Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 1:16 - Common Language Bible

16 ထို​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် မှာ​ကြား​သ​မျှ​ကို​လိုက်​နာ​၍ ကိုယ်​တော် စေ​လွှတ်​ရာ​အ​ရပ်​သို့​သွား​ပါ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သူ တို့ က၊ မိန့် မှာ သ မျှ ပြု ပါ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​သူ​တို့​က​လည်း၊ ကိုယ်​တော်​မှာ​ထား​တော်​မူ​သ​မျှ​ကို ကျွန်​တော်​တို့​ပြု​ပါ​မည်။ စေ​လွှတ်​တော်​မူ​သ​မျှ​သော အ​ရပ်​သို့ သွား​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထိုအခါ သူ​တို့​က ယောရှု​အား “​အကျွန်ုပ်​တို့​အား မိန့်မှာ​သမျှ​အတိုင်း ပြု​ပါ​မည်​။ စေလွှတ်​လေရာရာ​သို့ သွား​ပါ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 1:16
10 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​မှု​ကို​အ​ရှင်​တာ​ဝန်​ယူ​ဆောင်​ရွက် တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​အား ဝိုင်း​ဝန်း​ကူ​ညီ​ကြ​ပါ​မည်။ သို့​ဖြစ်​၍​ရဲ​ရင့် စွာ​ဆောင်​ရွက်​တော်​မူ​ပါ'' ဟု​ပြော​၏။


ထို​အ​ခါ​ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ် ဝင်​တို့​က``ကိုယ်​တော်​မိန့်​မှာ​သည်​အ​တိုင်း အ​ကျွန်ုပ်​ဆောင်​ရွက်​ပါ​မည်။-


ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့ က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​အ​တိုင်း​ဆောင်​ရွက်​ပါ​မည်။-


မော​ရှေ​သည်​နုန်​၏​သား​ယော​ရှု​အ​ပေါ်​လက် တင်​၍ မိ​မိ​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန်​ခန့် အပ်​ခဲ့​သည်။ သို့​ဖြစ်​၍​ယော​ရှု​သည်​ပညာ​ဉာဏ် နှင့်​ပြည့်​စုံ​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ယော​ရှု​၏​စ​ကား​ကို​နား​ထောင်​၍ မော​ရှေ​ဆင့်​ဆို​သော​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​များ​ကို​လိုက်​နာ​ကြ​လေ​သည်။


ကိုယ်​တော်​သာ​ချဉ်း​ကပ်​၍​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သ​မျှ ကို​ကြား​နာ​ပြီး​လျှင် အ​ကျွန်ုပ်​တို့​အား​ဆင့် ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​မိန့်​တော် ကို​နာ​ခံ​ပါ​မည်' ဟု​လျှောက်​ထား​ကြ​၏။


တိုင်း​ပြည်​အုပ်​ချုပ်​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​၍ သူ​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​ရန်​လည်း​ကောင်း၊ ကောင်း​မြတ်​သော အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို​ဆောင်​ရွက်​ဖို့​အ​သင့်​ရှိ ကြ​ရန်​လည်း​ကောင်း သင်​၏​လူ​စု​အား​သ​တိ ပေး​လော့။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ယော်​ဒန်​မြစ်​အ​နောက်​ဘက် ရှိ​ပြည်​ကို​သိမ်း​ပိုက်​နိုင်​သည်​အ​ထိ သူ​တို့ အား​ကူ​ညီ​တိုက်​ခိုက်​ရ​မည်။ ဣ​သ​ရေ​လ​အ​နွယ် တို့​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ​၌ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မောရှေ​ပေး သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ပြည်​သို့​ပြန် နိုင်​သည်'' ဟု​ဆို​၏။


မော​ရှေ​၏​စ​ကား​ကို​နား​ထောင်​သ​ကဲ့​သို့ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မော​ရှေ နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ