Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 1:17 - Common Language Bible

17 မော​ရှေ​၏​စ​ကား​ကို​နား​ထောင်​သ​ကဲ့​သို့ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မော​ရှေ နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 စေ လွှတ် ရာ သို့ သွား ပါ မည်။ အ ရာ ရာ၌ မော ရှေ၏ မိန့် ချက် ကို နား ထောင် ခဲ့ သည့် နည်း တူ ကိုယ် တော့် မိန့် ချက် ကို လည်း နား ထောင် ပါ မည်။ ကိုယ် တော် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ မော ရှေ နှင့် အ တူ ရှိ သ ကဲ့ သို့၊ ကိုယ် တော် နှင့် အ တူ ရှိ တော် မူ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 အ​ရာ​ရာ​တို့၌ မော​ရှေ၏​စ​ကား​ကို​နား​ထောင်​သည်​နည်း​တူ ကိုယ်​တော်​စ​ကား​ကို​လည်း နား​ထောင်​ပါ​မည်။ သို့​ဖြစ်၍ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 မောရှေ​၏​စကား​ကို အရာရာ​၌​နားထောင်​သကဲ့သို့ သင်​၏​စကား​ကို အကျွန်ုပ်​တို့ နားထောင်​ပါ​မည်​။ ဘုရားသခင်​ထာဝရဘုရား​သည် မောရှေ​နှင့်အတူ ရှိ​သကဲ့သို့ သင်​နှင့်အတူ ရှိ​ပါစေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 1:17
19 ပူးပေါင်းရင်းမြစ်များ  

အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏​ကောင်း ကင်​တ​မန်​ကဲ့​သို့ ကောင်း​မ​ကောင်း​ကို​ပိုင်း​ခြား သိ​မြင်​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မ သည်​အ​ရှင်​၏​က​တိ​တော်​အ​တိုင်း အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​ဟု​တစ်​ကိုယ်​တည်း ပြော​ဆို​နေ​မိ​ပါ​၏။ အ​ရှင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​နှင့်​အ​တူ​ရှိ တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​မင်း​ကြီး​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ ရှော​လ​မုန် နှင့်​လည်း​အ​တူ​ရှိ​တော်​မူ​၍ သူ​နန်း​စံ​ချိန်​၌ အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက်​ပင်​ပို​၍ ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော'' ဟု ပြန်​လည်​လျှောက်​ထား​၏။


ဒါ​ဝိဒ်​မင်း​သည်​သား​တော်​ရှော​လ​မုန်​အား``သင် သည်​တည်​ကြည်​ခိုင်​ခန့်​၍​ဇွဲ​သတ္တိ​ရှိ​လော့။ အ​လုပ် ကို​အ​စ​ပြု​လော့။ အ​ဘယ်​အ​ရာ​မျှ​သင့်​အား မ​ဆီး​မ​တား​စေ​နှင့်။ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​ကို​စွန့်​ပစ် တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ဗိ​မာန်​တော်​အ​တွက် လို​အပ်​သ​မျှ​သော​အ​မှု​ကိစ္စ​များ​ပြီး​ဆုံး သည်​တိုင်​အောင် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့် မည်။-


ဒုက္ခ​ရောက်​စဉ်​အ​ခါ​အ​ရှင်​မင်း​ကြီး​၏ ပတ္ထ​နာ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နား​ညောင်း​တော်​မူ ပါ​စေ​သော။ ယာ​ကုပ်​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​စေ​သော။


အ​ရှင်​မင်း​ကြီး​၏​လို​အင်​ဆန္ဒ​ကို​ပြည့်​ဝ​စေ တော်​မူ​၍ အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​ကို​လည်း​အောင် မြင်​စေ​ရန် ကူ​မ​တော်​မူ​ပါ​စေ​သော။


အို ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​ခေါ်​သော​အ​ခါ​ထူး​တော်​မူ​ပါ။


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``နုန်​၏​သား ယော​ရှု​သည်​အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သူ​ဖြစ် သော​ကြောင့် သူ​၏​ဦး​ခေါင်း​ပေါ်​မှာ​သင့်​လက် ကို​တင်​လော့။-


ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​သူ ၏​သြ​ဇာ​ကို​နာ​ခံ​ကြ​စေ​ခြင်း​ငှာ သင်​၏ အာ​ဏာ​အ​ချို့​ကို​သူ့​အား​လွှဲ​အပ်​ပေး​လော့။-


ကိုယ်​တော်​၏​ရှေ့​နောက်​လိုက်​ပါ​လာ​ကြ​သူ​လူ အ​ပေါင်း​တို့​က ``ဒါ​ဝိဒ်​၏​သား​တော်​အား​ဂုဏ် တော်​ကို​ချီး​ကူး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​နှင့်​ကြွ​လာ​သော​အ​ရှင်​သည်​မင်္ဂလာ ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ ကုန်​၏။


မော​ရှေ​သည်​နုန်​၏​သား​ယော​ရှု​အ​ပေါ်​လက် တင်​၍ မိ​မိ​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန်​ခန့် အပ်​ခဲ့​သည်။ သို့​ဖြစ်​၍​ယော​ရှု​သည်​ပညာ​ဉာဏ် နှင့်​ပြည့်​စုံ​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ယော​ရှု​၏​စ​ကား​ကို​နား​ထောင်​၍ မော​ရှေ​ဆင့်​ဆို​သော​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​များ​ကို​လိုက်​နာ​ကြ​လေ​သည်။


ထို​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် မှာ​ကြား​သ​မျှ​ကို​လိုက်​နာ​၍ ကိုယ်​တော် စေ​လွှတ်​ရာ​အ​ရပ်​သို့​သွား​ပါ​မည်။-


ကိုယ်​တော်​၏​အာ​ဏာ​ကို​ဖီ​ဆန်​၍​အ​မိန့် ကို​မ​နာ​ခံ​သော​သူ​အား သေ​ဒဏ်​ခံ​စေ ပါ​မည်။ သို့​ဖြစ်​၍​အား​မာန်​တင်း​၍ ရဲ​ရင့် ခြင်း​ရှိ​တော်​မူ​ပါ'' ဟု ဖြေ​ကြား​ကြ​၏။


ယော​ရှု၊ သင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး မည်​သူ​မျှ​သင့်​အား​ခု​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မော​ရှေ​နှင့်​အ​တူ​ရှိ​တော်​မူ​သည့်​နည်း တူ​ပင် သင်​နှင့်​လည်း​အ​တူ​ရှိ​မည်။ သင့်​ကို​မည် သည့်​အ​ခါ​မျှ​စွန့်​ပစ်​ထား​မည်​မ​ဟုတ်။ သင် နှင့်​အ​တူ​အ​စဉ်​ရှိ​တော်​မူ​မည်။-


သို့​ဖြစ်​၍​ငါ​မိန့်​မှာ​သည့်​အ​တိုင်း​ရဲ​ရင့်​ခြင်း ရှိ​လော့။ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ စိတ်​မ​ပျက်​နှင့်။ သင်​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​သွား​လေ​ရာ​ရာ​၌​သင်​နှင့်​အ​တူ​ရှိ​တော် မူ​၏'' ဟု​မိန့်​တော်​မူ​၏။


ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု​အား​ခေါင်း​ဆောင်​ကြီး​အ​ဖြစ်​ရို​သေ လေး​စား​ကြ​၏။ သူ​တို့​သည်​မော​ရှေ​ကို​ရို​သေ လေး​စား​သည့်​နည်း​တူ​ယော​ရှု​ကို​လည်း သူ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ရို​သေ လေး​စား​ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား​ခြင်္သေ့ ဘေး၊ ဝက်​ဝံ​ဘေး​မှ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား ဤ​ဖိ​လိတ္တိ အ​မျိုး​သား​၏​လက်​မှ​လည်း​ကယ်​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ ရှော​လု​က``ကောင်း​ပြီ၊ သွား​လော့။ ထာ​ဝ​ရ ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ စေ​သော'' ဟု​ဆို​ကာ၊-


သူ​သည်​သင့်​ကို​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် ပါ​မူ ကျွန်ုပ်​သည်​သင့်​အား​ဘေး​လွတ်​လုံ​ခြုံ​ရာ သို့​ထွက်​ခွာ​သွား​နိုင်​ရန်​အ​ကြောင်း​မ​ကြား​ဘဲ နေ​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​၏​ခ​မည်း​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ