Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 12:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထိုစဉ် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ရုတ်တရက်​ပေါ်လာ​သဖြင့် ထောင်ခန်း​ထဲ၌ အလင်းရောင်​ထွန်းလင်း​လေ​၏။ ကောင်းကင်တမန်​သည် ပေတရု​၏​နံဘေး​ကို​ပုတ်​လျက် သူ့​ကို​နှိုး​ကာ “မြန်မြန်​ထ​လော့”​ဟု ဆို​လေ​၏။ ထိုအခါ သံကြိုး​များ​သည် သူ​၏​လက်​မှ ကျွတ်ကျ​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​အ​နီး​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၍ အ​ချုပ်​ခန်း​သည်​ထွန်း​လင်း​လျက်​နေ​၏။ ကောင်း ကင်​တ​မန်​သည်​ပေ​တ​ရု​၏​ပ​ခုံး​ကို​ပုတ်​၍ ``မြန်​မြန်​ထ​လော့'' ဟု​ဆို​ကာ​နှိုး​၏။ ထို​အ​ခါ သံ​ကြိုး​တို့​သည်​ပေ​တ​ရု​၏​လက်​မှ​ကျွတ် ကျ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် တစ် ပါး ရပ် လာ၍ နှောင် အိမ့် အ တွင်း အ လင်း တောက် ပ၏။ စေ တ မန် တော် သည် ပေ တ ရု နံ ဘေး ကို ပုတ် လျက် အ မြန် ထ လော့ ဟု နှိုး သော်၊ လက် မှ သံ ကြိုး များ ကျွတ် ကျ သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ပေါ်​လာ​လျှင် ထောင်​အိမ်၌ အ​လင်း​ထွန်း​တောက်​လေ၏။ ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု၏ နံ​ဘေး​ကို​ပုတ်​ခတ်၍၊ အ​လျင်​အ​မြန်​ထ​လော့​ဟု ဆို​လျက်​ထ​စေ၏။ သံ​ကြိုး​သည်​လည်း ပေ​တ​ရု​လက်​မှ ကျွတ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ရုတ်တရက်​ပေါ်လာ​သဖြင့် အချုပ်ခန်း​ထဲတွင် အလင်းရောင်​ထွန်းလင်းလေ၏။ ထို့နောက် ပေတရု​နံဘေး​ကို ပုတ်​နှိုး​၍ “အလျင်အမြန်​ထလော့” ဟု ဆိုလေ၏။ ထိုအခါ သံကြိုးများ​သည် ပေတရု​၏​လက်​မှ ကျွတ်ကျလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 12:7
37 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​မီးခွက်​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​၏​မှောင်မိုက်​ကို လင်း​စေ​တော်မူ​၏​။


ထို့နောက် သူ​သည် ထို​ရှားပင်​အောက်​တွင် လဲလျောင်း​၍​အိပ်ပျော်​သွား​လေ​၏​။ ထိုစဉ် ကောင်းကင်တမန်​တစ်​ပါး​က သူ့​ကို​တို့​ပြီး “​ထ​၍ စား​ပါ​”​ဟု ဆို​၏​။


ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ဒုတိယအကြိမ်​လာ​၍ သူ့​ကို​တို့​ပြီးလျှင် “​ထ​၍ စား​ပါ​။ သင်​သွား​ရ​မည့်​ခရီး​မှာ ဝေး​လှ​၏​”​ဟု ဆို​၏​။


သူ​တို့​ကို မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲမှ ထုတ်ဆောင်​၍ သူ​တို့​ခံရ​သော​အချည်အနှောင်​များ​ကို ဖြတ်​တော်မူ​၏​။


အို ထာဝရဘုရား​၊ အကယ်စင်စစ် အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော့်​ကျွန်မ​၏​သား​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ခံရ​သော အချည်အနှောင်​များ​မှ ကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပြီ​။


နှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​အတွက် တရားမျှတမှု​ကို​ဆောင်ကြဉ်း​ပေး​၍ ဆာလောင်မွတ်သိပ်​သော​သူ​တို့​အား အစားအစာ​ကို​ပေး​တော်မူ​၏​။ ထာဝရဘုရား​သည် ချုပ်ထား​ခြင်း​ခံရ​သော​သူ​တို့​ကို လွှတ်ပေး​တော်မူ​၏​။


ထာဝရဘုရား​၏​ကောင်းကင်တမန်​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ပတ်လည်​၌ တပ်ချ​၍ သူ​တို့​ကို​ကယ်မ​ကြ​၏​။


ဘုရားသခင်​သည် အထီးကျန်​သော​သူ​တို့​အား အတူ​နေထိုင်​ရန်​မိသားစု​ကို​ပေး​၍ အချုပ်အနှောင်​ခံရ​သော​သူ​တို့​ကို ကောင်းစားရာ​သို့​ပို့ဆောင်​တော်မူ​၏​။ ငြင်းဆန်​သော​သူ​တို့​မူကား ပူပြင်း​ခြောက်သွေ့​သော​အရပ်​၌​နေထိုင်​ကြ​ရ​၏​။


သင့်​အတွက် နိမိတ်လက္ခဏာ​ကား ဤသို့​ဖြစ်​၏​။ ယခု​နှစ်​တွင် အလေ့ကျ​ပေါက်​သော​သီးနှံ​များ​ကို စား​ရ​မည်​။ ဒုတိယ​နှစ်​တွင် ထို​သီးနှံ​တို့​မှ​ပြန်ပေါက်​သော​သီးနှံ​များ​ကို စား​ရ​မည်​။ တတိယ​နှစ်​တွင်​မူ မျိုးကြဲ​ကြ​လော့​၊ ရိတ်သိမ်း​ကြ​လော့​၊ စပျစ်ပင်​ကို​စိုက်​ကြ​လော့​၊ စပျစ်သီး​ကို​စား​ကြ​လော့​။


ထ​လော့​။ လင်း​လော့​။ သင်​၏​အလင်း​သည်​ရောက်လာ​ပြီ​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် သင်​၌ ပေါ်ထွန်း​လေ​ပြီ​။


ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​နှင့်အတူ ယေရမိ​လည်း ကြိုး​နှင့်​ချည်နှောင်​ခံရ​လျက် ဖမ်းခေါ်​သွား​ခြင်း​ခံရ​၍ ရာမ​မြို့​သို့​ရောက်​သောအခါ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​က သူ့​ကို​ပြန်လွှတ်​ပေး​ပြီးနောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၏​။


ထို​နေရာ​တွင် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​ဘုန်း​တော်​သည် အရှေ့ဘက်​မှ​ထွက်ပေါ်​လာ​၍ အသံ​တော်​သည်​လည်း ရေထု​ကြီး​ဟုန်းသံ​ကဲ့သို့​ဖြစ်​၏​။ ကိုယ်တော်​၏​ဘုန်း​တော်​သည် မြေ​တစ်ပြင်လုံး​သို့ ထွန်းလင်း​လေ​၏​။


နေဗုခဒ်နေဇာ​မင်းကြီး​က​လည်း “​ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၏​ဘုရားသခင်​သည် မင်္ဂလာ​ရှိ​ပါစေသော​။ သူ​တို့​သည် မိမိ​တို့​ဘုရား​မှတစ်ပါး အခြား​ဘုရား​ကို မ​ကိုးကွယ်​မ​ရှိခိုး​။ ဘုရင့်​အမိန့်​အား ဆန့်ကျင်​၍ မိမိ​တို့​အသက်​ကို​ပင် စတေး​ခဲ့​ကြ​ပြီ​။ ကိုယ်တော်​သည်​လည်း သူ့​ကို​ယုံကြည်ကိုးစား​သော သူ့​အစေအပါး​တို့​အား ကောင်းကင်တမန်​ကို စေလွှတ်​၍​ကယ်​တော်မူ​ပြီ​။


အကျွန်ုပ်​၏​ဘုရားသခင်​သည် ကောင်းကင်တမန်​ကို​စေလွှတ်​၍ ခြင်္သေ့​တို့​၏​နှုတ်​ကို​ပိတ်​ထား​သဖြင့် ခြင်္သေ့​တို့​သည် အကျွန်ုပ်​ကို အန္တရာယ်​မ​ပြု​ပါ​။ အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့​တော်​၌ အပြစ်ကင်း​ကြောင်း ထင်ရှား​ပါ​၏​။ အရှင်မင်းကြီး​ရှေ့​တွင်​လည်း မည်သည့်​ပြစ်မှု​မျှ မ​ကျူးလွန်​ခဲ့​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။


ငါ​သည် ထာဝရဘုရား​ကို​ပြစ်မှား​မိ​ပြီ​ဖြစ်၍ ငါ့​အမှု​ကို ဖြေရှင်း​ပေး​ပြီး ငါ့​ကို တရားသဖြင့် စီရင်​သည်​အထိ အမျက်​တော်​ကို ငါ​ခံရ​မည်​။ ထို့နောက် ကိုယ်တော်​သည် ငါ့​ကို အလင်း​ထဲသို့ ခေါ်ဆောင်​လာ​မည်​ဖြစ်၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ငါ​ဖူးမြင်​ရ​လိမ့်မည်​။


မြား​တော်​တို့​မှ လင်းလက်​သော​အရောင်​နှင့် လှံ​တော်​မှ ဖြာထွက်​သော​အလင်းရောင်ခြည်​တို့​ကြောင့် နေ​၊ လ​တို့​သည် ကောင်းကင်​တွင် တန့်​လျက်​နေ​ပါ​၏​။


ရောင်ခြည်​တော်​သည် အရုဏ်တက်​အလင်း​ကဲ့သို့​ဖြစ်​၏​။ လက်​တော်​မှ​အလင်း​ဖြာထွက်​၍ ထို​အထဲ​တွင် ကိုယ်တော်​၏​တန်ခိုး​တော် ကိန်းအောင်း​လျက်​နေ​၏​။


ထို​သူ​တို့​ထွက်သွား​ကြ​ပြီးနောက် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ယောသပ်​အား အိပ်မက်​ထဲတွင်​ထင်ရှား​၍ “ထ​လော့။ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်​လျက် အီဂျစ်​ပြည်​သို့​ထွက်ပြေး​၍ နောက်တစ်ဖန် သင့်​အား​ငါ​ပြော​သည့်​တိုင်အောင် ထို​ပြည်​၌​နေ​လော့။ အကြောင်းမူကား ဟေရုဒ်​မင်းကြီး​သည် သူငယ်​တော်​ကို ရှာ​၍​သတ်​ရန် ကြံရွယ်​နေ​၏”​ဟု မြွက်ဆို​လေ​၏။


ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​တစ်​ပါး​သည် သူ​တို့​ရှေ့၌​ပေါ်လာ​၍ ထာဝရ​ဘုရား​၏​ဘုန်း​အသရေ​တော်​သည် သူ​တို့​ပတ်လည်​တွင်​ထွန်းလင်း​သဖြင့် သူ​တို့​သည် အလွန်​ကြောက်ရွံ့​တုန်လှုပ်​ကြ​၏။


သူ​တို့​သည် ဤ​အခြင်းအရာ​တို့​ကို​တွေးမရ​ဖြစ်​နေ​ကြ​စဉ် တောက်ပ​ပြောင်လက်​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သည့် လူ​နှစ်​ဦး​သည် ရုတ်တရက်​ပေါ်လာ​ပြီး သူ​တို့​အနီး​၌​ရပ်​ကြ​၏။


ကော်နေလိ​က​လည်း “လွန်ခဲ့သော​သုံး​ရက်​က ဤ​အချိန်​မွန်းလွဲ​သုံး​နာရီ​တွင် အကျွန်ုပ်​အိမ်​၌ အကျွန်ုပ်​ဆုတောင်း​နေ​စဉ် တောက်ပ​သည့်​အဝတ်​ကို ဝတ်​ထား​သော​လူ​တစ်​ဦး​သည် အကျွန်ုပ်​ရှေ့​၌​ရပ်​လျက်


မင်းကြီး​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မ​ချီးမွမ်း​သောကြောင့် ထို​ခဏချင်း​တွင် ထာဝရ​ဘုရား​၏​ကောင်းကင်​တမန်​သည် သူ့​ကို ဒဏ်ခတ်​သဖြင့် သူ​သည် ပိုး​စား​ခံရ​၍ အနိစ္စရောက်​လေ​၏။


ဟေရုဒ်​မင်း​သည် ပေတရု​ကို​ထုတ်ဆောင်​ရန် ကြံရွယ်​ထား​သည့်​နေ့​မတိုင်မီ​ည​၌ ပေတရု​သည် သံကြိုး​နှစ်​ချောင်း​ဖြင့်​ချည်နှောင်​ခြင်း​ခံရ​လျက် စစ်သား​နှစ်​ဦး​ကြား​တွင် အိပ်ပျော်​နေ​၏။ အစောင့်​များ​သည်​လည်း တံခါး​ရှေ့တွင် ထောင်​ကို​စောင့်ကြပ်​နေ​ကြ​၏။


ထို့နောက် ကောင်းကင်တမန်​က “ခါးပန်း​စည်း​၍ သင့်​ဖိနပ်​ကို​စီး​လော့”​ဟု ဆို​သဖြင့် သူ​သည် ထို​အတိုင်း​ပြု​လေ​၏။ တစ်ဖန် “သင်​၏​ဝတ်ရုံ​ကို​ခြုံ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု ဆို​လေ​ရာ


ထိုအခါ ရုတ်တရက် ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် ထောင်​၏​အုတ်မြစ်​သည် တုန်ခါ​၍ တံခါး​ရှိသမျှ​သည် ချက်ချင်း​ပွင့်​သွား​ကာ အကျဉ်းသား​အားလုံး​၏​သံကြိုး​များ​သည် ပြုတ်​သွား​လေ​၏။


သို့သော် ဘုရားသခင်​သည် ထို​အရှင်​ကို သေ​ခြင်း​နှင့်ဆိုင်သော​ဝေဒနာ​မှ​လွတ်မြောက်​စေ​၍ ထမြောက်​စေ​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် သေ​ခြင်း​သည် ထို​အရှင်​ကို အစဉ်​ချည်နှောင်​ထား​၍​မ​ရ​နိုင်​ချေ။


သို့သော် ည​အခါ​တွင် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​တစ်​ပါး​သည် ထောင်​တံခါး​များ​ကို​ဖွင့်​၍ တမန်တော်​တို့​ကို​ခေါ်ထုတ်​ပြီးလျှင်


ဤသို့ဖြင့် သူ​သည် သွား​၍ ဒမတ်စကပ်​မြို့​အနီး​သို့ ရောက်လာ​သောအခါ ကောင်းကင်​မှ​အလင်း​သည် သူ့​ပတ်လည်​၌ ရုတ်တရက်​ထွန်းတောက်​လေ​၏။


အကြောင်းမူကား ထင်ရှား​လာ​သော​အရာ​ရှိသမျှ​သည် အလင်း​ဖြစ်​၏။ သို့ဖြစ်၍ “အိပ်ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​လော့။ ထိုအခါ ခရစ်တော်​သည် သင့်​အား အလင်း​ကို​ပေး​တော်မူ​လိမ့်မည်”​ဟု ဆို​ထား​၏။


ကောင်းကင်​တမန်​အားလုံး​တို့​သည် ကယ်တင်​ခြင်း​ကို​အမွေ​ဆက်ခံ​မည့်​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် စေလွှတ်​ခြင်း​ခံရ​သည့် အစေခံ​ဝိညာဉ်​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။


ထို့နောက် ကြီးမား​သော​အခွင့်​အာဏာ​ပါ​လျက် ကောင်းကင်​မှ​ဆင်းသက်​လာ​သည့် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​ကို ငါ​မြင်​ရ​၏။ ကမ္ဘာ​မြေကြီး​သည် သူ​၏​ဘုန်း​အသရေ​ကြောင့် ထွန်းလင်း​တောက်ပ​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ