Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 48:32 - Common Language Bible

32 ယာ​ဇာ​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငို​ကြွေး သည်​ထက်​စိ​ဗ​မာ​မြို့​သူ​မြို့​သား​များ အ​တွက် ငါ​ပို​၍​ငို​ကြွေး​မည်။ အို စိ​ဗ​မာ​မြို့၊ သင်​သည်​ပင်​လယ်​သေ​ကို​ကျော်​ဖြတ်​၍ ယာ​ဇာ​မြို့​တိုင်​အောင်​ပျံ့​နှံ့​သွား​သည့်​စ​ပျစ် ပင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သင် ၏​နွေ​ရာ​သီ​သစ်​သီး​ဝ​လံ​များ​နှင့်​စ​ပျစ် ပင်​များ​သည်​အ​ဖျက်​အ​ဆီး​ခံ​ရ​ကြ​လေ ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 အို တစ် ဘက် သို့ ပြန့် ပွား လျက်၊ ယာ ဇာ အိုင် တိုင် အောင် ရောက် သည့် အ ခက် အ လက် နှင့် ပြည့် စုံ သော၊ အို စိ ဗ မာ စ ပျစ် ပင်၊ သင့် အ သီး အ ရည် ကို လု ယက် သူ တို့ ရ ပြီး ဖြစ် သော ကြောင့်၊ ယာ ဇာ သူ မြို့ သား တို့ ငို ကြွေး ကြ သည် ထက်၊ ငါ ငို ကြွေး မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 အို စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင်၊ ယာ​ဇာ​မြို့​အ​တွက် မျက်​ရည်​ကျ​သည်​ထက်၊ သင့်​အ​တွက် ငါ​သည် မျက်​ရည်​ကျ​မည်။ သင်၏​အ​ညွန့်​တို့​သည် ပင်​လယ်​ကို​လွန်၍၊ ယာ​ဇာ​ပင်​လယ်​တိုင်​အောင် ရောက်​ကြ၏။ ဖျက်​ဆီး​သော​သူ​သည် သင်၏​သစ်​သီး​နှင့် စ​ပျစ်​သီး​တို့​ကို လု​ယူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 အို စိဗမာ​မြို့​ရှိ​စပျစ်နွယ်ပင်​၊ ယာဇာ​မြို့​ကြောင့် ငိုကြွေး​သည်​ထက် သင့်​ကြောင့် ငါ​ငိုကြွေး​မည်​။ သင်​၏​အကိုင်း​တို့​သည် ဖြာထွက်​၍ ယာဇာ​ပင်လယ်​တိုင်အောင် ရောက်ရှိ​ကြ​၏​။ သို့သော် သင်​၏​နွေရာသီသီးနှံ​နှင့် စပျစ်သီး​တို့​သည် အဖျက်ဆီး​ခံရ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 48:32
13 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​မိ​ဇ​ပါ​မြို့​တွင်​နေ​၍​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​လာ​ရောက်​ချိန်​၌ သင်​တို့ ကိုယ်​စား​ပြု​ပါ​မည်။ သင်​တို့​မူ​ကား​စ​ပျစ် ရည်၊ သစ်​သီး​နှင့်​သံ​လွင်​ဆီ​တို့​ကို​စု​သိမ်း သို​လှောင်​ကာ မိ​မိ​တို့​ရွာ​များ​တွင်​နေ​ထိုင် ကြ​လော့'' ဟု​ဆို​၏။-


မော​ဘ​ပြည်​နှင့်​မြို့​တို့​သည်​ပျက်​စီး​ကာ သူ​တို့​၏​လက်​ရွေး​စင်​လူ​ငယ်​လူ​ရွယ်​တို့​သည် အ​သတ်​ခံ​ရ​ကြ​လေ​ပြီ။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ ဤ​ကား​ငါ​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။


ဒိ​ဘုန်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​မှ သက်​ဆင်း​၍​မြေ​မှုန့်​ပေါ်​တွင်​ထိုင်​ကြ​လော့။ မော​ဘ​ပြည်​ကို​ပျက်​ပြုန်း​စေ​သော​သူ​သည် ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကာ​သင်​၏​ခံ​တပ် များ​ကို ဖြို​ဖျက်​လိုက်​လေ​ပြီ။


အ​ဘယ်​မြို့​မျှ​ဆုံး​ပါး​ပျက်​စီး​မှု​နှင့် ကင်း​လွတ်​လိမ့်​မည်​မ​ဟုတ်။ ချိုင့်​ဝှမ်း​ရော၊လွင်​ပြင်​ပါ​ပျက်​စီး​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။


မော​ရှေ​သည်​ယာ​ဇာ​မြို့​ကို​မ​တိုက်​ခိုက်​မီ လူ​ကို စေ​လွှတ်​၍​ထောက်​လှမ်း​စေ​၏။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ထို​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​သ​ဖြင့် အာ​မော​ရိ အ​မျိုး​သား​တို့​သည်​ထို​မြို့​များ​မှ​ထွက်​ပြေး ကြ​၏။


ရု​ဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့​တွင် သိုး​နွား တိ​ရစ္ဆာန်​မြောက်​မြား​စွာ​ရှိ​ကြ​၏။ ယာ​ဇာ ပြည်​နှင့်​ဂိ​လဒ်​ပြည်​တွင်​စား​ကျက်​ကောင်း များ​ရှိ​ကြောင်း​သိ​ရှိ​ရ​သော​အ​ခါ၊-


``ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ဖြင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​ရ​ရှိ​သော အ​တ ရုတ်​မြို့၊ ဒိ​ဘုန်​မြို့၊ ယာ​ဇာ​မြို့၊ နိ​မ​ရ​မြို့၊ ဟေ​ရှ ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ရှေ​ဘံ​မြို့၊ နေ​ဗော​မြို့​နှင့် ဗော​န​မြို့​များ​တည်​ရှိ​ရာ​ဒေ​သ​တွင်​စား​ကျက် ကောင်း​များ​ရှိ​ပါ​သည်။ အ​ကျွန်ုပ်​တို့​တွင်​သိုး နွား​တိ​ရစ္ဆာန်​များ​စွာ​ရှိ​ပါ​သည်။-


အာ​တ​ရုတ်​ရှော​ဖန်​မြို့၊ ယာ​ဇာ​မြို့၊ ယု​မ္ဘေဟ မြို့၊-


နေ​ဗော​မြို့၊ ဗာ​လ​မော​န​မြို့(ဤ​မြို့​၏​နာ​မည် ကို​ပြောင်း​လိုက်​၏) နှင့်​ရှိ​ဗ​မ​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​သည်။ သူ​တို့​ပြန် လည်​တည်​ဆောက်​သော​မြို့​များ​ကို​နာ​မည် သစ်​ဖြင့်​မှည့်​ခေါ်​ကြ​သည်။


ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​ဝှမ်း​တောင် ကုန်း​ပေါ်​ရှိ​ဇာ​ရက်​ရှာ​ဟာ​မြို့၊-


သူ​တို့​၏​နယ်​မြေ​သည်​ယာ​ဇာ​မြို့​နှင့်​ဂိ​လဒ် ပြည်​ရှိ​မြို့​အား​လုံး၊ ရဗ္ဗာ​မြို့​အရှေ့​ဘက်​တွင် ရှိ​သော​အာ​ရော်​မြို့​အ​ထိ​ကျယ်​ပြန့်​သော အမ္မုန်​ပြည်​တစ်​ဝက်​ပါ​ဝင်​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ