Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 12:6 - Garrad Bible

6 ဟေ ရုဒ် မင်း မ ထုတ် မီ ညဉ့် အ ခါ ရောက် သော် စစ် သည် နှစ် ယောက် ကြား တွင် သံ ကြိုး နှစ် စင်း နှင့် ချည် နှောင် ထား လျက် ထောင် တံ ခါး ရှေ့ အ စောင့် အ ကြပ် များ စောင့် ကြပ် လျက် ပေ တ ရု အိပ် နေ စဉ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​လူ​တို့​ရှေ့​သို့ ခေါ်​ထုတ်​စစ်​ဆေး​မည့်​နေ့​မ​ရောက်​မီ​ည​၌ ပေ​တ​ရု​သည်​စစ်​သား​နှစ်​ယောက်​၏​ကြား​တွင် အိပ်​ပျော်​လျက်​နေ​၏။ သူ့​ကို​သံ​ကြိုး​နှစ်​ချောင်း ဖြင့်​ချည်​နှောင်​ထား​၏။ ထောင်​တံ​ခါး​ရှေ့​တွင်​လည်း အ​စောင့်​တပ်​သား​များ​သည်​စောင့်​ကြပ်​လျက် ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ပေ​တ​ရု​သည် ဟေ​ရုဒ်​မင်း​ထုတ်​ခါ​နီး၊ ည​အ​ချိန်​တွင် သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လျက်၊ စစ်​သူ​ရဲ​နှစ်​ယောက်​တို့​အ​လယ်၌ အိပ်​ပျော်၍၊ အ​စောင့်​များ​တို့​သည် ထောင်​တံ​ခါး​ရှေ့​မှာ စောင့်​နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဟေရုဒ်​မင်း​သည် ပေတရု​ကို​ထုတ်ဆောင်​ရန် ကြံရွယ်​ထား​သည့်​နေ့​မတိုင်မီ​ည​၌ ပေတရု​သည် သံကြိုး​နှစ်​ချောင်း​ဖြင့်​ချည်နှောင်​ခြင်း​ခံရ​လျက် စစ်သား​နှစ်​ဦး​ကြား​တွင် အိပ်ပျော်​နေ​၏။ အစောင့်​များ​သည်​လည်း တံခါး​ရှေ့တွင် ထောင်​ကို​စောင့်ကြပ်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ဟေရုဒ်မင်း​သည် ပေတရု​ကို အပြင်​ထုတ်မည့်​နေ့​မတိုင်မီ ည​တွင် ပေတရု​သည် သံကြိုး​နှစ်ချောင်း​ဖြင့် ချည်နှောင်​ခံထားရ​ပြီး စစ်သား​နှစ်ဦး​အလယ်​တွင် အိပ်ပျော်​လျက်​ရှိ၏။ အစောင့်များ​သည်လည်း ထောင်​တံခါး​ရှေ့​တွင် စောင့်ကြပ်​လျက် ရှိနေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 12:6
17 ပူးပေါင်းရင်းမြစ်များ  

ထို အ ရပ် ကို ယေ ဟော ဝါ ယိ​ရေ ဟု အာ ဗြ ဟံ သ မုတ် သည့် အ တိုင်း ထာ၀ ရ ဘု ရား၏ တောင် တော် ပေါ် မှာ စီ မံ တော် မူ ပြီ ဟု ယ နေ့ တိုင် အောင် ဆို လေ့ ရှိ သ တည်း။


အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သာ လျှင် အ ကျွန်ုပ် ကို လုံ ခြုံ စွာ နေ ထိုင် စေ တော် မူ သည် ဖြစ်၍၊ စိတ် ချ စွာ လှဲ လျက် အိပ် ပျော် ပါ တော့ မည်။


ဗာ ဗု လုန် မြို့ သို့ သုံ့ ပန်း သိမ်း သွား ခံ ရ သော၊ ယေ ရု ရှ လင် မြို့ သူ ယု ဒ ပြည် သား တို့ နှင့် တ ကွ သံ ကြိုး ဖြင့် ချည် နှောင် လျက်၊ ရာမ မြို့ ရောက် အ ပို့ ခံ ရ သော ယေ ရ မိ ကို ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် လွတ် သွား ခွင့် ပြု ပြီး နောက် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် သည် ယေ ရ မိ သို့ ရောက် လာ ၏။


ကိုယ် တော် မှာ မူ လက် ထိတ် သံ ကြိုး ကို ယ နေ့ ကျွန်ုပ် ချွတ် ပါ ၏။ ဗာ ဗု လုန် မြို့ သို့ လိုက် လို သော သ ဘော ရှိ လျှင်၊ လိုက် ပါ။ ကျွန်ုပ် သည် ဒိ ဋ္ဌ ကြည့် ရှု မည်။ လိုက် လို သော သ ဘော မ ရှိ လျှင်၊ မ လိုက် ပါ နှင့်။ ဤ ပြည် တစ် ဝှမ်း လုံး သည် ကိုယ် တော့် ရှေ့ တွင် ရှိ ပါ၏။ နှစ် သက် ၍ သ ဘော ရှိ ရာ သို့ ကြွ ပါ တော့ ဟု ဆို ပြီး နောက်၊


အ စောင့် အ ကြပ် တို့ သည် ကြောက် ရွံ့ တုန် လှုပ် လျက် သေ ငယ် သေ ကြ၏။


အ သင်း တော် သည် အ ကျဉ်း ကျ လျက် နေ သော ပေ တ ရု အ တွက် ဘု ရား သ ခင့် ထံ စိတ် အား ကြီး စွာ တောင်း လျှောက် ကြ၏။


ဗိုလ် ချုပ် လည်း ပေါ လု ကို ချဉ်း ကပ် ကိုင် ထား လျက် သံ ကြိုး နှစ် စင်း ဖြင့် ချည် စေ ဟု အ မိန့် ရှိ ပြီး လျှင် မည် သူ ဖြစ် ကြောင်း၊ မည် သည့် အ မှု ပြု ခဲ့ ကြောင်း ကို စစ် မေး ရာ၊


သို့ ဖြစ်၍ ဣ သ ရေ လ လူ မျိုး တို့ မြော် လင့် ခြင်း အ ကြောင်း ကြောင့်၊ ဤ သံ ကြိုး နှင့် ချည် နှောင် ခံ ရ သ ဖြင့်၊ ငါ ထံ လာ ရောက် ဆွေး နွေး ကြ ရန် သင် တို့ ကို ဘိတ် ကြား လို ပါ သည် ဟု ဆို ရာ၊


နှောင် အိမ် သည် လုံ ခြုံ စွာ ပိတ် ထား လျက် တံ ခါး စောင့် များ ရပ် နေ သည် ကို ကျွန် တော် တို့ တွေ့ သည် နှင့် ဖွင့် လျှင် အ တွင်း ၌ မည် သူ့ ကို မျှ မ တွေ့ ပါ ဟု ပြန် သွား လျှောက် ထား ကြ ၏။


ထင် ယောင် ထင် မှား သော ရန် ဘက် ရန် သူ တို့ က၊ ထာ ဝ ရ ဘု ရား မ ဟုတ်၊ ငါ တို့ မြင့် မြတ် သော လက် ရုံး ဖြင့် စီ ရင် ကြ ပြီ ဟူ သော စ ကား နှင့် အ မျက် တော် တိုက် ကြ မည် ကို ငါ မ စိုး ရိမ် ရ လျှင်၊ ထို လူ မျိုး ကို ကွယ် ပျောက် စေ၍ အ မှတ် ကို လည်း လူ့ ဘောင် မှ ပြတ် စဲ စေ သော အ ကြံ ရှိ ခဲ့ လေ ပြီ ဟူ၍ တည်း။


သြ နေ သိ ဖော့် အိမ် သူ အိမ် သား တို့ အ ပေါ် တွင် အ ရှင် ဘု ရား သည် က ရု ဏာ သက် တော် မူ ပါ စေ သော။ သူ သည် ကြိမ် ဖန် များ စွာ ငါ့ ကို အား ပေး ပြု စု သည့် ပြင်၊ ငါ့ သံ ကြိုး အ တွက် မ ရှက် ဘဲ၊


ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ