၂ ကော 3:6 - Common Language Bible6 ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible6 ၎င်း ပြင် ကိုယ် တော် သည် သေ စေ သော အ က္ခ ရာ ဆိုင် ရာ ပဋိ ညာဉ် တော် မ ဟုတ်၊ ရှင် စေ သော ဝိ ညာဉ် တော် ဆိုင် ရာ ပ ဋိ ညာဉ် တော် သစ် ကို ဆောင် ရွက် ရန် တတ် စွမ်း စေ တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အား ပေးတော်မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကို မဆိုလို၊ ဝိညာဉ်တော်တရားကို ဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ဘုရားသခင်သည် ငါတို့အား ပဋိညာဉ်သစ်၏အမှုကိုဆောင်ရွက်နိုင်သောအစွမ်းအစကိုပေးတော်မူ၏။ ထိုပဋိညာဉ်သစ်သည် အက္ခရာတင်ထားသောတရားနှင့်မဆိုင်၊ ဝိညာဉ်တော်နှင့်သာဆိုင်၏။ အကြောင်းမူကား အက္ခရာတင်ထားသောတရားသည် အသက်ကိုသေစေ၍ ဝိညာဉ်တော်မူကား အသက်ကိုရရှိစေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ဘုရားသခင်သည် ကျွန်ုပ်တို့အား ပဋိညာဉ်သစ်၏ အမှုကိုဆောင်ရွက်နိုင်သော စွမ်းရည်ကို ပေးတော်မူ၏။ ထိုပဋိညာဉ်သည် စာဖြင့် ရေးသားထားသောပညတ်တရားမဟုတ်၊ ဝိညာဉ်တော်နှင့်ဆိုင်သောတရားဖြစ်၏။ စာဖြင့် ရေးသားထားသောပညတ်တရားသည် အသက်ကို သေစေ၏။ ဝိညာဉ်တော်ကမူ အသက်ကို ရှင်စေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
``ငါသည်သင့်အားလူမျိုးအမြောက်အမြားတို့ ၏အဖဖြစ်စေပြီ'' ဟုကျမ်းစာတော်တွင်ဖော်ပြ သည်နှင့်အညီဖြစ်သည်။ သို့ဖြစ်၍ဘုရားသခင် ၏ရှေ့တော်၌ထိုကတိတော်တည်ရ၏။ ဘုရား သခင်သည်အာဗြဟံယုံကြည်သောဘုရား၊ သူ သေတို့ကိုအသက်ရှင်စေသောဘုရား၊ ယခင် ကမဖြစ်ဘူးသည့်အရာများကိုဖြစ်ပေါ် စေရန်အမိန့်ပေးတော်မူသောဘုရားဖြစ် တော်မူ၏။-
ပညတ်တရားသည်အခါတစ်ပါးကငါတို့ အားချုပ်နှောင်ခဲ့၏။ ယင်းသို့ချုပ်နှောင်ခြင်းခံရ သောဘဝကိုစွန့်လွှတ်ခဲ့ပြီဖြစ်၍ ယခုအခါ မှာမူငါတို့သည်ပညတ်တရား၏လက်အောက် မှလွတ်မြောက်ကြပြီ။ ယခုအခါ၌ငါတို့ သည်အက္ခရာတင်ထားသည့်တရားဥပဒေ လမ်းစဉ်ဟောင်းအရမဟုတ်တော့ဘဲ ဝိညာဉ် တော်၏လမ်းစဉ်သစ်အရအမှုဆောင်ရွက် ကြပေသည်။
ဘုရားသခင်သည်ပထမအနေဖြင့်တမန် တော်များ၊ ဒုတိယအနေဖြင့်ပရောဖက်များ၊ တတိယအနေဖြင့်ဆရာများကိုလည်း ကောင်း၊ ထိုနောက်နိမိတ်လက္ခဏာပြသူများ၊ အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးကိုရရှိသူများ၊ သူတစ်ပါး တို့ကိုကူညီသူများ၊ ရှေ့ဆောင်လမ်းပြ နိုင်စွမ်းရှိသူများ၊ ထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုပြောနိုင်သူများကို လည်းကောင်းအသင်းတော်တွင်ခန့်ထား တော်မူ၏။-
သူတို့သည်ခရစ်တော်၏အမှုတော်ဆောင်များ ဖြစ်သည်ဟုဆိုလျှင် ငါသည်အထူးသဖြင့် ဖြစ်၏ဟုသူရူးကဲ့သို့ငါဆို၏။ ငါသည်ထို သူတို့ထက်ပို၍အပင်ပန်းခံကာအမှုတော် ကိုဆောင်ခဲ့၏။ သူတို့ထက်ပို၍အကြိမ်ပေါင်း များစွာထောင်ကျခဲ့၏။ ပို၍ကြိမ်ဒဏ်ခံခဲ့ ရ၏။ သေဘေးနှင့်ရင်ဆိုင်ခဲ့သည်မှာအကြိမ် ပေါင်းပို၍များ၏။-
ကျောက်ပြားပေါ်၌အက္ခရာတင်ထားသည့် ပညတ်ကိုပေးအပ်စဉ်က ဘုရားသခင်၏ ဘုန်းအသရေတော်ထွန်းလင်းတောက်ပတော် မူ၏။ ထိုဘုန်းအသရေတော်၏ရောင်ပြန်ဟပ် မှုသည် မောရှေ၏မျက်နှာမှတဖြည်းဖြည်း မှေးမှိန်စပြုသော်လည်း လွန်စွာတောက်ပ လျက်ပင်ရှိနေသေးသဖြင့် ဣသရေလ အမျိုးသားတို့သည်သူ့ကိုစေ့စေ့မကြည့် နိုင်ကြ။ သေခြင်းတရားကိုဖြစ်ပေါ်စေ သည့်ပညတ်တရားကို ဤသို့သောဘုန်း အသရေနှင့်ပေးအပ်တော်မူပါလျှင်၊-
ဤသို့ဆိုရာ၌ပညတ်တရားနှင့်ဘုရား သခင်၏ကတိတော်တို့သည် ဆန့်ကျင်ဘက် ဖြစ်၍နေပါသလော။ အဘယ်နည်းနှင့်မျှ မဟုတ်။ အကယ်၍အသက်ရှင်စေနိုင်သည့် ပညတ်တရားကိုလူသားတို့ရရှိခဲ့ပါ လျှင် လူတိုင်းပင်ထိုပညတ်တရားကိုစောင့် ထိန်းခြင်းဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိနိုင်ကြမည်သာဖြစ်၏။-
အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-