ယောရှု 1:18 - Common Language Bible18 ကိုယ်တော်၏အာဏာကိုဖီဆန်၍အမိန့် ကိုမနာခံသောသူအား သေဒဏ်ခံစေ ပါမည်။ သို့ဖြစ်၍အားမာန်တင်း၍ ရဲရင့် ခြင်းရှိတော်မူပါ'' ဟု ဖြေကြားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 အ ရာ ရာ၌ မိန့် ဆို ချက် ကို မ လိုက် မ နာ၊ ဖီ ဆန် သူ မည် သူ မ ဆို သေ ဒဏ် ခံ ပါ မည်။ အား ယူ၍ ရဲ ရင့် တော် မူ ပါ ဟု ယော ရှု ထံ ဝန် ခံ ကြ ကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible18 အာဏာတော်ကိုဆန်၍၊ မှာထားတော်မူသမျှသောစကားကို နားမထောင်သောသူ မည်သည်ကား၊ အသေသတ်ခြင်းကို ခံစေရမည်။ သို့ဖြစ်၍ အားယူတော်မူပါ။ ရဲရင့်ခြင်းရှိတော်မူပါဟု ယောရှုအားပြန်လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သင့်စကားကို ဖီဆန်သောသူ၊ သင်မိန့်မှာသမျှစကားကို မနာခံသောသူအားလုံး သေဒဏ်ခံရမည်။ အားယူ၍ရဲရင့်ခြင်းသာရှိလော့”ဟု ပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-
ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။-