Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 48:34 - Common Language Bible

34 ``ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့​တို့​မှ လူ​တို့ ငို​ကြွေး​ကြ​သော​အ​သံ​ကို​ယာ​ဟတ်​မြို့​တိုင် အောင်​ကြား​ရ​ကြ​၏။ ထို​အ​သံ​ကို​ဇော​ရ​မြို့ မှ​ဟော​ရ​နိမ်​မြို့​နှင့်​ကေလက်​မြို့​တို့​မှ​ပင် ကြား​နိုင်​လေ​သည်။ နိ​မ​ရိမ်​ချောင်း​သည် လည်း​ခန်း​ခြောက်​၍​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 နိ မ ရိမ် ချောင်း လည်း ဆိတ် ညံ ရာ ဖြစ် သ ဖြင့်၊ ဟေ ရှ ဘုန် မြို့ မှ ဧ လာ လေ မြို့ နှင့် ရာ ဟပ် မြို့ တိုင် အောင် လည်း ကောင်း၊ ဇော ရ မြို့ မှ ဟော ရ နိမ် မြို့ နှင့် ဧ ဂ လတ် ရှ လိ ရှ မြို့ တိုင် အောင်လည်း ကောင်း၊ အော် ဟစ် ခြင်း အ သံ ကို လွှင့် ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ဟေ​ရှ​ဘုန်​မြို့ ငို​ကြွေး​သံ​မှ​စ၍ ဧ​လာ​လေ​မြို့၊ ယာ​ဟတ်​မြို့ တိုင်​အောင်​လည်း​ကောင်း၊ ဇော​ရ​မြို့​မှ​စ၍ ဟော​ရ​နိမ်​မြို့ တိုင်​အောင်​လည်း​ကောင်း သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​မြည်​သံ​ကဲ့​သို့ အ​သံ​ကို လွှင့်​ကြ၏။ အ​ကြောင်း​မူ​ကား၊ နိ​မ​ရိမ် ရေ​ကန်​တို့​သည်​လည်း ဆိတ်​ညံ​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 နိမရိမ်​ချောင်းရေ​ပင်လျှင် ခန်းခြောက်​သွား​သောကြောင့် ဟေရှဘုန်​မြို့သား​တို့​၏​အော်ဟစ်သံ​သည် ဧလာလေ​မြို့​နှင့် ယာဟတ်​မြို့​တိုင်အောင် ရောက်​လေ​ပြီ​။ ဇောရ​မြို့​မှ ဟောရနိမ်​မြို့​နှင့်​ဧဂလတ်ရှလိရှ​မြို့​တိုင်အောင် သူ​တို့​၏​အသံ​ကို​လွှင့်​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 48:34
10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​လော​တ​သည်​ပတ်​ဝန်း​ကျင်​သို့​လှည့်​ကြည့်​ရာ​ဇော​ရ​မြို့​သို့​တိုင်​အောင် ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​တော် ကဲ့​သို့​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​ကဲ့​သို့​လည်း​ကောင်း​ရေ​ပေါ​များ​ကြောင်း​တွေ့​ရ​လေ​သည်။ (ထာ​ဝ​ရ​ဘု​ရား​သည်​သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​မ​ဖျက်​ဆီး​မီ​က​အ​ခြေ​အ​နေ​ဖြစ်​၏။-)


ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သော​သော​ဒုံ​ဘု​ရင်​ဗေ​ရ၊ ဂေါ​မာ​ဘု​ရင်​ဗိ​ရ​ရှ၊ အာ​ဋ္ဌ​မာ​ဘု​ရင်​ရှိ​နပ်၊ ဇေ​ဘိုင်​ဘု​ရင်​ရှေ​မ​ဘာ​နှင့်​ဗေ​လာ(သို့​မ​ဟုတ် ဇော​ရ) ဘု​ရင်​တို့​အား​စစ်​ချီ​တိုက်​ခိုက်​ကြ လေ​၏။-


ဟော​လုန်​မြို့၊ ယ​ဟာ​ဇ​မြို့၊ မေ​ဖတ်​မြို့၊ ဒိ​ဘုန်​မြို့၊ နေ​ဗော​မြို့၊ ဗက်​ဒိ​ဗ​လ​သိမ်​မြို့၊ ကိ​ရ​ယ​သိမ် မြို့၊ ဗက်​ဂ​မု​လ​မြို့၊ ဗက်​မောင်​မြို့၊ ကေ​ရုတ်​မြို့၊ ဗော​ဇ​ရ​မြို့​အ​စ​ရှိ​သည့်​ကုန်း​ပြင်​မြို့ အ​ပေါင်း​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ ရပ်​နီး​ရပ်​ဝေး​ရှိ မော​ဘ​မြို့​မှန်​သ​မျှ​သည်​အ​ပြစ်​ဒဏ်​စီ ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။-


လု​ဟိတ်​တောင်​ပေါ်​သို့​တက်​ရာ​လမ်း​တွင်​သူ​တို့ ရှိုက်​ကြီး​ငင်​ကြီး​ငို​ကြွေး​သံ​ကို​လည်း​ကောင်း၊ ဟော​ရ​နိမ်​မြို့​သို့​ဆင်း​ရာ​လမ်း​တွင်၊စိတ်​ဒုက္ခ ရောက်​၍ အော်​ဟစ်​သံ​များ​ကို​လည်း​ကောင်း​ကြား​ကြ​လော့။


``ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ဖြင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​ရ​ရှိ​သော အ​တ ရုတ်​မြို့၊ ဒိ​ဘုန်​မြို့၊ ယာ​ဇာ​မြို့၊ နိ​မ​ရ​မြို့၊ ဟေ​ရှ ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ရှေ​ဘံ​မြို့၊ နေ​ဗော​မြို့​နှင့် ဗော​န​မြို့​များ​တည်​ရှိ​ရာ​ဒေ​သ​တွင်​စား​ကျက် ကောင်း​များ​ရှိ​ပါ​သည်။ အ​ကျွန်ုပ်​တို့​တွင်​သိုး နွား​တိ​ရစ္ဆာန်​များ​စွာ​ရှိ​ပါ​သည်။-


ယု​ဒ​ပြည်​နယ်​တောင်​ပိုင်း၊ ဇော​ရ​မြို့​မှ​စွန် ပ​လွံ​ပင်​မြို့​ဟု​ခေါ်​တွင်​သော ယေ​ရိ​ခေါ​မြို့ အ​ထိ​ကျယ်​ပြန့်​သည့်​လွင်​ပြင်​မှ​စ​၍ တစ် ပြည်​လုံး​ကို​မော​ရှေ​အား​ပြ​တော်​မူ​၏။-


ယ​ဟာ​ဇ​မြို့၊ ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ