ကယ်တင်ခြင်းသတင်းကောင်းကို လူသားအားလုံးထံ ပို့ဆောင်ဖို့ဆိုတာ ယေရှုက ကျွန်တော်တို့အားလုံးကို မိန့်မှာထားတဲ့ အင်မတန်ကြီးမားတဲ့တာဝန်ပဲ။ ဒီတာဝန်က လူအနည်းငယ်အတွက်မဟုတ်ဘူး၊ ဘုရားသခင်ရဲ့သားသမီးလို့ ယူဆသူတိုင်းအတွက်ပါ။ ဒါကြောင့် ဒီလောကကြီးကို ခမည်းတော်နဲ့ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်ဖို့က မင်းရဲ့အဓိကရည်မှန်းချက်ဖြစ်သင့်တယ်။
လူသားတွေ ဘုရားသခင်ကို လိုအပ်နေတဲ့အကြောင်း မင်း ငြိမ်နေလို့မရဘူး။ နေ့စဉ်နဲ့အမျှ လမ်းလွဲနေတဲ့၊ ငရဲမီးထဲ ကျရောက်နေတဲ့ ဒီလောကကြီးမှာ မင်း မေတ္တာတရားမဲ့စွာ နေလို့မရဘူး။ ဒီမျိုးဆက်က မင်းရဲ့အကူအညီကို တောင်းနေတယ်။ ငြိမ်းချမ်းရေးသတင်းကို ဖြန့်ဝေဖို့ ကောင်းကင်တမန်တွေကို ခေါ်တော်မူတာမဟုတ်ဘူး၊ မင်းကိုပဲ ခေါ်တော်မူတာ။ မင်းရဲ့ဘဝထဲကို ကယ်တင်ခြင်းရောက်ရှိလာခဲ့သလိုပဲ အခုအချိန်မှာ အဲဒီကယ်တင်ခြင်းကို တခြားသူတွေဆီရောက်အောင် မင်းက တံတားတစ်စင်းဖြစ်ရမယ်။
သာသနာပြုဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းညွှန်မှုကိုရတဲ့သူတွေသာ ဘုရားသခင်ရဲ့အမိန့်တော်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်တယ်။ ခက်ခဲကြမ်းတမ်းမှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေကြားမှာ ယုံကြည်ခြင်းကို မစွန့်လွှတ်ဘဲ၊ နှိမ့်ချခံရတဲ့အခါ၊ ညှင်းပန်းနှိပ်စက်ခံရတဲ့အခါ၊ ငြင်းပယ်ခံရတဲ့အခါတောင်မှ မယိမ်းယိုင်ဘဲ ရပ်တည်နိုင်ဖို့ဆိုတာ ဘုရားသခင်ရဲ့သန့်ရှင်းသော ဝိညာဉ်တော်ကပေးတဲ့ ခွန်အားကြောင့်သာ ဖြစ်နိုင်တယ်။
လမ်းလွဲနေသူတွေကို မေတ္တာနဲ့ရှာဖွေသူတွေအတွက် ကောင်းကင်ဘုံမှာ ကြီးမြတ်တဲ့ဆုလာဘ်ရှိတယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ ဒီမေတ္တာတရားက ခရစ်တော်ကို လက်ဝါးကပ်တိုင်မှာ ခံနိုင်ရည်ရှိစေခဲ့တာပဲ။ ကိုယ်တော့်ခြေရာကို လိုက်လျှောက်သူတွေကို မြင်ရတဲ့အခါ ကိုယ်တော်ဘယ်လောက်ပျော်ရွှင်မလဲ။ ရောမဩဝါဒစာ ၁၀:၁၄-၁၅ မှာ ဒီလိုရေးထားတယ်၊ "သူတို့မယုံကြည်သောသူကို အဘယ်သို့ခေါ်ဝေါ်ကြမည်နည်း။ မကြားဘူးလျှင် အဘယ်သို့ယုံကြည်ကြမည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားရကြမည်နည်း။ မစေလွှတ်ဘူးလျှင် အဘယ်သို့ဟောပြောကြမည်နည်း။ ကျမ်းစာလာသည်ကား၊ ဧဝံဂေလိတရားကို ဟောပြောသောသူတို့၏ ခြေတော်သည် အလွန်လှပေ၏ဟုဆိုသတည်း။"
ထိုသူတို့သည်သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်ကသူတို့အား ``ရှောလု နှင့်ဗာနဗတို့ကို ငါ၏အမှုတော်ဆောင်ရန် အတွက်သီးသန့်ရွေးချယ်ကြလော့'' ဟုမိန့် တော်မူ၏။ မိမိလူစုတော်အားပိုင်ဆိုင်ခွင့်ကိုပေး တော်မူ၏။ ဤအဖြစ်အပျက်အထိနှစ် ပေါင်းလေးရာ့ငါးဆယ်ကြာခဲ့၏။ ထိုနောက်ပရောဖက်ရှမွေလပေါ်ထွန်းချိန် အထိ တရားသူကြီးများကိုပေါ်ထွန်းစေ တော်မူ၏။- သူတို့သည်ရှင်ဘုရင်တစ်ပါးခန့်ပေးရန် ရှမွေလအားတောင်းဆိုကြသဖြင့် ဘုရား သခင်သည်ကိရှ၏သားဗင်္ယာမိန်အနွယ်ဝင် ရှောလုကိုခန့်ထားတော်မူ၏။ ရှောလုသည် အနှစ်လေးဆယ်ပတ်လုံးနန်းစံတော်မူ သတည်း။- ထိုနောက်ဘုရားသခင်သည်ရှောလုကိုဖယ် ရှားပြီးလျှင် ဒါဝိဒ်အားဣသရေလဘုရင် အဖြစ်ချီးမြှောက်တော်မူ၏။ ဘုရားသခင်က `ယေရှဲ၏သားဒါဝိဒ်သည်ငါ၏စိတ်တော်နှင့် တွေ့သူ၊ ငါဆောင်ရွက်စေလိုသမျှတို့ကိုဆောင် ရွက်မည့်သူဖြစ်ကြောင်းငါတွေ့ရှိရပြီ' ဟု ဒါဝိဒ်နှင့်ပတ်သက်၍မိန့်တော်မူ၏။- ဘုရားသခင်သည်မိမိ၏ကတိတော်အတိုင်း ဣသရေလအမျိုးသားတို့အဖို့ကယ်တင်ရှင် ကို ထိုသူ၏သားမြေးများအထဲမှပေါ်ထွန်း စေတော်မူ၏။ ထိုအရှင်ကားသခင်ယေရှုပင် ဖြစ်သတည်း။- ထိုအရှင်အမှုတော်ကိုစတင်၍ဆောင်ရွက် တော်မမူမီယောဟန်သည် ဣသရေလအမျိုး သားအပေါင်းတို့အား `နောင်တရ၍ဗတ္တိဇံ မင်္ဂလာကိုခံကြလော့' ဟုဟောပြော၏။- မိမိဆောင်ရွက်ရမည့်အမှုပြီးဆုံးချိန်နီး သောအခါ ယောဟန်က `ငါသည်သင်တို့စောင့် မျှော်နေသည့်အရှင်မဟုတ်။ ထိုအရှင်သည် ငါ့နောက်တွင်ပေါ်ထွန်းလိမ့်မည်။ ငါသည်ထို အရှင်၏ဖိနပ်ကိုမျှမချွတ်ထိုက်' ဟုဆို၏။ ``အာဗြဟံ၏သားမြေးဖြစ်သူငါ့ညီအစ်ကို တို့နှင့် ဘုရားသခင်ကိုကိုးကွယ်သူအခြား အမျိုးသားတို့၊ ဤကယ်တင်ခြင်းဆိုင်ရာ တရားကိုငါတို့ထံသို့ရောက်ရှိလာစေ၏။- ယေရုရှလင်မြို့သားများနှင့်သူတို့၏ခေါင်း ဆောင်များကား ထိုအရှင်သည်ကယ်တင်ရှင် ဖြစ်သည်ကိုမသိမမြင်ကြ။ ဥပုသ်နေ့တိုင်း မိမိတို့ဖတ်ကြသည့်ပရောဖက်ကျမ်းစကား ကိုလည်းနားမလည်ကြ။ သို့သော်ထိုသူတို့ သည်ပရောဖက်များ၏ဟောကြားချက်အတိုင်း ဖြစ်ပျက်စေရန် ထိုအရှင်ကိုသေဒဏ်စီရင် ကြ၏။- ဤသို့သေဒဏ်စီရင်ထိုက်သောအပြစ်တစ်စုံ တစ်ရာကိုမျှမတွေ့သော်လည်း သေဒဏ်ပေး ရန်ပိလတ်မင်းအားတောင်းဆိုကြ၏။- သူတို့သည်ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသမျှသောအရာတို့ ကိုပြုကြပြီးနောက် ထိုအရှင်၏တပည့်တို့ သည်အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှ ချ၍သင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကြ၏။- ထိုအခါသူတို့သည်အစာရှောင်၍ဆု တောင်းပတ္ထနာပြုပြီးလျှင် ဗာနဗနှင့်ရှောလု တို့၏ဦးခေါင်းပေါ်တွင်မိမိတို့လက်ကိုတင် ကြ၏။ ထိုနောက်သူတို့အားအမှုတော် ဆောင်ရွက်ရန်စေလွှတ်လိုက်ကြ၏။
ပေါလုနှင့်ဗာနဗတို့သည်ဒေရဗေမြို့တွင် သတင်းကောင်းကိုဟောပြောကြေညာသဖြင့် လူအမြောက်အမြားတပည့်တော်များဖြစ် လာကြ၏။ ထိုနောက်လုတ္တရမြို့၊ ဣကောနိ မြို့နှင့်ပိသိဒိပြည်အန္တိအုတ်မြို့သို့ပြန် ကြ၏။- ``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
ထို့ကြောင့်ကိုယ်တော်က ``ရိတ်သိမ်းရန်စပါးများ သော်လည်း ရိတ်သိမ်းသောလုပ်သားတို့ကားနည်း လှ၏။- သို့ဖြစ်၍လုပ်သားများစေလွှတ်ပေးရန်စပါးရှင် အားဆုတောင်းကြလော့'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။
ထိုနောက်သခင်ဘုရားသည်အခြားသော တပည့်တော်ခုနစ်ဆယ့်နှစ်ဦးတို့ကိုရွေးချယ် ၍နှစ်ယောက်စီတွဲဖက်စေလျက် ကိုယ်တော်တိုင် ကြွတော်မူမည့်မြို့ရွာအသီးသီးသို့သွား နှင့်ရန်စေလွှတ်တော်မူ၏။- သင်တို့ကိုမကြိုဆိုလက်မခံသောမြို့တွင် လမ်းများပေါ်သို့ထွက်၍ ဤသို့ပြောကြလော့၊- `သင်တို့အားသတိပေးသည့်အနေဖြင့်ငါတို့ ခြေတွင်ကပ်သည့်သင်တို့မြို့ကမြေမှုန့်ကိုငါ တို့ခါချ၏။ သို့ရာတွင်ဘုရားသခင်၏နိုင်ငံ တော်သည်သင်တို့၏အနီးသို့ရောက်ရှိပြီဖြစ် ကြောင်းကိုသိမှတ်ကြလော့၊-' ငါဆိုသည်ကားတရားစီရင်တော်မူရာနေ့၌ ဘုရားသခင်သည်ထိုမြို့ထက်ပို၍သောဒုံ မြို့အားကရုဏာထားတော်မူလိမ့်မည်။'' ``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည်လည်းအမင်္ဂလာရှိ၏။ သင်တို့တွင်ပြုခဲ့သည့်အံ့ဖွယ်အမှုအရာများ ကိုတုရုနှင့်ဇိဒုံမြို့တွင်သာပြုခဲ့ပါမူ ထိုမြို့ တို့သည်ရှေးမဆွကပင်လျှော်တေကိုဝတ်၍ ပြာ ထဲမှာထိုင်လျက်နောင်တရပြီးဖြစ်လိမ့်မည်။- ဘုရားသခင်သည်တရားစီရင်တော်မူရာ ကာလ၌ သင်တို့ထက်ပို၍တုရုနှင့်ဇိဒုံမြို့ တို့အားကရုဏာထားတော်မူပေအံ့။- အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံ တိုင်အောင်မြှောက်စားခြင်းကိုခံလိုသလော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းခံရလတ္တံ့'' ဟုမိန့်တော်မူ၏။ သခင်ယေရှုသည်တပည့်တော်တို့အား ``သင်တို့ ၏စကားကိုနားထောင်သူသည်ငါ့စကားကို နားထောင်၏။ သင်တို့ကိုပစ်ပယ်သူသည်ငါ့ကို ပစ်ပယ်၏။ ငါ့ကိုပစ်ပယ်သူသည်ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုပစ်ပယ်သည်'' ဟုမိန့် တော်မူ၏။ ခုနစ်ဆယ့်နှစ်ဦးသောတပည့်တော်တို့သည် အလွန် ဝမ်းမြောက်ရွှင်လန်းစွာပြန်လည်ရောက်ရှိလာကြ လျက် ``အရှင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမ တော်အားဖြင့် နတ်မိစ္ဆာများပင်နှိမ်နင်းခဲ့ပါသည်'' ဟု လျှောက်ကြ၏။ ကိုယ်တော်က ``ကောင်းကင်မှလျှပ်စစ်ကျသကဲ့ သို့စာတန်ကျသည်ကိုငါမြင်ရ၏။- မြွေဆိုးများ၊ ကင်းမြီးကောက်များအပေါ်မှာ နင်းသွား၍ စာတန်၌ရှိသမျှသောတန်ခိုးကို နှိမ်နင်းနိုင်သည့်အာဏာကိုသင်တို့အားငါပေး အပ်ထားပြီ။ အဘယ်ဘေးမျှသင်တို့၌မရောက်ရ။- ကိုယ်တော်က ``ရိတ်သိမ်းရန်စပါးများစွာရှိ၏။ သို့ရာတွင်ကောက်ရိတ်သူများကားနည်းလှ၏။ သို့ဖြစ်၍ကောက်ရိတ်သမားများပိုမိုစေလွှတ် ပေးရန်စပါးရှင်အားဆုတောင်းကြလော့။-
သို့ဖြစ်၍ငါတို့သည်ခရစ်တော်၏သံတမန် အဖြစ်နှင့်သင်တို့အားမေတ္တာရပ်ခံ၏။ ဘုရား သခင်ကိုယ်တော်တိုင်ပင်လျှင်ငါတို့မှတစ်ဆင့် သင်တို့ကိုမေတ္တာရပ်သကဲ့သို့သင်တို့အား မေတ္တာရပ်ခံ၏။ သင်တို့သည်ဘုရားသခင်၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ပြောင်းလဲကြပါဟူ၍ခရစ်တော်၏ ကိုယ်စားငါတို့တောင်းပန်၏။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။-
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြ လော့။ ကိုယ်တော်သည်ငါတို့အားကယ်တော်မူကြောင်း သတင်းကောင်းကို နေ့စဉ်နေ့တိုင်းထုတ်ဖော်ကြေညာကြလော့။ လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေကိုလည်းကောင်း၊ လူအပေါင်းတို့အားကိုယ်တော်၏ အံ့သြဖွယ်သောအမှုတော်တို့ကိုလည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
ဆုတောင်းသည့်အခါငါတို့၏အတွက်လည်း ဆုတောင်းကြလော့။ ခရစ်တော်၏နက်နဲသည့် အရာနှင့်စပ်ဆိုင်သောတရားတော်ကို ဟော ပြောနိုင်သည့်အခွင့်အလမ်းငါတို့အားပေး တော်မူရန်ဆုတောင်းကြလော့။ ထိုတရား တော်ကြောင့်ငါသည်ယခုထောင်ကျလျက်ရှိ၏။- သို့ဖြစ်၍တရားတော်ကိုဟောပြောအပ်သည် နှင့်အညီ ငါသည်ရှင်းလင်းပြတ်သားစွာဟော ပြောနိုင်ရန်ဆုတောင်းကြလော့။
သို့ဖြစ်၍ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏ ရှေ့တွင်ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ ကိုယ်တော်အားထောမနာပြုသော သီချင်းကိုဆိုပါမည်။
လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ လူအပေါင်းတို့အားကိုယ်တော်၏ အံ့သြဖွယ်ကောင်းသောအမှုတော်တို့ကို လည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
ငါသည်သတင်းကောင်းကိုလုံးဝယုံကြည် စိတ်ချ၏။ ထိုသတင်းကောင်းသည်ဦးစွာယုဒ လူမျိုး၊ ထို့နောက်လူမျိုးခြားတို့တွင်ယုံကြည် သူအပေါင်းတို့အားကယ်တင်သောဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။-
နိုင်ငံတော်ဆိုင်ရာသတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိလူမျိုးအပေါင်းတို့အား သက်သေခံဟောပြောပြီးမှကပ်ကမ္ဘာကုန်ဆုံး ချိန်ရောက်လိမ့်မည်။
``ထို့ပြင်အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ လောကတွင်သင်တို့အနက်လူနှစ်ယောက် မျှစိတ်တူသဘောတူ၍ဆုတောင်းပတ္ထနာပြု ပါလျှင် ကောင်းကင်ဘုံရှင်ငါ၏ခမည်းတော် သည်သင်တို့တောင်းလျှောက်သမျှသောအရာ ကိုပေးသနားတော်မူလိမ့်မည်။-
နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။- သင်တို့အားထိုအဖြစ်အပျက်များနှင့် ပတ်သက်၍မျက်မြင်သက်သေများဖြစ်ကြ၏။-
သို့ရာတွင်ထိုသူတို့သည်ကိုယ်တော်ကိုယုံကြည် မှုမရှိလျှင် အဘယ်သို့ကိုယ်တော်ထံသို့ပတ္ထနာ ပြုနိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကို မကြားလျှင်အဘယ်သို့ယုံကြည်နိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကိုဟောပြောကြေညာ သူမရှိလျှင်အဘယ်သို့ကြားနိုင်မည်နည်း။- ဟောပြောကြေညာသူများကိုမစေလွှတ် လျှင် အဘယ်သို့နှုတ်ကပတ်တရားတော်ကို ဟောပြောကြေညာနိုင်မည်နည်း။ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသည်အတိုင်း``သတင်း ကောင်းကိုယူဆောင်လာသူတို့၏ခြေတို့သည် လွန်စွာတင့်တယ်စွတကား။-''
ရက်အနည်းငယ်ကြာသောအခါပေါလုက ဗာနဗအား ``သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုငါတို့ဟောပြောခဲ့သည့်မြို့ တိုင်း ရှိညီအစ်ကိုများထံသို့ပြန်သွား၍ သူ တို့၏အခြေအနေကိုလေ့လာကြကုန်အံ့'' ဟုဆို၏။-
ငါသည်ယုံကြည်မှုအားနည်းသူတို့အထဲ သို့ရောက်သောအခါ ထိုသူတို့ကိုကယ်တင်နိုင် ရန်ငါသည်ယုံကြည်မှုအားနည်းသူကဲ့သို့ နေထိုင်၏။ အချို့သောသူတို့ကိုတစ်နည်း နည်းအားဖြင့် ကယ်တင်နိုင်ရန်ငါသည်လူ အမျိုးမျိုးအထဲ၌အမျိုးမျိုးနေထိုင်၏။ သတင်းကောင်း၏ကောင်းချီးမင်္ဂလာများကို ဝေမျှနိုင်ရန် ငါသည်သတင်းကောင်းအကျိုးငှာ ဤအမှုခပ်သိမ်းကိုပြုခြင်းဖြစ်သည်။-
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။ ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။ မျိုးစေ့များသည်အညှောက်ထိုး၍အပင် ပေါက်သကဲ့သို့၊ ထာဝရအရှင်ဘုရားသခင်သည် မိမိ၏လူမျိုးတော်အားအမှန်ပင် ကယ်တင်တော်မူလိမ့်မည်။ လူမျိုးတကာတို့သည်လည်းကိုယ်တော်ကို ထောမနာပြုကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူ၍ ရန်သူတို့အားဖြိုခွင်းတော်မူသည့်အချိန် ကျရောက်ပြီဖြစ်ကြောင်းကြေညာရန်ငါ့ကို စေလွှတ်တော်မူပြီ။ ဝမ်းနည်းပူဆွေးသူအပေါင်းတို့အား နှစ်သိမ့်မှုပေးရန်၊
သို့ရာတွင်ကိုယ်တော်က ``ငါသည်အခြားမြို့ များတွင်လည်းဘုရားသခင်၏နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောကြေညာ ရမည်။ ထိုသို့ဟောပြောကြေညာရန်အတွက်ငါ့ ကိုဘုရားသခင်စေလွှတ်တော်မူသည်'' ဟု မိန့်တော်မူ၏။
သူတစ်ပါးတို့ချခဲ့သည့်တိုက်မြစ်ပေါ်တွင် ငါမတည်မဆောက်လို။ ငါ၏ဆန္ဒမှာခရစ်တော် ၏အကြောင်းကိုမကြားဘူးသေးသောအရပ် တို့တွင်သတင်းကောင်းကိုကြေညာရန်ဖြစ် သည်။-
သခင်ယေရှုသည်မြို့ရွာရှိသမျှသို့လှည့်လည်ပြီး လျှင်တရားဇရပ်များတွင်သွန်သင်၍နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောလျက် အနာရောဂါအမျိုးမျိုးတို့ကိုပျောက်ကင်းစေ တော်မူ၏။-
သင်တို့ကိုလက်မခံလို၊ သင်တို့ဟောပြောသည့် တရားကိုလည်းမနာယူလိုသည့်အိမ်၊ သို့မဟုတ် မြို့မှထွက်ခွာခဲ့ကြလော့။ ထိုနောက်သင်တို့ခြေ ဖဝါးမှမြေမှုန့်ကိုခါချခဲ့ကြလော့။- အမှန်အကန်သင်တို့အားငါဆိုသည်ကား တရားစီရင်တော်မူရာနေ့၌ထိုမြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ထက်ပို၍ အပြစ်ဒဏ်ခံရလိမ့်မည်။
သခင်ယေရှုကိုယုံကြည်သူတို့သည် သတေဖန် အသတ်ခံရချိန်၌ဖြစ်ပေါ်လာသောနှိပ်စက် ညှဉ်းဆဲမှုကြောင့် အရပ်ရပ်သို့ကွဲလွင့်သွား ကြ၏။ ထိုသူအချို့တို့သည်ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့သို့တိုင်အောင် ရောက်ရှိကြ၏။ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုယုဒအမျိုး သားတို့အားသာဟောပြောကြ၏။- ယေရုရှလင်မြို့သို့ပေတရုရောက်လာသော အခါ လူမျိုးခြားတို့အားအရေဖျားလှီး မင်္ဂလာပေးခြင်းကိုလိုလား သူတို့သည် ပေတရုနှင့်ဆွေးနွေးငြင်းခုံကြ၏။- သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။- သူတို့သည်သခင်ဘုရား၏တန်ခိုးတော် ကိုခံယူရသဖြင့် လူအမြောက်အမြား ပင်ယုံကြည်၍သခင်ဘုရားထံပြောင်းလဲ လာကြ၏။
သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။-
နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်လည်းကောင်း၊ အိမ်များတွင်လည်းကောင်းသခင်ယေရှုသည် မေရှိယဖြစ်တော်မူကြောင်းကိုဆက်လက်၍ ဟောပြောသွန်သင်ကြ၏။
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
သို့သော်ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းသတင်းကောင်း ကို ဖိလိပ္ပုဟောပြောသောအခါထိုသူတို့ ယုံကြည်လာကြသဖြင့် အမျိုးသားများ ရောအမျိုးသမီးများပါဗတ္တိဇံမင်္ဂလာ ကိုခံကြလေသည်။-
ယင်းသို့ဟေရှာယကဖော်ပြသည်နှင့်အညီ ဗတ္တိဇံ ဆရာယောဟန်သည်တောကန္တာရတွင်ပေါ်ထွန်းလာ၏။ သူသည်လူတို့အား ``နောင်တရ၍ဗတ္တိဇံကိုခံယူ ကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့၏ အပြစ်များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟု ဟောပြော၏။-
တိုင်းပြည်အုပ်ချုပ်သူများနှင့်အာဏာပိုင်များ ၏အုပ်စိုးခြင်းကိုဝန်ခံ၍ သူတို့၏စကားကို နားထောင်ကြရန်လည်းကောင်း၊ ကောင်းမြတ်သော အမှုကိစ္စမှန်သမျှကိုဆောင်ရွက်ဖို့အသင့်ရှိ ကြရန်လည်းကောင်း သင်၏လူစုအားသတိ ပေးလော့။-
ကိုယ်တော်သည်လူတို့အားသတင်းကောင်းကို ကြေညာရန်နှင့် ကိုယ်တော်သည်အသက်ရှင်နေ သူ၊ သေလွန်သူများကိုတရားစီရင်သော သခင်အဖြစ်ဖြင့် ဘုရားသခင်ခန့်ထားတော် မူကြောင်းဟောပြောသက်သေခံရန် ငါတို့ အားပညတ်ပေးတော်မူခဲ့၏။-
ငါတို့မူကားမိမိတို့ကြားရမြင်ရသည့် အမှုအရာများအကြောင်းကိုမဟောမ ပြောဘဲမနေနိုင်ပါ'' ဟုပြန်ပြောကြ၏။-
ထိုအကြောင်းကြောင့်ငါသည်တိမောသေကို သင်တို့ထံသို့စေလွှတ်လိုက်ပါမည်။ သူသည် ခရစ်ယာန်သက်တမ်း၌ ငါချစ်မြတ်နိုး၍သစ္စာ ရှိသောသားဖြစ်ပါ၏။ သူသည်ငါလိုက်လျှောက် ကျင့်သုံးသောအရပ်ရပ်ရှိအသင်းတော် အပေါင်းတို့အား ငါဟောပြောသွန်သင်ခဲ့သော၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သော ဘဝသစ်လမ်းစဉ်ကို သင်တို့အားပြန်လည် သတိရစေပါလိမ့်မည်။
နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။-
(အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည် ဖြစ်စေ) တရားတော်ကိုဟောပြောကြေညာ လော့။ ကြားနာသူတို့အားနားလည်သဘော ပေါက်စေလော့။ ဆုံးမလော့။ အားပေးတိုက်တွန်း လော့။ စိတ်ရှည်စွာသွန်သင်လော့။-
ယင်းသို့ပြုမည့်အစားသခင်ဘုရားသည် ငါတို့အားထိုက်တန်သူများအဖြစ်လက်ခံ တော်မူသဖြင့် သတင်းကောင်းကြေညာရန် လွှဲအပ်တော်မူသည်နှင့်အညီငါတို့သည် ကိုယ်တော်ဟောပြောစေသည့်အတိုင်းအစဉ် ပင်ဟောပြောကြ၏။ ငါတို့သည်လူတို့နှစ် သက်မှုကိုရရန်မကြိုးစား။ ငါတို့စိတ် နှလုံးကိုစစ်ဆေးကြည့်ရှုတော်မူတတ် သော၊ ဘုရားသခင်နှစ်သက်မှုကိုသာ လျှင်ရရန်ကြိုးစားကြ၏။-
သို့ဖြစ်၍ငါတို့သည်လူအပေါင်းတို့အား ခရစ်တော်၏အကြောင်းတော်ကိုဟောပြော ကြ၏။ လူတိုင်းအားရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရှိ ရန်ပို့ဆောင်နိုင်အံ့သောငှာ ငါတို့သည်ဉာဏ် ပညာရှိသမျှဖြင့်လူတိုင်းကိုသတိပေး သွန်သင်ကြ၏။-
သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြီး လှပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ငါတို့အားခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်စေလျက် သုံ့ပန်းများအဖြစ်ဖြင့်ခရစ်တော် ၏အောင်ပွဲခံအခမ်းအနားလှည့်လည်ရာတွင် အစဉ်အမြဲလိုက်ပါစေတော်မူသောကြောင့် ဖြစ်၏။-
အချင်းဖိလိပ္ပိအသင်းတော်သားတို့၊ ငါသည် မာကေဒေါနိပြည်မှထွက်ခွာ၍ သတင်းကောင်း ကိုစတင်ကြေညာသောအခါ၌ သင်တို့ အသင်းတော်တစ်ပါးတည်းကသာလျှင်ငါ့ အားကူညီခဲ့ကြောင်း၊ အမှုတော်ဆောင်လုပ် ငန်းတွင်သင်တို့ကသာလျှင် ငါနှင့်အတူ ဖက်စပ်အဖြစ်နှင့်အရှုံးအမြတ်ရှိလျက် လုပ်ဆောင်ခဲ့ကြကြောင်းကို သင်တို့ကိုယ် တိုင်ကောင်းစွာသိကြ၏။- သက်သာလောနိတ်မြို့တွင်ရှိစဉ်အခါက ငါ လိုသောအကူအညီကိုသင်တို့သည်တစ် ကြိမ်မကပေးပို့ခဲ့ကြပေသည်။-
သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။- သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့်တစ်ဦးကိုတစ်ဦးချစ်ကြလော့။ တစ်ဦး ကိုတစ်ဦးချီးမွမ်းရန်လျင်မြန်ကြစေ။- မပျင်းမရိဘဲအလုပ်ကိုကြိုးစားအား ထုတ်လုပ်ကိုင်ကြလော့။ စိတ်အားထက်သန် စွာသခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် ကြလော့။- သင်တို့၌မျှော်လင့်ချက်ရှိသောကြောင့်ဝမ်း မြောက်ရွှင်လန်းကြလော့။ ဆင်းရဲဒုက္ခခံရ သောအခါသည်းခံကြလော့။ မပြတ်မလပ် ဆုတောင်းပတ္ထနာပြုကြလော့။- ဆင်းရဲသောတပည့်တော်တို့အားပေးကမ်း ကြလော့။ ဧည့်သည်ဝတ်ကိုပြုကြလော့။ သင်တို့အားနှိပ်စက်ညှဉ်းဆဲသူတို့ကိုကောင်း ချီးပေးကြလော့။ သူတို့ကိုမကျိန်မဆဲ ဘဲကောင်းချီးပေးကြလော့။- ဝမ်းမြောက်သူတို့နှင့်အတူဝမ်းမြောက်ကြ လော့။ ငိုကြွေးသူတို့နှင့်အတူငိုကြွေးကြ လော့။- အချင်းချင်းအားအလေးဂရုပြုကြလော့။ မောက်မာမှုမရှိကြနှင့်။ သေးငယ်သောတာဝန် တို့ကိုလက်ခံကြလော့။ မိမိတို့ကိုယ်ကိုပညာ ရှိဟူ၍မထင်ကြနှင့်။ အဘယ်သူကိုမျှလက်စားမချေကြနှင့်။ လူအပေါင်းတို့ရှေ့တွင်တင့်တယ်လျောက်ပတ် စွာပြုကျင့်ကြလော့။- လူတိုင်းနှင့်တတ်နိုင်သမျှငြိမ်းချမ်းစွာနေ ထိုင်ကြလော့။- မိတ်ဆွေတို့ဘယ်သောအခါမျှလက်စား မချေကြနှင့်။ ဘုရားသခင်ကသာအပြစ် ဒဏ်စီရင်တော်မူပါစေ။ ကျမ်းစာတော်တွင် ``ထာဝရဘုရားက `ငါသည်လက်စားချေ မည်။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်' ဟုမိန့်တော်မူ၏'' ဟုဖော်ပြသည်။- သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
``သင်တို့သည်လောက၏အလင်းသဖွယ်ဖြစ် ကြ၏။ တောင်ပေါ်မှာတည်ထားသောမြို့ကိုဖုံး ကွယ်၍မထားနိုင်။- ဆီမီးကိုထွန်းညှိ၍တင်းတောင်းဖြင့်အုပ်၍မ ထားတတ်ကြ။ အိမ်သူအိမ်သားအပေါင်းတို့ အလင်းရောင်ရစေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။- ထိုနည်းတူစွာလူတို့သည်သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကိုချီးကူးစေရန် သင် တို့၏အလင်းကိုလူတို့ရှေ့၌ထွန်းလင်းစေကြ လော့။
ထာဝရဘုရားကအာဗြံအား``သင်၏တိုင်း ပြည်၊ သင်၏ဆွေမျိုးသားချင်းနှင့်သင်၏ဖခင် အိမ်ကိုစွန့်ခွာ၍ ငါညွှန်ပြမည့်ပြည်သို့သွား လော့။- ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး ဆိုက်ရောက်၍ အခြေအနေဆိုးရွားလာသ ဖြင့်အာဗြံသည် အီဂျစ်ပြည်၌ခေတ္တနေထိုင် ရန်တောင်ဘက်သို့ခရီးထွက်ခဲ့လေသည်။- သူသည်အီဂျစ်ပြည်ထဲသို့ဝင်ရန်နယ်စပ် ကိုဖြတ်ကျော်ခါနီးတွင် သူ၏မယားစာရဲ အား``သင်သည်ရုပ်ရည်လှသောအမျိုးသမီး ဖြစ်၏။- အီဂျစ်ပြည်သားတို့မြင်လျှင်`သူသည်အာဗြံ ၏မယားဖြစ်၏' ဟုဆို၍ငါ့ကိုသတ်ပြီး နောက် သင့်ကိုအသက်ချမ်းသာပေးကြလိမ့်မည်။- ထို့ကြောင့်သူတို့ကမေးလျှင်သင်သည်ငါ၏ နှမဖြစ်သည်ဟုပြောပါ။ ထိုအခါသင့်အတွက် ကြောင့် ငါ့ကိုအသက်ချမ်းသာပေး၍ကောင်းစွာ ပြုစုဆက်ဆံကြလိမ့်မည်'' ဟူ၍မှာကြားထား လေ၏။- သူသည်နယ်စပ်ကိုဖြတ်၍ အီဂျစ်ပြည်ထဲ သို့ဝင်လာသောအခါ ထိုပြည်သားတို့က သူ၏မယားသည် ရုပ်ရည်လှသောအမျိုး သမီးဖြစ်ကြောင်းတွေ့မြင်ကြ၏။- နန်းတော်မှမှူးမတ်အချို့တို့ကလည်းစာရဲ ၏ရုပ်ရည်အလှကိုမြင်ရ၍ ဖာရောဘုရင် ထံသို့သံတော်ဦးတင်ကြသဖြင့် သူမသည် နန်းတော်သို့ခေါ်ဆောင်ခြင်းကိုခံရလေ၏။- သူ့အတွက်ကြောင့်ဘုရင်သည်အာဗြံအား ကောင်းစွာပြုစု၍သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်နှင့်ကုလားအုတ်များကိုဆုချပေး သနားတော်မူ၏။ သို့သော်လည်းဘုရင်က စာရဲကိုသိမ်းပိုက် မိခြင်းကြောင့်ထာဝရဘုရားသည်ဘုရင်နှင့် တကွ နန်းတွင်းသားတို့အားကြောက်မက်ဖွယ် သောရောဂါဆိုးဒဏ်ကိုခံစေတော်မူ၏။- ထိုအခါ၌ဘုရင်သည်အာဗြံကိုဆင့်ခေါ် ၍``သင်သည်ငါ့အားအဘယ်သို့ပြုသနည်း။ စာရဲသည်သင်၏မယားဖြစ်ကြောင်းကို ငါ့ အားအဘယ်ကြောင့်မပြောပြသနည်း။- သူ့ကိုငါ၏မယားအဖြစ်သိမ်းပိုက်စေရန် သူ သည်သင်၏နှမဖြစ်သည်ဟုအဘယ်ကြောင့် သင်ဆိုသနည်း။ ယခုပင်သင်၏မယားကို ခေါ်၍ထွက်သွားလော့'' ဟုအမိန့်ပေး၏။- ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။ ထိုသို့အမိန့်ချမှတ်သည့်အတိုင်းမင်း၏အမှု ထမ်းတို့သည် အာဗြံအားသူ၏မယားနှင့် တကွပိုင်ဆိုင်သမျှတို့ကိုယူဆောင်စေပြီး တိုင်းပြည်မှထွက်ခွာသွားစေကြ၏။ သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
ရှာ၍မတွေ့ကြသောအခါသူတို့သည် ယာသုန် နှင့်တပည့်တော်အချို့တို့ကိုမြို့အာဏာပိုင် များ၏ရှေ့သို့ခေါ်ဆောင်ခဲ့ပြီးလျှင် ``ဤလူစု သည်အရပ်တကာတွင်ဒုက္ခပေးခဲ့ကြပါ၏။ သူတို့သည်ယခုကျွန်ုပ်တို့မြို့သို့လည်းရောက် ရှိလာကြပါပြီ။ ယာသုန်သည်ထိုသူတို့ကို မိမိ၏အိမ်တွင်လက်ခံထားပါ၏။-
ဘုရားသခင်သည်ယုဒအမျိုးသားတို့၏ ဘုရားသာဖြစ်သလော။ လူမျိုးခြားတို့၏ ဘုရားလည်းမဟုတ်လော။ ဟုတ်ပေ၏။-
သီချင်းဆို၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်အားထောမနာပြုကြလော့။ ကိုယ်တော်သည်ငါတို့အား ကယ်တော်မူကြောင်းသတင်းကောင်းကို နေ့စဉ်နေ့တိုင်းပြောကြားကြလော့။
သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့် တစ်ဦးကိုတစ်ဦးချစ်မြဲချစ်ကြလော့။- ယုဒတဲတော်အတွင်း၌တာဝန်ထမ်းဆောင် ရသူယဇ်ပုရောဟိတ်တို့သည် ငါတို့၏ယဇ် ပလ္လင်မှအဘယ်ပူဇော်သကာကိုမျှစား ပိုင်ခွင့်မရှိ။- ယုဒယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ ၏သွေးကိုအပြစ်ဖြေရာပူဇော်သကာ အဖြစ်ဖြင့် အလွန်သန့်ရှင်းရာဌာနတော် သို့ယူဆောင်ခဲ့သော်လည်းယဇ်ကောင်တို့ကို မူကားစခန်းအပြင်၌မီးရှို့ပစ်ရ၏။- ဤအကြောင်းကြောင့်သခင်ယေရှုသည်လည်း မိမိ၏သွေးတော်အားဖြင့် လူတို့၏အပြစ် ဒုစရိုက်များကိုဆေးကြောပေးနိုင်ရန်မြို့ တံခါး၏အပြင်ဘက်၌အသေခံတော်မူ၏။- သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ရှိရာစခန်း အပြင်သို့သွား၍ ကိုယ်တော်နှင့်အတူကဲ့ရဲ့ ရှုတ်ချခြင်းကိုခံကြကုန်အံ့။- အဘယ်ကြောင့်ဆိုသော်ဤလောက၌ငါတို့ အတွက်တည်မြဲသောမြို့မရှိသောကြောင့် ဖြစ်၏။ ငါတို့ကားနောင်အခါဖြစ်ပေါ်မည့် မြို့ကိုစောင့်မျှော်လျက်နေကြပေသည်။- သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ကိုငါတို့ ၏အရှင်သခင်အဖြစ်ဝန်ခံသောနှုတ်များ ဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းယဇ်ကိုသခင် ယေရှုအားဖြင့် ဘုရားသခင်အားအစဉ် မပြတ်ပူဇော်ကြကုန်အံ့။- သင်တို့သည်အချင်းချင်းအားကျေးဇူးပြု ရန်နှင့်ကူညီမစရန်မမေ့ကြနှင့်။ ထိုသို့ သောယဇ်များကိုဘုရားသခင်နှစ်သက် တော်မူ၏။ သင်တို့ခေါင်းဆောင်များ၏စကားကိုနား ထောင်ကြလော့။ သူတို့ပြောသည့်အတိုင်းပြု ကြလော့။ သူတို့သည်မိမိတို့ပြုသည့်အမှု ကိုဘုရားသခင်အားအစီရင်ခံရမည် ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကိုနေ့ရောည ပါကြည့်ရှုစောင့်ရှောက်လျက်နေကြပေ သည်။ သင်တို့သည်သူတို့စကားကိုနား ထောင်ပါလျှင် သူတို့ရွှင်လန်းဝမ်းမြောက် စွာလုပ်ဆောင်ကြလိမ့်မည်။ သို့မဟုတ်လျှင် သူတို့ဝမ်းနည်းရကြသဖြင့်သင်တို့ တွင်အဘယ်သို့မျှအကျိုးရှိလိမ့်မည် မဟုတ်။ ငါတို့အတွက်ဆက်လက်ဆုတောင်းနေကြ လော့။ ငါတို့သည်မိမိတို့၏သြတ္တပ္ပစိတ် ကြည်လင်သည်ကိုအသေအချာသိ၏။ အဘယ်ကြောင့်ဆိုသော်ငါတို့သည်အခါ ခပ်သိမ်းမှန်ရာကိုသာပြုလုပ်ရန်ဆန္ဒရှိ ကြသောကြောင့်ဖြစ်၏။- ဘုရားသခင်သည်မကြာမီငါ့အားသင် တို့ထံသို့ပြန်လည်ပို့ဆောင်ပေးတော်မူစေ ရန်ဆုတောင်းကြပါလော့ဟုသင်တို့အား အထူးမေတ္တာရပ်ခံပါ၏။ ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။-
သင်တို့၏ယုံကြည်ခြင်းအကြောင်းသတင်း သည်ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့လျက်ရှိသဖြင့် ငါသည်သင်တို့အားလုံးအတွက်ယေရှုခရစ် ကိုအမှီပြု၍ဦးစွာပထမဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်း၏။-
ငါတို့မူကားကောင်းကင်ဘုံနိုင်ငံသားများဖြစ် သဖြင့် ကောင်းကင်ဘုံမှငါတို့၏ကယ်တင်ရှင် သခင်ယေရှုခရစ်ကြွလာတော်မူမည်ကို စောင့်မျှော်လျက်ရှိကြ၏။-
နိဂုံးချုပ်အနေဖြင့်ပေါလုက ``သို့ဖြစ်၍ ကယ်တင်တော်မူခြင်းဆိုင်ရာဘုရားသခင်၏ ကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ကြား နာရန်ဟောပြောမည့်သူတို့ကိုစေလွှတ်ပြီဖြစ် ၍ သူတို့သည်ကြားနာကြလိမ့်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့'' ဟုဆို၏။
လူအချို့တို့ထင်မှတ်သကဲ့သို့ထာဝရ ဘုရားသည် မိမိ၏ကတိတော်ကိုအကောင် အထည်ဖော်ရန်နှောင့်နှေးလျက်နေတော်မူ သည်မဟုတ်။ မည်သူမျှမပျက်စီးဘဲလူတိုင်း နောင်တရစေရန်အလိုတော်ရှိ၍သင်တို့ ကိုသည်းခံတော်မူပေသည်။
ထိုနည်းတူစွာဘုရားသခင်၏ကောင်းကင်တမန် များသည် အပြစ်ကူးသူတစ်ယောက်နောင်တရ ခြင်းအတွက်ရွှင်လန်းဝမ်းမြောက်ကြသည်ဟု ငါဆို၏'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ယခုထ၍မတ်တပ်ရပ်လော့။ သင့် အားငါ၏အမှုတော်ဆောင်အဖြစ်ခန့်ထားရန် သင်၏ထံသို့ငါကြွလာခြင်းဖြစ်၏။ ယနေ့ သင်မြင်ရသည့်ဗျာဒိတ်ရူပါရုံအကြောင်း နှင့် နောင်အခါငါဖော်ပြလတ္တံ့သောအကြောင်း အရာတို့ကိုသင်သည်သူတစ်ပါးတို့အား သက်သေခံရမည်။- ငါသည်သင့်အားဣသရေလအမျိုးသား တို့၏လက်မှလည်းကောင်း၊ ငါစေလွှတ်၍သင် သွားရောက်ဟောပြောမည့်လူမျိုးခြားတို့ ၏လက်မှလည်းကောင်းကယ်ဆယ်မည်။- သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
ကွဲလွင့်သွားသည့်ယုံကြည်သူတို့သည် အရပ် ရပ်သို့သွား၍တရားတော်ကိုဟောပြောကြ၏။-
သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့်တစ်ဦးကိုတစ်ဦးချစ်ကြလော့။ တစ်ဦး ကိုတစ်ဦးချီးမွမ်းရန်လျင်မြန်ကြစေ။- မပျင်းမရိဘဲအလုပ်ကိုကြိုးစားအား ထုတ်လုပ်ကိုင်ကြလော့။ စိတ်အားထက်သန် စွာသခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် ကြလော့။-
သို့ရာတွင်မမွေးမီကပင်လျှင်ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် ငါ့အားရွေးချယ်၍အမှု တော်ဆောင်ရန်ခေါ်ယူတော်မူ၏။ ထိုနောက်လူမျိုး ခြားတို့အားသားတော်၏အကြောင်းသတင်း ကောင်းကိုဟောပြောကြေညာနိုင်စေရန် မိမိ၏ အလိုတော်နှင့်အညီငါ့အား ထိုသားတော်ကို ဖူးမြင်ခွင့်ပေးတော်မူ၏။ ထိုအခါငါသည် အဘယ်သူ၏ထံ၌မျှအကြံဉာဏ်မတောင်း ခံခဲ့။-
ငါတို့သည်ခမည်းတော်နှင့်လည်းကောင်း၊ ကိုယ်တော်၏သားတော်ယေရှုခရစ်နှင့်လည်း ကောင်း၊ မိတ်သဟာယဖွဲ့ရကြသည်ဖြစ်ရာ သင်တို့သည်လည်း ငါတို့နှင့်အတူထိုမိတ် သဟာယတွင်ပါဝင်ခွင့်ကိုရရှိကြစေရန် ငါတို့တွေ့မြင်ကြားသိခဲ့ရသည့်အမှု အရာကိုသင်တို့အားဖော်ပြ၏။-
သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
ထာဝရဘုရားထံတော်မှဝိညာဉ်ခွန်အား သက်ရောက်ရာအချိန်ကာလရောက်လာလျက် သင်တို့အဖို့ရွေးချယ်ခန့်ထားတော်မူသော မေရှိယအရှင်တည်းဟူသောသခင်ယေရှု ကို သင်တို့ထံသို့စေလွှတ်တော်မူလိမ့်မည်။- ရှေးသန့်ရှင်းမြင့်မြတ်သောပရောဖက်များ မှတစ်ဆင့် ပေးတော်မူခဲ့သောဘုရားသခင် ၏ဗျာဒိတ်တော်နှင့်အညီ အရာခပ်သိမ်းတို့ ကိုအသစ်ပြုပြင်ပြောင်းလဲတော်မူရာကာလ မတိုင်မီ ထိုအရှင်သည်ကောင်းကင်ဘုံတွင်ရှိ နေတော်မူပေမည်။-
ယခုသင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင် ကြရန်ပင်ဖြစ်ပေသည်။ သင်တို့ထံသို့ငါပြန် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေသာသနာ တော်တည်တံ့ကြီးပွားရေးအတွက်ကြံ့ခိုင်စွာ ရပ်တည်၍တစ်စိတ်တစ်သဘောတည်း၊ ရည်ရွယ် ချက်တစ်ခုတည်းဖြင့်သတင်းကောင်းနှင့်ဆိုင် သောယုံကြည်ခြင်းတရားအတွက်သင်တို့တိုက်ပွဲ ဝင်လျက်ရှိကြကြောင်းကိုငါကြားသိလို၏။-
ဤမျှော်လင့်ခြင်းသည်ငါတို့အားစိတ်ပျက် စေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်ငါတို့အားပေးသနား တော်မူသောသန့်ရှင်းသောဝိညာဉ်တော်အား ဖြင့် ငါတို့၏စိတ်နှလုံးထဲသို့မေတ္တာတော်ကို သွန်းလောင်းတော်မူသောကြောင့်တည်း။
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
ကိုယ်တော်သည်ငါ့ကိုသန်စွမ်းစေတော်မူသော ဘုရား၊ ငါလိုက်လျှောက်ရာခရီးလမ်းကိုဘေးမဲ့လုံခြုံ စေတော်မူသောဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါ့ခြေကိုသမင်ခြေကဲ့သို့ မြဲမြံစေတော်မူ၏။ တောင်များပေါ်တွင်ငါ့ကိုဘေးမဲ့လုံခြုံစွာ ထားတော်မူ၏။ အသန်ဆုံးသောလေးကိုတင်နိုင်ရန်ငါ့အား စစ်ပွဲအတွက်လေ့ကျင့်ပေးတော်မူ၏။
သို့ဖြစ်၍ပေတရုသည်ထောင်ထဲမှာအကျဉ်း ချထားခြင်းကိုခံရ၏။ သို့သော်အသင်းတော် ဝင်အပေါင်းတို့သည်ပေတရု၏အတွက် စိတ် အားထက်သန်စွာဘုရားသခင်ထံဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။
ယုံကြည်ခြင်းဆိုင်ရာပြေးပွဲတွင်အစွမ်း ကုန်ပြေး၍ထာဝရအသက်တည်းဟူသော အောင်ဆုကိုသင်ရရှိစေရန် သင့်အားဘုရား သခင်ခေါ်ယူတော်မူသောအခါ၌ သင် သည်များစွာသောအသိသက်သေတို့ရှေ့ တွင်သင်၏ယုံကြည်ခြင်းကိုခိုင်မာစွာ ဝန်ခံခဲ့ပေသည်။-
ယုဒလူမျိုး၊ လူမျိုးခြားဟူ၍ခွဲခြားမှု မရှိတော့သဖြင့်လူတိုင်းပါဝင်၏။ ဘုရား သခင်သည်လူအပေါင်းတို့၏အရှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်အားဆုတောင်းသမျှ သောသူတို့အားကြွယ်ဝစွာကောင်းချီးပေး တော်မူ၏။-
ကိုယ်တော်ရှင်၏အလင်းတော်နှင့် သစ္စာတရားတော်ကိုစေလွှတ်၍ ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏သန့်ရှင်း မြင့်မြတ်သည့်ဇိအုန်တောင် သို့လည်းကောင်း၊ ကိုယ်တော်ကိန်းဝပ်ရာဗိမာန်တော်သို့လည်းကောင်း ပြန်၍ပို့ဆောင်စေတော်မူပါ။
လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။- ငါသည်နူးညံ့သိမ်မွေ့၍စိတ်နှလုံးနှိမ့်ချ၏။ ထို ကြောင့်ငါတင်သောထမ်းပိုးကိုထမ်း၍ ငါ၏ထံတွင် နည်းနာခံယူကြလော့။ သင်တို့သည်သုခချမ်းသာ ရရှိကြလိမ့်မည်။- ``အရှင်သည်ကြွလာတော်မူမည်ဟုဆိုသော အရှင်ပေလော။ သို့မဟုတ်အကျွန်ုပ်တို့သည် အခြားအရှင်တစ်ပါးကိုစောင့်မျှော်ရကြ ပါမည်လော'' ဟုမေးလျှောက်စေ၏။- ငါထမ်းစေသောထမ်းပိုးသည်အထမ်းရလွယ်၍ ငါတင်သောဝန်သည်လည်းပေါ့၏'' ဟုမိန့်တော်မူ သည်။
ညီအစ်ကိုတို့၊ လွတ်လပ်မှုရစေရန်ဘုရားသခင် သည်သင်တို့ကိုရွေးကောက်တော်မူပေသည်။ သို့ ရာတွင်လွတ်လပ်မှုကိုအကြောင်းပြ၍ လူ့ဇာတိ အလိုသို့မလိုက်ကြဘဲမေတ္တာဖြင့်အချင်း ချင်းကျေးဇူးပြုကြလော့။- ``သင်၏အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် လော့'' ဟူသောပညတ်သည်ပညတ်တရား၏ အချုပ်အခြာဖြစ်၏။-
သို့ဖြစ်၍သင်တို့သည်ပြောဆိုပြုမူရာတွင် သခင် ယေရှု၏နာမတော်ကိုထောက်၍ပြောဆိုပြုမူကြ လော့။ ထိုအရှင်ကိုအမှီပြု၍အဖဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
ဘုရားသခင်၏ဝိညာဉ်တော်သည်ငါတို့အား ကြောက်စိတ်ကိုပေးတော်မမူဘဲတန်ခိုးကို လည်းကောင်း၊ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ ကိုယ်ကိုချုပ်တည်းနိုင်မှုကိုလည်းကောင်းပေး တော်မူ၏။
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ပေါလု သည်မာကေဒေါနိပြည်နှင့်အခါယပြည်မှ တစ်ဆင့် ယေရုရှလင်မြို့သို့သွားရန်စိတ်ပိုင်း ဖြတ်၏။ သူက ``ထိုမြို့သို့ငါသွားပြီးနောက် ရောမမြို့သို့လည်းသွားရမည်'' ဟုဆို၏။-
ထိုနောက်သူတို့ကိုအပြင်သို့ခေါ်ဆောင်လာပြီး လျှင် ``အရှင်တို့၊ ကျွန်တော်သည်ကယ်တင်ခြင်း ခံရစေရန် အဘယ်သို့ပြုရပါမည်နည်း'' ဟု မေး၏။ သူတို့ကလည်း ``သခင်ယေရှုကိုယုံကြည် လော့။ သို့ယုံကြည်လျှင်သင်နှင့်တကွသင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်'' ဟုဆိုပြီးနောက်၊-
ကိုယ်တော်သည်မိမိအားစိတ်ရောကိုယ်ပါ ပတ္ထနာပြုကြသူအပေါင်းတို့၏အနီးတွင် ရှိတော်မူ၏။
ငါသည်မျိုးစေ့ကိုစိုက်၏။ အာပေါလုကား ရေလောင်း၏။ အပင်ပေါက်စေတော်မူသော အရှင်ကားဘုရားသခင်ပေတည်း။- မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူသည် အဋ္ဌိကမဟုတ်။ အပင်ပေါက်စေတော်မူ သောသူတည်းဟူသောဘုရားသခင်သာ လျှင်အဋ္ဌိကဖြစ်တော်မူ၏။-
ဤအမှုခပ်သိမ်းကိုဘုရားသခင်ပြုတော် မူ၏။ ဘုရားသခင်သည်ငါတို့အား မိမိ၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ခရစ်တော်အားဖြင့်ပြောင်းလဲစေတော်မူ ပြီးလျှင် အခြားသူတို့သည်လည်းမိမိ၏ မိတ်ဆွေများဖြစ်လာစေရန်ဆောင်ရွက်သည့် တာဝန်ကိုငါတို့အားပေးအပ်တော်မူ၏။-
အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။-
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
ကိုယ်တော်ရှင်၏တရားတော်ကိုနှစ်သက် မြတ်နိုးသူမားသည် ကြီးစွာသောစိတ်ခမ်းသာမှုကိုရရှိကြပါ၏။ အဘယ်အရာမှသူတို့အားပြိုလဲစေနိုင်လိမ့်မည် မဟုတ်ပါ။
ကျမ်းစာတော်တွင်ရေးသားဖော်ပြထားသမျှ သောအရာတို့သည် ငါတို့အားသွန်သင်ဆုံးမရန် အတွက်ဖြစ်၏။ ယင်းသို့ရေးသားဖော်ပြရခြင်း မှာငါတို့သည်ကျမ်းစာတော်မှရရှိသည့် သည်းခံ မှုနှင့်နှစ်သိမ့်မှုတို့အားဖြင့်မိမိတို့၌မျှော်လင့် ခြင်းရရှိနိုင်ကြစေရန်ပင်ဖြစ်၏။-
ယုံကြည်ခြင်းမရှိသူသည်ဘုရားသခင် ၏စိတ်တော်နှင့်မတွေ့နိုင်ရာ။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ထံတော်သို့ချဉ်းကပ် သူသည်ကိုယ်တော်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်သည်မိမိကိုရှာ သောသူအား အကျိုးပေးတော်မူကြောင်းကို လည်းကောင်းယုံကြည်ရမည်ဖြစ်သောကြောင့် တည်း။
အချင်းချင်း၏ဝန်များကိုကူညီထမ်းရွက် သောအားဖြင့် ခရစ်တော်၏တရားတော်ကို ကျင့်ကြလော့။-
``တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။ ရှာ ကြလော့။ ရှာလျှင်တွေ့ကြလိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင်တံခါးကိုဖွင့်ပေး လိမ့်မည်။-
ကာလအနည်းငယ်ကြာသော်ကိုယ်တော်သည် မြို့ရွာများကိုဖြတ်ကြွလျက် ဘုရားသခင် နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောတော်မူ၏။-
အပြေးပြိုင်ပွဲတွင်လူအများအပြားပင်ဝင် ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်း သာလျှင်အောင်ဆုကိုရရှိကြောင်းသင်တို့သိ ကြ၏။ သို့ဖြစ်၍သင်တို့သည်အောင်ဆုကို ဆွတ်ခူးနိုင်ရန်ပြေးကြလော့။-
ထာဝရဘုရားသည်ငါတို့အား ကွယ်ကာတော်မူသောအရှင်၊ဘုန်းကြီးတော် မူသော ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားသနားကြင်နာ၍ ချီးမြှင့်တော်မူ၏။ ကိုယ်တော်သည်မှန်ရာကိုပြုကျင့်သူတို့အား ကောင်းမြတ်သည့်အရာများကိုပေးရန်ငြင်း တော်မမူ။
သင်တို့၏မေတ္တာသည်ဟန်ဆောင်မှုနှင့်လုံးဝ ကင်းရမည်။ သင်တို့သည်ဆိုးညစ်မှုကိုမုန်း ၍ကောင်းမြတ်မှုကိုစွဲလမ်းလော့။-
သို့ဖြစ်၍ငါသည်ဆုကိုရရန်ပန်းတိုင်သို့ရှေးရှု လျက်ပြေး၏။ ထိုဆုကားအထက်အရပ်၌အသက် ရှင်ရေးအတွက်ခရစ်တော်ယေရှုအားဖြင့်ဘုရား သခင်ဖိတ်ခေါ်တော်မူခြင်းပင်ဖြစ်သတည်း။
သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော် ကိုရိုသေကိုင်းရှိုင်း၍အရှင်သခင်အဖြစ်ဖြင့် ခံယူကြလော့။ သင်တို့ခံယူရရှိသည့်မျှော် လင့်ချက်အကြောင်းကိုစစ်ဆေးမေးမြန်းလာ သူအားအချိန်မရွေးရှင်းလင်းဖော်ပြရန် အသင့်ရှိကြလော့။-
အို ယေရုရှလင်မြို့၊နိုးထ၍နေကဲ့သို့ထွန်းတောက်လော့။ သင်၏အလင်းပေါ်ထွန်းလာပြီ။ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သင့်အပေါ်၌ထွန်းလင်းလျက်နေ၏။
ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။
ထာဝရဘုရားအားထောမနာပြုကြ လော့။ ထာဝရဘုရားသခင်၏ရှေ့တော်၌ သီချင်းသစ်ကိုဆိုကြလော့။ ကိုယ်တော်အားသစ္စာစောင့်သူတို့စုဝေး ရာတွင် ကိုယ်တော်အားထောမနာပြုကြလော့။
သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။-
ငါတို့သည်ယုံကြည်ခြင်းဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံမှုရရှိပြီးဖြစ်သော ကြောင့် ငါတို့အရှင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ရှေ့တော်၌ငြိမ်သက်ခြင်းကို ခံစားရကြ၏။- ငါတို့သည်ဘုရားသခင်၏ရန်သူဖြစ်ကြ သော်လည်းကိုယ်တော်သည် သားတော်ကိုအသေခံ စေတော်မူခြင်းအားဖြင့်ငါတို့အားမိတ်ဆွေ ဖြစ်စေတော်မူ၏။ ယခုငါတို့သည်ဘုရားသခင် ၏မိတ်ဆွေဖြစ်လာကြပြီဖြစ်ရာ ခရစ်တော် အသက်ရှင်တော်မူခြင်းအားဖြင့်ကယ်တင်ခြင်း ကိုပို၍ခံရကြလိမ့်မည်။- ဤမျှသာမက၊ ဘုရားသခင်သည်ငါတို့အား ကိုယ်တော်၏မိတ်ဆွေဖြစ်စေတော်မူသော ငါတို့ သခင်ယေရှုခရစ်အားဖြင့်ပြုတော်မူသော အမှုကြောင့်ငါတို့ရွှင်လန်းဝမ်းမြောက်ကြ၏။ အပြစ်တရားသည်လူတစ်ယောက်ကြောင့်ဤ ကမ္ဘာလောကသို့သက်ရောက်လာ၏။ ထိုသူ၏ အပြစ်ကြောင့်သေခြင်းတရားပေါ်ပေါက်လာ ရ၏။ သို့ဖြစ်၍လူအပေါင်းတို့သည်အပြစ် ကူးလွန်ကြသဖြင့်သေရကြကုန်၏။- ပညတ်တရားမပေါ်မီအခါကလူတို့သည် အပြစ်ကူးခဲ့ကြ၏။ သို့သော်ထိုစဉ်အခါက တရားဥပဒေမရှိသဖြင့်လူတို့၏အပြစ် များကိုမှတ်သားထားခြင်းမရှိ။- သို့ရာတွင်သေခြင်းတရားသည်အာဒံ၏လက် ထက်မှစ၍မောရှေ၏လက်ထက်တိုင်အောင် လူ အပေါင်းတို့အားစိုးမိုးခဲ့၏။ အာဒံကဲ့သို့ ဘုရားသခင်၏အမိန့်တော်ကိုဖီဆန်ခြင်းဖြင့် အပြစ်မကူးခဲ့သူတို့ကိုပင်သေခြင်းတရား ကစိုးမိုးခဲ့ပေသည်။ အာဒံသည်နောင်အခါပေါ်ထွန်းလတ္တံ့သော အရှင်၏ပုံကိုဆောင်ပေသည်။- သို့ရာတွင်သူတို့နှစ်ဦးကွာခြား၏။ ဘုရားသခင် ၏အခမဲ့ဆုကျေးဇူးတော်နှင့်အာဒံ၏အပြစ် ကူးလွန်ပုံမတူသဖြင့် သူတို့နှစ်ဦးကွာခြား၏။ တစ်ဦးကူးလွန်သည့်အပြစ်ကြောင့်လူများစွာ သေသည်မှန်ပါက ဘုရားသခင်၏ကျေးဇူး တော်သည်လည်းကောင်း၊ အခြားတစ်ဦးဖြစ်သူ ယေရှုခရစ်၏ကျေးဇူးတော်အားဖြင့်လူ မြောက်မြားစွာရရှိကြသည့်ဆုကျေးဇူး သည်လည်းကောင်းပို၍ကြွယ်ဝပေသည်။- ဘုရားသခင်၏ဆုကျေးဇူးနှင့်လူတစ်ယောက် ၏အပြစ်ကွာခြား၏။ တစ်ဦးအပြစ်ကူးသော အခါပြစ်ဒဏ်စီရင်ချက်ချမှတ်ပါက အပြစ်များစွာကူးကြသောအခါ မထိုက် မတန်သော်လည်းအပြစ်မရှိဟုစီရင်ချက် မှတ်သတည်း။- တစ်ဦးကူးသည့်အပြစ်သည်သေခြင်းတရား စိုးမိုးမှုကိုဖြစ်ပေါ်စေပါက အခြားသူတစ်ဦး ဖြစ်သူယေရှုခရစ်ပြုသည့်အမှုတော်၏အကျိုး ဆက်ကားအဘယ်မျှပိုမိုကြီးမားလိမ့်မည်နည်း။ ဘုရားသခင်၏ကြွယ်ဝသောကျေးဇူးတော်ကို ခံစား၍ကိုယ်တော်နှင့်လွတ်လပ်မှန်ကန်စွာဆက် သွယ်ရသူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်လျက်စိုးစံရကြလတ္တံ့။ သို့ဖြစ်၍တစ်ဦးကအပြစ်ကိုပြုသောကြောင့် လူသားအားလုံးပင်ပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြသည်နည်းတူ အခြားတစ်ဦးကဖြောင့်မတ် သောအမှုကိုပြုသောကြောင့်လူသားအပေါင်း တို့သည်ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မြောက်၍ အသက်ရှင်ရကြ၏။- လူတစ်ဦးသည်ဘုရားစကားကိုနားမထောင် သောအားဖြင့်လူအပေါင်းတို့အပြစ်ကူးသူ များဖြစ်ရကြသည်နည်းတူ အခြားလူတစ်ဦး သည်ဘုရားစကားကိုနာခံသောအားဖြင့်လူ အပေါင်းတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ရကြလိမ့်မည်။ ထိုအရှင်သည်ငါတို့အားယုံကြည်ခြင်းကြောင့် ဤကဲ့သို့ဘုရားသခင်၏ကျေးဇူးတော်ကိုခံ စားစေတော်မူ၏။ ထိုကျေးဇူးတော်ကိုယခုငါ တို့ခံစားလျက်ရှိကြ၏။ သို့ဖြစ်၍ငါတို့သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုခံစား ရန်မျှော်လင့်ခြင်းအတွက်ဝါကြွားဝမ်းမြောက် ကြ၏။-
ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်း တို့မှ သင့်ကိုကွယ်ကာတော်မူလိမ့်မည်။ သင့်ကိုဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။ ကိုယ်တော်သည်ယခုမှစ၍ကာလအစဉ်မပြတ် သင်သွားလာလေရာတို့၌သင့်အား ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။
ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍ လူမျိုးခြားတို့ကို မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူမည်ဖြစ်ကြောင်း ကျမ်းစာတော်တွင် ကြိုတင်ဟော၏။ ကျမ်းစာတော်က ``လူမျိုး အပေါင်းတို့သည် သင့်အားဖြင့်ကောင်းချီး မင်္ဂလာခံစားရကြလိမ့်မည်'' ဟုအာဗြဟံ အားသတင်းကောင်းကိုကြေညာသည်။-
ခရစ်တော်အကြောင်းသတင်းကောင်းကို ကြေညာရာတွင် ငါတို့နှင့်အတူဘုရား သခင်၏အမှုကိုဆောင်ရွက်သူ၊ ငါတို့ညီ တိမောသေအားသင်တို့ထံသို့စေလွှတ် လိုက်ကြ၏။ သင်တို့တွင်အဘယ်သူမျှ မိမိတို့ခံရသည့်ညှဉ်းပန်းနှိပ်စက်မှုကြောင့် ယုံကြည်ခြင်းမယိမ်းမယိုင်ဘဲခိုင်မြဲစေ အံ့သောငှာ သင်တို့ကိုအားပေးတိုက်တွန်း နိုင်ရန်သူ့အားငါတို့ကိုစေလွှတ်လိုက်၏။ ညှဉ်းပန်းနှိပ်စက်မှုကိုငါတို့ခံရသည်မှာ ဘုရားသခင်၏အလိုတော်အရဖြစ် ကြောင်းသင်တို့ကိုယ်တိုင်သိကြ၏။-
သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
ထိုသို့ဆုတောင်းကြပြီးသောအခါ၌ သူတို့ စုဝေးရာအရပ်သည်တုန်လှုပ်လေ၏။ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝ လျက် ဘုရားသခင်၏တရားတော်ကိုရဲရင့် စွာဟောပြောကြ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့ကိုသနားတော်မူ၍ ကောင်းချီးပေးတော်မူပါ။ ကရုဏာစိတ်နှင့်ကျွန်တော်မျိုးတို့အား ကြည့်တော်မူပါ။ သို့မှသာလျှင်ကမ္ဘာသူကမ္ဘာသားအပေါင်း တို့သည် ကိုယ်တော်ရှင်၏အလိုတော်ကိုသိရှိကြပါလိမ့်မည်။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကိုသိကြပါ လိမ့်မည်။
မျက်ရည်ကျလျက်စိုက်ပျိုးကြရသူတို့အား ဝမ်းမြောက်စွာသီးနှံများရိတ်သိမ်းရသော အခွင့်ကိုပေးတော်မူပါ။ မျက်ရည်ကျလျက်မျိုးစေ့များကို ယူဆောင်သွားကြသူတို့သည် သီးနှံများကိုသယ်ဆောင်ကာဝမ်းမြောက်စွာ သီချင်းဆို၍ပြန်လာကြလိမ့်မည်။
ငြိမ်းချမ်းရေးတည်းဟူသောသတင်းကောင်းကို ယူဆောင်လာသူ၊စေတမန်တစ်ဦး တောင်ရိုးကိုဖြတ်ကျော်နေသည်ကိုတွေ့မြင်ရပုံမှာ ကျက်သရေရှိလှပါသည်တကား။ ထိုစေတမန်သည်ကယ်တင်ခြင်းသတင်းကို ကြေညာလျက်၊ ဇိအုန်မြို့အား``သင်၏ဘုရားသခင်သည် ဘုရင်ဖြစ်တော်မူ၏'' ဟုဆို၏။
သင်နေထိုင်သည့်တဲကိုတိုးချဲ့ပါလော့။ တဲ၏ကုလားကာများကိုဆန့်ထုတ်လော့၊ မတွန့်ဆုတ်နှင့်။ တဲကြိုးတို့ကိုရှည်အောင်ပြု၍ပန္နက်တိုင်များကို ခိုင်မြဲအောင်ရိုက်လော့။ သင်သည်မိမိ၏နယ်နိမိတ်များကိုအဘက်ဘက်မှ တိုးချဲ့ရလိမ့်မည်။ ယခုအခါ၊လူမျိုးခြားတို့နေထိုင်ရာပြည်ကို သင်၏အမျိုးသားတို့သည်ပြန်လည်ရရှိကြလိမ့်မည်။ ယခုအခါလူသူဆိတ်ငြိမ်လျက်နေသောမြို့တို့သည် စည်ကား၍လာလိမ့်မည်။
သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။- ထိုအချိန်၌မြေငလျင်ပြင်းစွာလှုပ်လေသည်။ ဘုရားသခင်၏ကောင်းကင်တမန်သည်ကောင်းကင် ဘုံမှဆင်းသက်လာ၍ သင်္ချိုင်းဂူဝမှကျောက်တုံး ကိုလှိမ့်ဖယ်လိုက်ပြီးလျှင်ထိုကျောက်တုံးပေါ်မှာ ထိုင်နေ၏။- သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။-
နောက်လေးလမျှကြာလျှင်ကောက်ရိတ်ချိန် ရောက်လိမ့်မည်ဟု သင်တို့ဆိုတတ်ကြသည် မဟုတ်လော။ သင်တို့အားငါဆိုသည်ကား လယ်ပြင်တို့ကိုမျှော်ကြည့်လော့။ ရိတ်သိမ်း ရန်သီးနှံတို့သည်မှည့်ဝင်းလျက်ရှိပေပြီ။-
သို့ရာတွင်သင်တို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သောအခါ၌ သင်တို့ သည်တန်ခိုးကိုခံယူရရှိကြလိမ့်မည်။ ထို အခါသင်တို့သည်ယေရုရှလင်မြို့၊ ယုဒ ပြည်တစ်ပြည်လုံးနှင့်ရှမာရိပြည်မှစ၍ ကမ္ဘာမြေကြီးအစွန်အဖျားတိုင်အောင် ငါ ၏အကြောင်းကိုသက်သေခံသူများဖြစ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ငါတို့အားထာဝရဘုရားက၊ `ကယ်တင်ခြင်းကျေးဇူးကိုကမ္ဘာတစ်ဝန်းလုံး ရရှိစေရန်သင်တို့အား၊ လူမျိုးခြားများအဖို့အလင်းဖြစ်စေအံ့သောငှာ ငါခန့်ထား၏' ဟူ၍မိန့်တော်မူခဲ့ပေသည်'' ဟုဟောပြောကြ၏။
ဟောပြောကြေညာသူများကိုမစေလွှတ် လျှင် အဘယ်သို့နှုတ်ကပတ်တရားတော်ကို ဟောပြောကြေညာနိုင်မည်နည်း။ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသည်အတိုင်း``သတင်း ကောင်းကိုယူဆောင်လာသူတို့၏ခြေတို့သည် လွန်စွာတင့်တယ်စွတကား။-''
သင်ပြုသည့်အမှုကိုငါသိ၏။ သင်သည် ခွန်အားစွမ်းရည်အနည်းငယ်သာရှိသော် လည်း ငါ့သြဝါဒကိုလိုက်နာကာငါ၏ သစ္စာကိုစောင့်ခဲ့ကြောင်းငါသိ၏။ သင်၏ ရှေ့၌တံခါးကိုငါဖွင့်ထားပြီ။ ထိုတံခါး ကိုအဘယ်သူမျှမပိတ်နိုင်ရာ။-