တမန်တော်ဝတ္ထု 17:4 - Garrad Bible4 အ ချို့ တို့ သည် သ ဘော ကျ၍ ပေါ လု၊ သိ လ တို့ နှင့် ပေါင်း သင်း ကြ၏။ ဘု ရား တ ရား ကြည် ညို သော ဂ ရိတ် လူ မျိုး အ မြောက် အ မြား နှင့် ထင် ပေါ် သော မိန်း မ အ များ လည်း ပါ ဝင် ကြ ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 အချို့သောသူတို့သည်ပေါလုပြောသောစကား ကိုယုံကြည်သဖြင့် ပေါလုနှင့်သိလတို့၏အဖွဲ့ သို့ဝင်ကြ၏။ ဘုရားသခင်ကိုကိုးကွယ်သူဂရိ အမျိုးသားအမြောက်အမြားနှင့်ထင်ပေါ်သော ဂရိအမျိုးသမီးများလည်း သူတို့၏အဖွဲ့ သို့ဝင်ကြလေသည်။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက်၍၊ ပေါလု၊ သိလတို့နှင့် ပေါင်းဖော်ကြ၏။ ဘုရားကို ကိုးကွယ်သော ဟေလသလူ အပေါင်းတို့နှင့် ထင်ရှားသော မိန်းမများတို့လည်း ယုံကြည်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သူတို့ထဲမှ အချို့တို့သည် ယုံကြည်၍ ပေါလုနှင့်သိလတို့နောက်သို့ လိုက်ကြ၏။ ထိုသူတို့တွင် ဘုရားသခင်ကိုကိုးကွယ်သော ဂရိအမျိုးသားအမြောက်အမြားပါ၍ ထင်ပေါ်ကျော်ကြားသော အမျိုးသမီးတို့သည်လည်းမနည်းလှပေ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 အချို့သောသူတို့သည် ယုံကြည်သဖြင့် ပေါလု၊ သိလတို့နှင့် ပေါင်းဖော်ကြ၏။ ဘုရားသခင်ကို ကိုးကွယ်သော ဂရိလူမျိုးများနှင့် ထင်ရှားသော အမျိုးသမီးများသည်လည်း ယုံကြည်လာကြ၏။ အခန်းကိုကြည့်ပါ။ |
ထို အ ခါ တ မန် တော် များ၊ ဥ က္က ဋ္ဌ များ မှ စ၍ တစ် သင်း လုံး သည် ပေါ လု နှင့် ဗာ န ဗ တို့ ပြင် ညီ အစ် ကို တို့ တွင် အ ကြီး အ မှူး ဖြစ် သူ ဗာ ရှ ဗ္ဗ ခေါ် ယု ဒ နှင့် သိ လ တို့ ကို အ သင်း တော် မှ ရွေး ကောက်၍ အ န္တိ အုတ် မြို့ သို့ စေ လွှတ် သင့် ကြောင်း သ ဘော တူ ကြ သည့် အ တိုင်း သူ တို့ လက် ဖြင့် ပေး လိုက် သော စာ မှာ၊
အ ချင်း ဣ သ ရေ လ အ မျိုး သား တို့၊ ကူ ညီ ကြ ပါ။ ဤ သူ ကား အ ပြည် ပြည် ရှိ လူ ခပ် သိမ်း တို့ အား လူ မျိုး တော်၊ ပ ညတ် တ ရား တော်၊ ဤ ဌာ န တော် များ ကို ဆန့် ကျင် ဘက် သင် ကြား သူ ဖြစ် လျက် ဗိ မာန် တော် အ တွင်း ဂ ရိတ် လူ မျိုး တို့ ကို ခေါ် သွင်း သ ဖြင့် ဤ သန့် ရှင်း သော ဌာ န တော် ကို မ သန့် ရာ ရောက် စေ ပြီ တ ကား ဟု အော် ဟစ် ကြ ၏။