ကောလောသဲ 1:28 - Common Language Bible28 သို့ဖြစ်၍ငါတို့သည်လူအပေါင်းတို့အား ခရစ်တော်၏အကြောင်းတော်ကိုဟောပြော ကြ၏။ လူတိုင်းအားရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရှိ ရန်ပို့ဆောင်နိုင်အံ့သောငှာ ငါတို့သည်ဉာဏ် ပညာရှိသမျှဖြင့်လူတိုင်းကိုသတိပေး သွန်သင်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible28 ထို ခ ရစ် တော် အ ကြောင်း ငါ တို့ ကြော် ငြာ လျက် ခ ရစ် တော် အား ဖြင့် လူ တိုင်း ကို စုံ လင် သည့် အ ဖြစ် အ နေ နှင့် ဆက် သွင်း ခွင့် ရ စေ ခြင်း ငှာ အ သီး အ သီး တို့ ကို ပဲ့ ပြင်၍ ခပ် သိမ်း သော ဉာဏ် ပ ညာ ဖြင့် သင် ကြား ကြ စဉ် အခန်းကိုကြည့်ပါ။Judson Bible28 ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှာ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း28 ကျွန်ုပ်တို့သည် လူတိုင်းကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေ၍ ရင့်ကျက်သောသူများအဖြစ် ဘုရားသခင်ထံ ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ရှိသမျှသောဉာဏ်ပညာဖြင့် လူတိုင်းကို သွန်သင်လျက် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။ |
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူ့ဇာတိကိုခံယူသောသားတော်အားအသေ ခံစေတော်မူသောအားဖြင့် သင်တို့အားမိမိနှင့် မိတ်ဆွေဖြစ်ခွင့်ကိုပေးတော်မူလေပြီ။ ယင်းသို့ ပြုတော်မူခြင်းမှာသင်တို့သည်ဖြူစင်သန့်ရှင်း မြင့်မြတ်လျက် အပြစ်ဆိုဖွယ်မရှိဘဲရှေ့တော် မှောက်သို့ဝင်ရောက်နိုင်ကြရန်ပင်ဖြစ်သည်။-
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။-
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
ညီအစ်ကိုတို့၊ ထိုအရှင်ကိုအမှီပြု၍အပြစ် ပြေလွှတ်ခြင်းအကြောင်းကို သင်တို့အားငါ ပြောကြားလျက်ရှိသည်ကိုလည်းကောင်း၊ ထို အရှင်ကိုယုံကြည်သူအပေါင်းတို့သည် မောရှေ၏ပညတ်တရားက မဖြေမလွှတ် နိုင်သည့်အပြစ်ဟူသမျှမှပြေလွတ်နိုင် ကြောင်းကိုလည်းကောင်းသိမှတ်ကြလော့။-
ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။ အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။-
``သင်ဧဇရသည်သင့်အားဘုရားသခင်ပေး အပ်တော်မူသည့်ပညာဉာဏ်ကိုအသုံးပြု လျက် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည် နယ်တွင် သင့်ဘုရားသခင်၏တရားတော်ကို လိုက်နာကျင့်သုံးကြသူလူအပေါင်းတို့အား အုပ်စိုးရန်အတွက်အုပ်ချုပ်ရေးမှူးများနှင့် တရားသူကြီးများကိုခန့်ထားလော့။ ထို တရားတော်ကိုမသိသူကိုသင်သည်သင် ကြားပို့ချပေးလော့။-
ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-