Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 48:33 - Common Language Bible

33 အ​သီး​အ​နှံ​ကြွယ်​ဝ​သည့်​မော​ဘ​ပြည်​မှ ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​ရုပ်​သိမ်း​လိုက်​လေ ပြီ။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည် များ​ယို​ထွက်​၍​မ​လာ​တော့​ပေ။ စ​ပျစ်​သီး ကို​နယ်​၍​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​မည့် သူ​လည်း​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 မော ဘ ပြည် မှ လည်း ကောင်း၊ ခြံ ထဲ မှ လည်း ကောင်း၊ ဝမ်း မြောက် ရွှင် လန်း ခြင်း များ ကို ရုပ် သိမ်း သည့် အ လျောက်၊ စ ပျစ် ကျင်း မှ အ သီး ပြတ် စဲ စေ တော် မူ သ ဖြင့်၊ ပျော် ရွှင် စွာ ဖိ နင်း သူ မ ရှိ။ ကြွေး ကြော် သံ လည်း ရွှင် လန်း သံ မ ဟုတ် ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ဝ​ပြော​သော​လယ်​ပြင်​နှင့် မော​ဘ​ပြည်​ထဲ​မှာ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း ပြတ်​လေ​ပြီ။ စ​ပျစ်​သီး​နယ်​ရာ ကျင်း၌ စ​ပျစ်​ရည်​ကို ငါ​ပြတ်​စေ​ပြီ။ ကြွေး​ကြော်​သံ​ကို​ပြု၍ စ​ပျစ်​သီး​ကို မ​နင်း​ရ။ ကြွေး​ကြော်​သော အ​သံ​လည်း ကြွေး​ကြော်​သော​အ​သံ မ​ဟုတ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 သီးနှံ​ဖြစ်ထွန်း​သော​မြေ​နှင့် မောဘ​ပြည်​၌ ဝမ်းမြောက်​ရွှင်လန်း​ခြင်း ပျောက်ကွယ်​လေ​ပြီ​။ စပျစ်သီးနယ်ရာကျင်း​မှ စပျစ်ဝိုင်​ပြတ်​လေ​ပြီ​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​လျက် စပျစ်သီး​ကို​နင်းနယ်​ကြ​တော့​မည်​မ​ဟုတ်​။ ကြွေးကြော်​သော​အသံ​သည်​လည်း ဝမ်းမြောက်​သော​ကြွေးကြော်​သံ​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 48:33
13 ပူးပေါင်းရင်းမြစ်များ  

ငါး​ဧ​က​ရှိ​သည့်​စ​ပျစ်​ခြံ​မှ​စ​ပျစ်​ရည် သည် တစ်​ဂါ​လံ​မျှ​သာ​ရ​ရှိ​လိမ့်​မည်။ မျိုး စေ့​ဆယ်​တင်း​ကြဲ​သော်​လည်း​တစ်​တင်း သာ​လျှင်​ပြန်​လည်​ရ​ရှိ​လိမ့်​မည်။''


ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​စ​ပျစ် ပင်​တစ်​ထောင်​ရှိ​၍ ငွေ​ခွက်​တစ်​ထောင်​တန်​ဖိုး ထိုက်​သည့်​စ​ပျစ်​ဥ​ယျာဉ်​တိုင်း​ပင်​လျှင်​ဆူး ခြုံ​အ​မျိုး​မျိုး​ဖြင့်​ဖုံး​အုပ်​၍​နေ​လိမ့်​မည်။-


အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​သူ​တို့ အား လွန်​စွာ​အား​ရ​ရွှင်​လန်း​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ဝမ်း​မြောက် စေ​တော်​မူ​ပါ​ပြီ။ လူ​တို့​သည်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ချိန်​၌​လည်း​ကောင်း၊ တိုက်​ရာ​ပါ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ယူ​ချိန်​၌​လည်း​ကောင်း၊ ဝမ်း​မြောက်​ကြ​သ​ကဲ့​သို့ သူ​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ ပါ​၏။


ငါ​တို့​သည်​မိ​မိ​တို့​၏​ကောက်​ပဲ​သီး​နှံ​များ အ​ဖျက်​အ​ဆီး​ခံ​ရ​ချိန်​၌​ပင်​မည်​သို့​မျှ​မ​တတ်​နိုင်၊ငေး​၍​ကြည့်​နေ​ရ​ကြ​၏။ ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင်​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။


အ​ချင်း​သေ​သောက်​ကြူး​တို့​နိုး​ထ​၍​ငို​ကြွေး​ကြ​လော့။ အ​ချင်း​စ​ပျစ်​ရည်​သ​မား​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ စ​ပျစ်​ရည်​သစ်​ပြု​လုပ်​ရန်​စ​ပျစ်​သီး​များ​ပျက်​စီး​ကုန်​ပြီ။


စ​ပျစ်​ခြံ​တိုင်း​မှ​ငို​ကြွေး​သံ​များ​ပေါ် ထွက်​လာ​မည်။ ငါ​သည်​သင်​တို့​ကို​အ​ပြစ် ပေး​ရန်​ကြွ​လာ​ပြီး​ဖြစ်​သော​ကြောင့် ဤ​သို့ ဖြစ်​ရ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။


သင်​တို့​သည်​ဂျုံ​စ​ပါး​တင်း​နှစ်​ဆယ်​ရှိ​မည် ဟု​ခန့်​မှန်း​ရ​သည့်​စ​ပါး​ပုံ​သို့​သွား​ရောက် သော​အ​ခါ ဆယ်​တင်း​သာ​တွေ့​ရ​ကြ​သည် မ​ဟုတ်​ပါ​လော၊ စပျစ်​ရည်​အ​ချိန်​ငါး​ဆယ် ရ​ရှိ​လိမ့်​မည်​ဟု​ဆို​ကာ၊ စ​ပျစ်​ရည်​စည် ကြီး​သို့​သွား​သော​အ​ခါ​အ​ချိန်​နှစ်​ဆယ် သာ​တွေ့​ရှိ​ရ​သည်​မ​ဟုတ်​ပါ​လော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ