တမန်တော်ဝတ္ထု 12:7 - Garrad Bible7 ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် တစ် ပါး ရပ် လာ၍ နှောင် အိမ့် အ တွင်း အ လင်း တောက် ပ၏။ စေ တ မန် တော် သည် ပေ တ ရု နံ ဘေး ကို ပုတ် လျက် အ မြန် ထ လော့ ဟု နှိုး သော်၊ လက် မှ သံ ကြိုး များ ကျွတ် ကျ သည့် ကာ လ၊ အခန်းကိုကြည့်ပါ။Common Language Bible7 ထာဝရဘုရား၏ကောင်းကင်တမန်သည် ပေတရုအနီးတွင်ရုတ်တရက်ပေါ်လာ၍ အချုပ်ခန်းသည်ထွန်းလင်းလျက်နေ၏။ ကောင်း ကင်တမန်သည်ပေတရု၏ပခုံးကိုပုတ်၍ ``မြန်မြန်ထလော့'' ဟုဆိုကာနှိုး၏။ ထိုအခါ သံကြိုးတို့သည်ပေတရု၏လက်မှကျွတ် ကျ၏။- အခန်းကိုကြည့်ပါ။Judson Bible7 ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက်လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဘေးကိုပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ ကျွတ်လေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရုတ်တရက်ပေါ်လာသဖြင့် ထောင်ခန်းထဲ၌ အလင်းရောင်ထွန်းလင်းလေ၏။ ကောင်းကင်တမန်သည် ပေတရု၏နံဘေးကိုပုတ်လျက် သူ့ကိုနှိုးကာ “မြန်မြန်ထလော့”ဟု ဆိုလေ၏။ ထိုအခါ သံကြိုးများသည် သူ၏လက်မှ ကျွတ်ကျသွားလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ရုတ်တရက်ပေါ်လာသဖြင့် အချုပ်ခန်းထဲတွင် အလင်းရောင်ထွန်းလင်းလေ၏။ ထို့နောက် ပေတရုနံဘေးကို ပုတ်နှိုး၍ “အလျင်အမြန်ထလော့” ဟု ဆိုလေ၏။ ထိုအခါ သံကြိုးများသည် ပေတရု၏လက်မှ ကျွတ်ကျလေ၏။ အခန်းကိုကြည့်ပါ။ |
ဗာ ဗု လုန် မြို့ သို့ သုံ့ ပန်း သိမ်း သွား ခံ ရ သော၊ ယေ ရု ရှ လင် မြို့ သူ ယု ဒ ပြည် သား တို့ နှင့် တ ကွ သံ ကြိုး ဖြင့် ချည် နှောင် လျက်၊ ရာမ မြို့ ရောက် အ ပို့ ခံ ရ သော ယေ ရ မိ ကို ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် လွတ် သွား ခွင့် ပြု ပြီး နောက် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် သည် ယေ ရ မိ သို့ ရောက် လာ ၏။
နေ ဗု ခဒ် နေ ဇာ မင်း က လည်း ရှာ ဒ ရက်၊ မေ ရှက်၊ အ ဗေ ဒ နေ ဂေါ တို့ သည် ကိုယ့် ဘု ရား မှ တစ် ပါး၊ အ ခြား သော ဘု ရား ကို ဝတ် မ ပြု၊ ရှိ မ ခိုး ဘဲ ဘု ရင့် အ မိန့် တော် ကို ဖီ ဆန် ကာ ကိုယ် ခ န္ဓာ ကို ပင် အပ် နှင်း လျက် အား ကိုး သော ထို ကျွန် တော် များ ကို၊ စေ လွှတ် လိုက် သော တ မန် တော် အား ဖြင့် ကယ် ဆယ် တော် မူ သော ဘု ရား သ ခင် သည် မင်္ဂ လာ ရှိ တော် မူ စေ သ တည်း။
ထို သူ တို့ ထွက် သွား သည့် နောက် ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး သည် ယော သပ် အား အိပ် မက် ထင် ရှား လျက် ထ လော့။ ဟေရုဒ် မင်း သည် သူ ငယ် တော် ကို ကွပ် မျက် ရန် ရှာ ကြံ သော ကြောင့် သူ ငယ် တော် နှင့် မယ် တော် ကို ခေါ် ဆောင်၍ အိ ဂျစ် ပြည် ရောက် ထွက် ပြေး ပြီး လျှင် ငါ ကြား ပြော မည့် ကာ လ တိုင် အောင် နေ လော့ ဟု ဆို သည့် အ တိုင်း ယော သပ် ထ ပြီး လျှင်