၂ ကော 3:7 - Common Language Bible7 ကျောက်ပြားပေါ်၌အက္ခရာတင်ထားသည့် ပညတ်ကိုပေးအပ်စဉ်က ဘုရားသခင်၏ ဘုန်းအသရေတော်ထွန်းလင်းတောက်ပတော် မူ၏။ ထိုဘုန်းအသရေတော်၏ရောင်ပြန်ဟပ် မှုသည် မောရှေ၏မျက်နှာမှတဖြည်းဖြည်း မှေးမှိန်စပြုသော်လည်း လွန်စွာတောက်ပ လျက်ပင်ရှိနေသေးသဖြင့် ဣသရေလ အမျိုးသားတို့သည်သူ့ကိုစေ့စေ့မကြည့် နိုင်ကြ။ သေခြင်းတရားကိုဖြစ်ပေါ်စေ သည့်ပညတ်တရားကို ဤသို့သောဘုန်း အသရေနှင့်ပေးအပ်တော်မူပါလျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible7 ကွယ် ပျောက် ဆဲ ဘုန်း နှင့် ပြည့် စုံ သော မော ရှေ၏ မျက် နှာ ကို ဣ သ ရေ လ အ မျိုး သား တို့ မ ရှု ကြည့် နိုင် အောင် ကျောက် ထက် အ က္ခ ရာ တင် သော သေ ခြင်း ဆိုင် ရာ ဝတ် နည်း သည် ဘုန်း နှင့် တ ကွ ဖြစ် ပေါ် လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible7 ထိုမှတစ်ပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သော ရောင်ခြည်ကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသော သေခြင်း၏တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ကျောက်ပြားပေါ်ရေးထွင်း၍ အက္ခရာတင်ထားသော သေခြင်းနှင့်ဆိုင်သည့် အမှုပင်လျှင် ဘုန်းအသရေဖြင့်ရောက်လာ၍ မောရှေ၏မျက်နှာမှထွက်သော မှေးမှိန်သွားသည့်ဘုန်းအသရေကြောင့် အစ္စရေးအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြသည်ဆိုလျှင် အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 ကျောက်ပြားပေါ်တွင် ရေးထွင်းထားသည့် သေခြင်းနှင့်ဆိုင်သောတရားကို ပေးအပ်တော်မူစဉ် ဘုရားသခင်၏ ဘုန်းရောင်ခြည်ထွန်းတောက်တော်မူ၏။ ထိုဘုန်းရောင်ခြည်သည် မောရှေ၏ မျက်နှာ၌ ထင်ဟပ်၍ ထိုထင်ဟပ်ခြင်းမှာ တဖြည်းဖြည်းမှေးမှိန်လာသော်လည်း အစ္စရေးလူမျိုးတို့သည် မောရှေ၏ မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြပေ။ သေခြင်းနှင့်ဆိုင်သော တရားသည် ဤကဲ့သို့သော ဘုန်းအသရေနှင့် ပြည့်စုံလျှင် အခန်းကိုကြည့်ပါ။ |
ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
ဤသို့ဆိုရာ၌ပညတ်တရားနှင့်ဘုရား သခင်၏ကတိတော်တို့သည် ဆန့်ကျင်ဘက် ဖြစ်၍နေပါသလော။ အဘယ်နည်းနှင့်မျှ မဟုတ်။ အကယ်၍အသက်ရှင်စေနိုင်သည့် ပညတ်တရားကိုလူသားတို့ရရှိခဲ့ပါ လျှင် လူတိုင်းပင်ထိုပညတ်တရားကိုစောင့် ထိန်းခြင်းဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိနိုင်ကြမည်သာဖြစ်၏။-
``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''
ဣသရေလအမျိုးသားတို့ကဲ့သို့သင်တို့ သည်လက်နှင့်စမ်းသပ်နိုင်သောသိနာတောင် သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင် သည်မီးတောက်မီးလျှံထ၍မဲမှောင်ညိုမှိုင်း ကာမုန်တိုင်းကျလျက် တံပိုးခရာမှုတ်သံ နှင့်ဗျာဒိတ်တော်အသံထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလအမျိုးသားတို့သည် ဗျာဒိတ်တော်အသံကိုနောက်တစ်ဖန်မကြား ရစေရန်မောရှေအားတောင်းပန်ကြ၏။-