Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 15:4 - Common Language Bible

4 ကျမ်း​စာ​တော်​တွင်​ရေး​သား​ဖော်​ပြ​ထား​သ​မျှ သော​အ​ရာ​တို့​သည် ငါ​တို့​အား​သွန်​သင်​ဆုံး​မ​ရန် အ​တွက်​ဖြစ်​၏။ ယင်း​သို့​ရေး​သား​ဖော်​ပြ​ရ​ခြင်း မှာ​ငါ​တို့​သည်​ကျမ်း​စာ​တော်​မှ​ရ​ရှိ​သည့် သည်း​ခံ မှု​နှင့်​နှစ်​သိမ့်​မှု​တို့​အား​ဖြင့်​မိ​မိ​တို့​၌​မျှော်​လင့် ခြင်း​ရ​ရှိ​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ငါ​တို့​သည် ကျမ်း​စာ၌​ပါ​သော​သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း​အ​ကြောင်း​များ​ကို​အ​မှီ​ပြု၍ မျှော်​လင့်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကျမ်း​စာ၌ အ​ထက်​က​ရေး​ထား​သ​မျှ​သည် ငါ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ရေး​ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 အကြောင်းမူကား ရှေး​အခါ​က​ရေး​ထား​သမျှ​သော​အရာ​သည် ငါ​တို့​ကို​သွန်သင်​ရန်​ရေး​ထား​ခြင်း​ဖြစ်​ပြီး ကျမ်းစာ​၌​ပါ​သော သည်းခံ​ခြင်း​နှင့် နှစ်သိမ့်​ခြင်း​အားဖြင့် ငါ​တို့​၌ မျှော်လင့်​ခြင်း​ရှိ​စေရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထိုသို့ ကျမ်းစာ​၌ ယခင်က ရေးသားခဲ့သော​အရာများ​သည် ကျွန်ုပ်တို့​ကို သွန်သင်​ရန် ရေးသားထားခြင်း​ဖြစ်ပြီး ထို​ကျမ်းစာ​မှ ရရှိသော သည်းခံခြင်း​နှင့် နှစ်သိမ့်ခြင်း​အားဖြင့် ကျွန်ုပ်တို့​တွင် မျှော်လင့်ချက်​ရှိစေရန် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 15:4
17 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အ​ရာ တို့​ကို နောင်​လာ​နောက်​သား​တို့​အ​တွက် ရေး​မှတ်​ထား​ကြ​လော့။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။


ကိုယ်​တော်​ရှင်​၏​က​တိ​တော်​သည်​ကွန်​တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​သည်​ဖြစ်​၍ ဆင်း​ရဲ​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌​ပင်​လှင် ကွန်​တော်​မျိုး​သည်​စိတ်​သက်​သာ​မှု​ကို​ရ​ရှိ​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်``သင့်​အား​ငါ​ဖွင့်​လှစ်​ဖော်​ပြ​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​အ​လွယ်​တ​ကူ​ဖတ်​ရှု​နိုင်​ရန် သင်​ပုန်း​ပေါ်တွင်​ရေး​မှတ်​လော့။ ထင်​ရှား​ပြတ်​သား​စွာ​ရေး​မှတ်​လော့။-


သင်​တို့​၌​မျှော်​လင့်​ချက်​ရှိ​သော​ကြောင့်​ဝမ်း မြောက်​ရွှင်​လန်း​ကြ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ သော​အ​ခါ​သည်း​ခံ​ကြ​လော့။ မ​ပြတ်​မ​လပ် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-


ထို​သူ​တို့​၌​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ အ​ခြား သူ​တို့​သင်​ခန်း​စာ​ရ​ရှိ​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။ ငါ​တို့​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ရန်​နီး​ချိန်​၌ အ​သက်​ရှင်​ရ​ကြ​သူ​များ​ဖြစ်​သော​ကြောင့် ငါ တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ထို​အ​ကြောင်း အ​ရာ​များ​ကို​ကျမ်း​စာ​တော်​တွင်​ရေး​သား​ထား သ​တည်း။


သို့​ဖြစ်​၍​သင်​တို့​နိုး​ကြား​၍ သမ္မာ​သ​တိ​ရှိ ကြ​လော့။ ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော အ​ခါ သင်​တို့​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို အ​ဆုံး​တိုင်​အောင်​မျှော်​လင့်​လျက်​နေ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ