ဆာလံ 149:1 - Common Language Bible1 ထာဝရဘုရားအားထောမနာပြုကြ လော့။ ထာဝရဘုရားသခင်၏ရှေ့တော်၌ သီချင်းသစ်ကိုဆိုကြလော့။ ကိုယ်တော်အားသစ္စာစောင့်သူတို့စုဝေး ရာတွင် ကိုယ်တော်အားထောမနာပြုကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible1 ဟာ လေ လု ယ၊ ထာ ဝ ရ ဘု ရား အား၊ သီ ချင်း သစ် ကိုလည်း ကောင်း၊ ကြည် ညို သူ တို့ အ စည်း အ ဝေး ၌ ချီး မွမ်း ခြင်း ကို လည်း ကောင်း၊ ဖွဲ့ ဆို ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible1 ထာဝရဘုရားရှေ့တော်၌ အသစ်သောသီချင်းကို ဆို၍၊ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဟာလေလုယ။ ထာဝရဘုရားထံသို့ သီချင်းအသစ်ကို သီဆိုကြလော့။ သန့်ရှင်းသူတို့၏အစုအဝေး၌ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။ |
သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလော့။ ပင်လယ်တွင်ကူးသန်းသွားလာသူတို့ကိုယ်တော်ကို ထောမနာပြုကြလော့။ ပင်လယ်သတ္တဝါအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြုကြလော့။ ရပ်ဝေးနိုင်ငံများနှင့်ယင်းတို့တွင် နေထိုင်သူအပေါင်းတို့သီချင်းဆိုကြလော့။
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။