၂ ကော 3:5 - Common Language Bible5 မိမိတို့သည်ဤအမှုကိုထမ်းဆောင်နိုင်သည် ဟုပြောဆိုနိုင်ရန် ငါတို့တွင်အဘယ်စွမ်း ရည်သတ္တိမျှမရှိ။ ငါ၌ရှိသည့်စွမ်းရည် မှာဘုရားသခင်ထံတော်မှရရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 ထို သို့ ဆို သော် ကိုယ့် သ တ္တိ သ ဖွယ် ထင် မှတ်၍ အ မှု ကို ကိုယ် တိုင် တတ် စွမ်း သည် ဟု မ ဆို လို။ ငါ တို့ တတ် စွမ်း ခြင်း မှာ ဘု ရား သ ခင် မှ ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible5 သို့ရာတွင် ငါတို့သည် ကိုယ်တန်ခိုးကို အမှီပြု၍၊ ကိုယ်အလိုအလျောက် တစ်စုံတစ်ခုကိုကြံစည်ခြင်းငှာ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကို အမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ထိုသို့ဆိုသော် တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာသည်ဟု သတ်မှတ်နိုင်ရန် ငါတို့၌အစွမ်းအစရှိသည်ဟုမဆိုလို။ ငါတို့၏အစွမ်းအစသည် ဘုရားသခင်ထံမှသာဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် အရာရာကို မိမိဘာသာ လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိကြောင်း ထင်မှတ်ကြသည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ စွမ်းရည်သည် ဘုရားသခင်ထံမှ ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
လူမျိုးခြားတို့သည်ဘုရားသခင်၏စကား ကိုနာခံလာကြစေရန်ငါ၏အပြောအဆို အပြုအမူများအားဖြင့်လည်းကောင်း၊ ထူး ဆန်းသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် အမှုအရာများအားဖြင့်လည်းကောင်း၊ ဘုရား သခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ခရစ်တော်ပြုတော်မူသောအရာများအကြောင်း ကိုသာလျှင်ငါရဲဝံ့စွာဖော်ပြမည်။ သို့ဖြစ်၍ ငါသည်ယေရုရှလင်မြို့မှဣလုရိပြည်အထိ ရောက်ရှိသည့်အရပ်ရပ်၌ ခရစ်တော်အကြောင်း သတင်းကောင်းကိုအကုန်အစင်ကြေညာ ခဲ့ပြီ။-
သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-