Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 3:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဘုရားသခင်​သည် ငါ​တို့​အား ပဋိညာဉ်​သစ်​၏​အမှု​ကို​ဆောင်ရွက်​နိုင်​သော​အစွမ်းအစ​ကို​ပေး​တော်မူ​၏။ ထို​ပဋိညာဉ်​သစ်​သည် အက္ခရာတင်​ထား​သော​တရား​နှင့်​မ​ဆိုင်၊ ဝိညာဉ်​တော်​နှင့်​သာ​ဆိုင်​၏။ အကြောင်းမူကား အက္ခရာတင်​ထား​သော​တရား​သည် အသက်​ကို​သေ​စေ​၍ ဝိညာဉ်​တော်​မူကား အသက်​ကို​ရရှိ​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ငါ​တို့​သည်​ပ​ဋိ​ညာဉ်​တ​ရား​သစ်​အ​တွက် အ​မှု​တော်​ထမ်း​ဆောင်​နိုင်​ရန် ကိုယ်​တော်​သည် ငါ​တို့​အား​စွမ်း​ရည်​သတ္တိ​များ​ကို​ပေး​တော် မူ​၏။ ထို​ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကား​အက္ခ​ရာ တင်​ထား​သည့်​ပ​ညတ်​တ​ရား​မ​ဟုတ်။ ဝိ​ညာဉ် တော်​တ​ရား​ဖြစ်​၏။ အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​သည်​အ​သက်​သေ​စေ​တတ်​၏။ ဝိ​ညာဉ် တော်​မူ​ကား​အ​သက်​ရှင်​စေ​တတ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ၎င်း ပြင် ကိုယ် တော် သည် သေ စေ သော အ က္ခ ရာ ဆိုင် ရာ ပဋိ ညာဉ် တော် မ ဟုတ်၊ ရှင် စေ သော ဝိ ညာဉ် တော် ဆိုင် ရာ ပ ဋိ ညာဉ် တော် သစ် ကို ဆောင် ရွက် ရန် တတ် စွမ်း စေ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ ဆ​ရာ​ဖြစ်​နိုင်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ပေး​တော်​မူ၏။ ထို​သို့​ဆို​သော် ကျမ်း​ဟောင်း​တ​ရား​ကို မ​ဆို​လို၊ ဝိ​ညာဉ်​တော်​တ​ရား​ကို ဆို​လို၏။ ကျမ်း​ဟောင်း​တ​ရား​သည် အ​သက်​ကို သတ်​တတ်၏။ ဝိ​ညာဉ်​တော်​တ​ရား​မူ​ကား ရှင်​စေ​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပဋိညာဉ်သစ်​၏ အမှု​ကို​ဆောင်ရွက်​နိုင်သော စွမ်းရည်​ကို ပေးတော်မူ၏။ ထို​ပဋိညာဉ်​သည် စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​မဟုတ်၊ ဝိညာဉ်တော်​နှင့်​ဆိုင်သော​တရား​ဖြစ်၏။ စာ​ဖြင့် ရေးသားထားသော​ပညတ်တရား​သည် အသက်​ကို သေစေ၏။ ဝိညာဉ်တော်​ကမူ အသက်​ကို ရှင်စေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 3:6
45 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အစ္စရေး​အမျိုးအနွယ်​၊ ယုဒ​အမျိုးအနွယ်​တို့​နှင့် ပဋိညာဉ်​သစ်​ဖွဲ့​မည့်​နေ့ရက် ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​က​လည်း“သို့ဖြစ်၍ ကောင်းကင်​နိုင်ငံ​တော်​၏​တပည့်​ဖြစ်​လာ​သော ကျမ်းပြု​ဆရာ​တိုင်း​သည် မိမိ​၏​ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာ​ဘဏ္ဍာ​အသစ်​နှင့်​အဟောင်း​တို့​ကို ထုတ်ယူ​သော​အိမ်ရှင်​နှင့်​တူ​၏”​ဟု မိန့်​တော်မူ​၏။


ဤသည်ကား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။


ကိုယ်တော်​က​လည်း“ဤသည်ကား လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။


ထိုနည်းတူ ညစာ​စား​ပြီးနောက် ခွက်​ကို​လည်း​ယူ​၍“ဤ​ခွက်​ကား သင်​တို့​အတွက်​သွန်းလောင်း​သော ငါ​၏​သွေး​၌​တည်​သည့် ပဋိညာဉ်​သစ်​ဖြစ်​၏။


ခမည်းတော်​သည် သေလွန်​သော​သူ​တို့​ကို ထမြောက်​စေ​၍ အသက်ရှင်​စေ​တော်မူ​သကဲ့သို့ သား​တော်​သည်​လည်း မိမိ​အလိုရှိ​သော​သူ​တို့​ကို အသက်ရှင်​စေ​၏။


ဝိညာဉ်​တော်​က​သာ အသက်ရှင်​စေ​၏။ ကိုယ်ကာယ​သည် မည်သည့်​အကျိုး​ကို​မျှ​မ​ပေး။ ငါ​ဟောပြော​သော​စကား​တို့​သည် ဝိညာဉ်​ဖြစ်​ပြီး အသက်​လည်း​ဖြစ်​၏။


ထို​သခင်​၏​နာမ​တော်​အတွက် လူမျိုး​အပေါင်း​တို့​ထဲတွင် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် ကျေးဇူး​တော်​ကို​လည်းကောင်း၊ တမန်တော်​ဖြစ်​ခြင်း​အခွင့်​ကို​လည်းကောင်း ကိုယ်တော်​အားဖြင့် ငါ​တို့​ရရှိ​ကြ​၏။


သို့ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။ အကြောင်းမူကား ပညတ်​တရား​အားဖြင့် အပြစ်​အကြောင်း​ကို​သိရှိ​ရုံ​မျှသာ​ဖြစ်​၏။


ပညတ်​တရား​သည် အမျက်​တော်​ကို​ဖြစ်ပေါ်​စေ​၏။ သို့သော် ပညတ်​တရား​မ​ရှိ​သော​နေရာ​၌ ဖောက်ဖျက်​ကျူးလွန်​မှု​လည်း​မ​ရှိ။


“ငါ​သည် သင့်​ကို များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်​စေ​ပြီ”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း အာဗြဟံ​သည် မိမိ​ယုံကြည်​သော​ဘုရားသခင်​တည်းဟူသော သေလွန်​သော​သူ​တို့​ကို​အသက်ရှင်​စေ​၍ ဖြစ်တည်​ခြင်း​မ​ရှိ​သည့်​အရာ​များ​ကို​ဖြစ်ပေါ်​လာ​စေရန် အမိန့်​ပေး​နိုင်​သော​ဘုရားသခင်​ရှေ့​တော်​၌ ငါ​တို့​အားလုံး​၏​ဖခင်​ဖြစ်​၏။


သို့သော် ယခု​အခါ ငါ​တို့​သည် ငါ​တို့​ကို​ချုပ်နှောင်​ထား​သော​ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ပြီး ပညတ်​တရား​မှ ကင်းလွတ်​ခွင့်​ရ​ကြ​ပြီ​ဖြစ်၍ အက္ခရာတင်​ထား​သော​တရား​၏​နည်းလမ်း​ဟောင်း​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၏​နည်းလမ်း​သစ်​အားဖြင့် အစေခံ​လျက်​ရှိ​ကြ​၏။


အကြောင်းမူကား ခရစ်တော်​ယေရှု​၌​ရှိ​သည့် အသက်ရှင်​ခြင်း​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​တရား​သည် အပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်ဆိုင်သော​တရား​မှ သင့်​ကို​လွတ်မြောက်​စေ​ပြီ​ဖြစ်​၏။


ထိုနည်းတူ ညစာ​စား​ပြီးမှ ခွက်​ကို​လည်း​ယူ​၍“ဤ​ခွက်​ကား ငါ​၏​သွေး​၌​တည်​သော ပဋိညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ကို​သောက်​သောအခါ​တိုင်း ငါ့​ကို​အောက်မေ့​ဖို့​ရန် ဤသို့​ပြု​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ဘုရားသခင်​သည် အသင်းတော်​၌ ပထမ​အနေဖြင့် တမန်တော်​များ၊ ဒုတိယ​အနေဖြင့် ပရောဖက်​များ၊ တတိယ​အနေဖြင့် ဆရာ​များ၊ ထို့နောက် တန်ခိုး​လက္ခဏာ​ကို​ပြု​သော​သူ​များ၊ ထို့နောက် အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ရရှိ​သူ​များ၊ ကူညီမစ​သူ​များ၊ စီမံ​အုပ်ချုပ်​သူ​များ၊ အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော​သူ​များ စသည်​တို့​ကို ခန့်ထား​တော်မူ​၏။


ထို့ကြောင့် ကျမ်းစာ​၌ “ပထမ​လူ​အာဒံ​သည် အသက်ရှင်​သော​သူ​ဖြစ်လာ​၏”​ဟု ရေး​ထား​၏။ နောက်ဆုံး​အာဒံ​သည် အသက်​ကို​ရရှိ​စေ​သော​ဝိညာဉ်​ဖြစ်​၏။


ငါ့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​နှင့်အညီ ပညာရှိ​သော​ဗိသုကာ​ကဲ့သို့ ငါ​သည် အုတ်မြစ်​ကို​ချ​ထား​ခဲ့​ပြီး အခြား​သော​သူ​သည် ၎င်း​အပေါ်တွင်​တည်ဆောက်​၏။ သို့သော် မည်ကဲ့သို့​တည်ဆောက်​သည်​ကို လူ​တိုင်း​သတိပြု​ရ​မည်။


သို့ဖြစ်လျှင် အာပေါလု​ကား မည်သူ​နည်း။ ပေါလု​ကား မည်သူ​နည်း။ သူ​တို့​သည် မိမိ​တို့​တစ်ဦးစီ​အား ထာဝရ​ဘုရား​ပေးအပ်​တော်မူ​သည့်​အတိုင်း သင်​တို့​ကို ယုံကြည်​ခြင်း​သို့​ပို့ဆောင်​ပေး​သော အမှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။


သူ​တို့​သည် ခရစ်တော်​၏​အစေခံ​ဖြစ်​ကြ​သလော။ ငါ​သည် ပို၍​ပင်​ဖြစ်​၏​ဟု ရူးသွပ်​နေ​သူ​တစ်​ဦး​ကဲ့သို့ ငါ​ဆို​၏။ ငါ​သည် ပို၍​ကြိုးပမ်း​အားထုတ်​လျက် အကြိမ်ပေါင်း​များစွာ​အကျဉ်း​ချ​ခံရ​လျက် ပို၍​များစွာ​ရိုက်နှက်​ခြင်း​ခံရ​လျက် သေဘေး​နှင့် မကြာခဏ​ရင်ဆိုင်​ရ​၏။


ထို​သူ​တို့​၏​စိတ်နှလုံး​သည် မာကျော​လျက်​ရှိ​၍ ယနေ့​တိုင်အောင် ပဋိညာဉ်​ဟောင်း​ကို​ဖတ်​သောအခါ ထို​မျက်နှာလွှား​သည် ဖယ်ရှား​ခြင်း​မ​ခံရ​ဘဲ ရှိ​နေ​သေး​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​အားဖြင့်​သာ ထို​မျက်နှာလွှား​ကို ဖယ်ရှား​နိုင်​၏။


သင်​တို့​သည် ငါ​တို့​ပြုစု​သော ခရစ်တော်​၏​စာ​ဖြစ်​ကြောင်း ထင်ရှား​လျက်​ရှိ​၏။ ထို​စာ​ကို မင်​အားဖြင့်​မ​ဟုတ်​ဘဲ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ရေး​ထား​ခြင်း​ဖြစ်ပြီး ကျောက်​ပြား​ပေါ်၌​မ​ဟုတ်​ဘဲ လူ​၏​နှလုံးသား​ပြင်​ပေါ်၌​ရေး​ထား​ခြင်း​ဖြစ်​၏။


ကျောက်​ပြား​ပေါ်​ရေးထွင်း​၍ အက္ခရာတင်​ထား​သော သေ​ခြင်း​နှင့်ဆိုင်​သည့် အမှု​ပင်လျှင် ဘုန်း​အသရေ​ဖြင့်​ရောက်လာ​၍ မောရှေ​၏​မျက်နှာ​မှ​ထွက်​သော မှေးမှိန်​သွား​သည့်​ဘုန်း​အသရေ​ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် သူ​၏​မျက်နှာ​ကို စေ့စေ့​မ​ကြည့်​နိုင်​ခဲ့​ကြ​သည်​ဆိုလျှင်


အကြောင်းမူကား အပြစ်​ကို​ထင်ရှား​စေ​သည့်​အမှု​၌ ဘုန်း​အသရေ​ရှိ​လျှင် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သော​အမှု​သည် သာ၍​ကြီးမား​သော​ဘုန်း​အသရေ​နှင့် ပြည့်စုံ​ပေ​လိမ့်မည်။


သို့ဖြစ်လျှင် ပညတ်​တရား​သည် ဘုရားသခင်​၏​ကတိ​တော်​နှင့် ဆန့်ကျင်ဘက်​ဖြစ်​သလော။ လုံးဝ​မ​ဖြစ်​ပေ။ အကြောင်းမူကား ပေးအပ်​ထား​သော​ပညတ်​တရား​သည် အသက်ရှင်​စေ​နိုင်​သည်​ဆိုလျှင် ဖြောင့်မတ်​ခြင်း​ကို ထို​ပညတ်​တရား​အားဖြင့် အမှန်ပင်​ရရှိ​ခဲ့​ပေ​လိမ့်မည်။


တစ်ချိန်က သင်​တို့​သည် မိမိ​တို့​၏​အပြစ်​နှင့်​ကျူးလွန်​သော​အပြစ်​များ​၌​သေ​နေ​ကြ​၍


ကျူးလွန်​သော​အပြစ်​များ​၌ သေ​နေ​သော​ငါ​တို့​ကို ခရစ်တော်​နှင့်အတူ အသက်ရှင်​စေ​တော်မူ​၏။ (သင်​တို့​သည် ကျေးဇူး​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။)


တန်ခိုး​တော်​၏​လုပ်ဆောင်​မှု​အားဖြင့် ငါ့​အား​ပေးအပ်​ထား​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ဆိုင်ရာ​ကောင်းချီး​လက်ဆောင်​နှင့်အညီ ငါ​သည် ထို​ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော အမှု​တော်​ဆောင်​ဖြစ်လာ​၏။


‘​ဤ​တရား​စကား​များ​ကို မ​လိုက်နာ​၊ မ​စောင့်ထိန်း​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။


ဤ​အကြောင်းအရာ​များ​ကို ညီအစ်ကို​တို့​အား​ညွှန်ပြ​လျှင် သင်​သည် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​တရား​စကား​နှင့် သင်​လိုက်လျှောက်​သည့် ကောင်း​သော​သွန်သင်​ချက်​၏​တရား​စကား​တို့​ဖြင့် ပြုစု​ပျိုးထောင်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ယေရှု​၏​ကောင်း​သော​အစေခံ​ဖြစ်​လိမ့်မည်။


ငါ​သည် ထို​ကောင်းမြတ်​သော​သတင်း​အတွက် သံတော်ဆင့်​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း၊ ဆရာ​အဖြစ်​လည်းကောင်း ခန့်အပ်​ထား​ခြင်း​ခံရ​၏။


ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏​သွေး​ထက် သာ၍​မြတ်​သော​အရာ​ကို​မြွက်ဆို​သည့် ပက်ဖျန်း​သော​သွေး​တော်​ထံသို့​လည်းကောင်း ချဉ်းကပ်​ကြ​၏။


ထာဝရ​ပဋိညာဉ်​နှင့်ဆိုင်သော​သွေး​တော်​အားဖြင့် သိုး​တို့​၏​သိုးထိန်း​ကြီး​ဖြစ်​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​တော်မူ​သည့် ငြိမ်သက်​ခြင်း​အရှင်​ဘုရားသခင်​သည်


ဤသို့ဖြင့် ယေရှု​သည် သာ၍​မြတ်​သော​ပဋိညာဉ်​၏​အာမခံ​ဖြစ်​တော်မူ​၏။


ဘုရားသခင်​သည် “ပဋိညာဉ်​သစ်”​ဟု မိန့်​တော်မူ​ခြင်း​အားဖြင့် ပထမ​ပဋိညာဉ်​ကို ဟောင်းနွမ်း​စေ​တော်မူ​၏။ ကြာညောင်း​၍ ဟောင်းနွမ်း​သော​အရာ​သည် မကြာမီ​ပျောက်ကွယ်​သွား​လိမ့်မည်။


အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည်​လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်အပြီး ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ သင်​တို့​ကို ဘုရားသခင်​ထံ​တော်​သို့​ပို့ဆောင်​မည့်​အကြောင်း ဖြောင့်မတ်​သော​အရှင်​သည် မ​ဖြောင့်မတ်​သော​သူ​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ ကိုယ်တော်​သည် ကိုယ်ကာယ​၌ အမှန်ပင်​အသေခံ​သော်လည်း ဝိညာဉ်​တော်​၌​မူကား အသက်ရှင်​စေ​ခြင်း​ကို​ခံ​တော်မူ​လျက်


အစအဦး​က​ပင်​ရှိ​သော​အရာ၊ ငါ​တို့​ကြား​ရ​သော​အရာ၊ ကိုယ့်​မျက်စိ​ဖြင့် မြင်​ရ​သော​အရာ၊ ငါ​တို့​ကြည့်ရှု​လျက် ကိုယ့်​လက်​ဖြင့် တို့ထိ​စမ်းသပ်​ရ​သော​အရာ​တည်းဟူသော အသက်​နှင့်ဆိုင်သည့် နှုတ်ကပတ်တော်​အကြောင်း​ဟူမူကား


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ