသူများကို စုစည်း၍ မြို့ထဲ၌ ရုန်းရင်းဆန်ခတ်ဖြစ်စေကြ၏။ ယာသုန်၏အိမ်ကိုလည်း နိုင်ထက်စီးနင်းပြု၍ ပေါလုနှင့် သိလတို့ကို လူများရှေ့သို့ ဆွဲခေါ်လာရန် ရှာဖွေကြလေ၏။ အခန်းကိုကြည့်ပါ။ |
ငါ တို့ ၌ ထည့် သွင်း တော် မူ သော နာမ် ဝိ ညာဉ် ကို စိတ် အား ကြီး စွာ တောင့် တ လျက် လွန် ကဲ သော ကျေး ဇူး ကို သ နား တော် မူ သည် ဟူ သော ကျမ်း ချက် ကား အ ချည်း အ နှီး ဟု သင် တို့ ထင် ကြ သ လော။ ထို အ ချက် နှင့် အ ညီ ဘု ရား သ ခင် သည် မာ န ကြီး သူ တို့ ကို ခု ခံ၍ စိတ် နှိမ့် ချ သူ တို့ အား ကျေး ဇူး သ နား တော် မူ သည် ဟု ဗျာ ဒိတ် တော် ရှိ ၏။