ဘုရားသခင်ထံမှာ ဉာဏ်ပညာတောင်းခံတာဟာ စည်းစိမ်ဥစ္စာတောင်းခံတာထက် ပိုပြီးတန်ဖိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဉာဏ်ပညာကတစ်ဆင့် ဘဝအောင်မြင်မှုကို ရရှိစေမယ့် ကောင်းမွန်တဲ့ နည်းလမ်းတွေ ပေါ်ပေါက်လာစေလို့ပါပဲ။ ဒါ့အပြင် သင့်အနေနဲ့ အချိန်အခါကောင်းမှာ အကြံဥာဏ်ကောင်းတွေ၊ တည်ဆောက်မှုရှိတဲ့ ပြုပြင်ပြောဆိုမှုတွေနဲ့ သင့်ပတ်ဝန်းကျင်ကလူတွေရဲ့ ဘဝကို ကောင်းချီးပေးနိုင်မယ့် အကြံအစည်တွေ၊ စီမံကိန်းတွေကို ဖော်ဆောင်ပေးနိုင်တဲ့သူ ဖြစ်လာမှာပါ။ ဉာဏ်ပညာဆိုတာ အတွေ့အကြုံ၊ လေ့လာဆန်းစစ်မှုနဲ့ ဆင်ခြင်တုံတရားတွေကနေ ဖြစ်ပေါ်လာတဲ့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းပါပဲ။
ရှောလမုန်မင်းကြီးက ဘုရားသခင်ထံမှာ ဉာဏ်ပညာကို တောင်းခံခဲ့လို့ ကမ္ဘာပေါ်မှာ အပညာရှိဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဘုရားသခင်က ရှောလမုန်မင်းကြီးကို နှစ်သက်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ရှောလမုန်မင်းကြီးက စည်းစိမ်ဥစ္စာကို အာရုံမစိုက်ပဲ ဘုရားသခင်ရဲ့ ဘုန်းတော်အသိပညာနဲ့ သူ့ရဲ့စိတ်ဝိညာဉ်ကို ဖြည့်တင်းခဲ့လို့ပါ။ ဉာဏ်ပညာရှိတဲ့သူဟာ လူအများမရှိတဲ့ အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ ဘုရားသခင်အတွက် ဉာဏ်ပညာဆိုတာ ရှိရှိသမျှနဲ့ ရှိနိုင်သမျှအရာအားလုံးကို အပြည့်အဝနဲ့ ပြီးပြည့်စုံစုံ နားလည်နိုင်စွမ်းပါပဲ။ ယာကုပ် ၁:၅ မှာ ပြောထားသလို ဘုရားသခင်က လူတိုင်းကို ပေးချင်တဲ့ ဘုရားသခင်ရဲ့ ဆုလက်ဆောင်တစ်ခုပါပဲ။
ဘုရားသခင်က သင့်ကို ဉာဏ်ပညာနဲ့ ပြည့်စုံစေချင်ပါတယ်။ အဲဒီဉာဏ်ပညာက နေ့စဉ်ဘဝမှာရော၊ ဆုံးဖြတ်ချက်ချတဲ့အခါမှာပါ သင့်ကို လမ်းညွှန်ပေးပြီး မိုက်မဲမှုထဲ မကျရောက်စေဖို့၊ လောကရဲ့ လှိုင်းလုံးတွေကြားမှာ မျောပါမသွားစေဖို့ ကာကွယ်ပေးမှာပါ။ ဘုရားသခင်ဟာ ဉာဏ်ပညာရဲ့ရင်းမြစ်ဖြစ်သလို၊ တန်ခိုးတော်ရဲ့ရင်းမြစ်လည်း ဖြစ်ပါတယ်။ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေတဲ့သူတွေကို ဉာဏ်ပညာ ပေးသနားတတ်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ငြင်းပယ်ခြင်းမရှိဘဲ၊ အချိန်တိုင်းမှာ ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်ပြီး သင်လိုချင်တဲ့ ရည်မှန်းချက်တွေကို ရရှိစေချင်ပါတယ်။ မိုက်မဲသောသူကဲ့သို့ မဟုတ်ဘဲ၊ ဉာဏ်ပညာရှိသောသူကဲ့သို့ သင့်ရဲ့နေထိုင်ပုံကို ဂရုစိုက်ပါ။ ကာလအချိန်တွေက မကောင်းမှုနဲ့ ပြည့်နှက်နေတာကြောင့် အချိန်တိုင်းကို အကျိုးရှိရှိ အသုံးချပါ (ဧဖက် ၅:၁၅-၁၆)။ ဉာဏ်ပညာရှိသူတစ်ယောက်က တစ်စုံတစ်ခုကို ပြောဆိုလုပ်ဆောင်တဲ့အခါမှာ သူဟာ မှန်ကန်ကြောင်း သိရှိနားလည်လို့သာ ပြောဆိုလုပ်ဆောင်တာဖြစ်ပါတယ်။ ဒါဟာ လုပ်ရပ်တွေကတစ်ဆင့် ဉာဏ်ပညာကို ထင်ဟပ်ပြသမှုပါပဲ။
ဘုရားသခင်ရဲ့ ဝိညာဉ်တော်က သင့်အပေါ်မှာ ရှိနေစေဖို့နဲ့ သင့်ကို ဉာဏ်ပညာနဲ့ ပြည့်စုံစေဖို့အတွက် ဘုရားသခင်ရဲ့ရှေ့တော်မှောက်မှာ ဆုတောင်းပါ။ အဲဒီအခါ သင်လုပ်ဆောင်သမျှဟာ ဘုရားသခင်ရဲ့ လမ်းညွှန်မှုအတိုင်း ဖြစ်မယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ ဉာဏ်ပညာလိုအပ်နေတဲ့သူတွေရဲ့ ဘဝကို ကောင်းချီးပေးနိုင်တဲ့ သတိပညာရှိသူ ဖြစ်လာမှာပါ။ ဘုရားသခင်ကို တောင်းလျှောက်ပါ။ ကိုယ့်အတွက်တင်မကပဲ၊ မှောင်မိုက်ထဲမှာ ရှိနေတဲ့သူတွေကို အလင်းပေးဖို့၊ လမ်းမှားနေတဲ့သူတွေကို လမ်းမှန်ပြန်ရောက်အောင် လမ်းညွှန်ပေးဖို့အတွက်ပါ ဘုရားသခင်က သင့်ကို ပေါကြွယ်ဝစွာ ပေးသနားမှာပါ။
သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။-
ကျွန်တော်မျိုးတို့အားမိမိတို့အသက်မည်မျှ တိုတောင်းကြောင်းကိုသိရှိနိုင်ရန်သွန်သင်တော်မူပါ။ သို့မှသာလျှင်ကျွန်တော်မျိုးတို့သည်ဉာဏ်ပညာ ရရှိလာကြပါလိမ့်မည်။
ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းဖူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဥာဏ်ကိုဆည်းဖူးလော့။
ထိုအတူ၊ သင်တွေ့ရသောပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည် မြော်လင့် ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကို ခံရလိမ့် မည်။
ပညာကိုဆည်းဖူးလော့။ ဥာဏ်ကို ဆည်းဖူး လော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။
ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
သူသည်မိမိပြည်သူတို့အားအုပ်စိုးရန် ဉာဏ်ပညာ၊ အသိပညာနှင့်၊ စွမ်းရည်ကို ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုး အားဖြင့်ရလိမ့်မည်။ သူသည်ထာဝရဘုရား၏အလိုတော်ကိုသိ၍ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေလိမ့်မည်။
ကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။
သို့သော်လည်းငါသည်ဉာဏ်ပညာနှင့်ယှဉ်သော စကားကိုဝိညာဉ်ရေးရင့်ကျက်သူတို့အား ပြောဆိုပါ၏။ သို့ရာတွင်ထိုဉာဏ်ပညာကား ဤလောကနှင့်မသက်ဆိုင်။ လောကီမင်းများ နှင့်လည်းမသက်ဆိုင်။ လောကီမင်းတို့၏ တန်ခိုးအာဏာကားလျော့နည်းလျက်နေ ပေသည်။- ငါသည်ဘုရားသခင်၏နက်နဲသောဉာဏ်ပညာ တော်အကြောင်းကိုဟောပြော၏။ ထိုဉာဏ်ပညာ ကားလူသားတို့ထံမှဘုရားသခင်လျှို့ဝှက် ထားသောအရာဖြစ်၏။ သို့သော်ငါတို့ဘုန်း အသရေခံစားရစေရန် ကမ္ဘာလောကကို ဖန်ဆင်းတော်မမူမီကပင်လျှင် ဘုရား သခင်စီရင်သောဉာဏ်ပညာဖြစ်၏။-
သင်တို့အထဲတွင်အတတ်အလိမ္မာနှင့်ဉာဏ် ပညာရှိသူတစ်စုံတစ်ယောက်ရှိလျှင်ထိုသူ သည် မိမိပညာရှိမှုကိုဉာဏ်ပညာနှင့်၊ နှိမ့်ချ သောစိတ်ဖြင့်ပြုကျင့်သည့်အကျင့်ကောင်း အားဖြင့်သက်သေပြပါစေ။-
ငါ၏ဥစ္စာရှိသမျှကိုပေးကမ်းစွန့်ကြဲသည် သာမကကိုယ်ခန္ဓာကိုမီးဖြင့်ပူဇော်သော် လည်းမေတ္တာမရှိလျှင်ငါ၌အကျိုးမရှိ။
အဘယ်သူမျှမိမိကိုယ်ကိုမလှည့်စားစေနှင့်။ လောကီစံနှုန်းအရမိမိကိုယ်ကိုပညာရှိ သည်ဟုထင်မှတ်သောသူသည် အမှန်ပင်ပညာ ရှိဖြစ်လာစေရန်လူမိုက်ဖြစ်ပါစေ။-
သင်တို့ရရှိသည့်အခွင့်ကောင်းမှန်သမျှကို အသုံးပြုကာ အခြားဘာသာဝင်တို့အား ပညာသတိနှင့်ဆက်ဆံကြလော့။- သင်တို့ပြောသောစကားသည်နားဝင်ချို၍ စိတ်ဝင်စားဖွယ်ဖြစ်စေကြလော့။ စုံစမ်းမေး မြန်းသူတိုင်းအားအဘယ်သို့လျောက်ပတ် စွာပြန်လည်ဖြေကြားရမည်ကိုသင်တို့လေ့ လာထားကြလော့။
ဝိညာဉ်တော်သည်လူတစ်ယောက်အားဉာဏ် ပညာဖြင့်ပြောဆိုနိုင်သောစွမ်းရည်ကိုပေး တော်မူ၏။ အခြားတစ်ယောက်အားအသိ ဉာဏ်ဖြင့်ခက်ခဲသောအရာတို့ကိုထုတ်ဖော် ပြောဆိုနိုင်သောစွမ်းရည်ကိုပေးတော်မူ၏။-
ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်သော သဘောသည်ပညာ၏အချုပ်အခြာဖြစ်၏။ ပညတ်တော်ကိုစောင့်ထိန်းသူအပေါင်းတို့အား မှန်ကန်စွာဆုံးဖြတ်နိုင်ခွင့်ကိုကိုယ်တော်ပေး တော်မူ၏။ ကိုယ်တော်အားထာဝစဉ်ထောမနာပြုကြ ပါစေသတည်း။
အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
သူတော်ကောင်းသည်ဉာဏ်ပညာအမြော်အမြင်ရှိသော စကားကိုပြောဆိုတတ်၏။ သူသည်အစဉ်ပင်တရားမျှတ၏။
သို့ဖြစ်ခြင်းကြောင့်သင်တို့၏သတင်းကိုကြား ရသည့်နေ့မှစ၍ ငါတို့သည်သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေ၏။ သင်တို့သည်ဝိညာဉ်တော်ချပေးတော်မူသော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့် ဘုရားသခင် ၏အလိုတော်ကိုကောင်းစွာသိရှိကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းကြ ပါ၏။-
ယခုညဥ့်၌ထာဝရဘုရားသည်အိပ်မက် တွင်ထင်ရှားတော်မူ၍``သင်သည်အဘယ် ဆုကိုအလိုရှိသနည်း'' ဟုမေးတော်မူ၏။ ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။- အို ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်အသက်အရွယ်ငယ်၍တိုင်းပြည်ကို မအုပ်စိုးတတ်သော်လည်း ကိုယ်တော်ရှင်သည် အကျွန်ုပ်အားခမည်းတော်အရိုက်အရာ ကိုဆက်ခံစေ၍နန်းတင်တော်မူပါပြီ။- ယခုအခါအကျွန်ုပ်သည်ကိုယ်တော်ရွေးချယ် တော်မူသောလူမျိုးကြီးအလယ်တွင်ရှိပါ၏။ ထိုသူတို့သည်ရေတွက်၍မရနိုင်အောင်ပင် များပြားပါ၏။- သို့ဖြစ်၍ကိုယ်တော်ရှင်၏လူမျိုးတော်အား တရားမျှတစွာအုပ်စိုးနိုင်စေရန် အကျွန်ုပ် အားဉာဏ်ပညာကိုပေးတော်မူပါ။ ယင်းသို့ ပေးတော်မမူပါလျှင်အကျွန်ုပ်သည် ဤမျှ များပြားသောကိုယ်တော်ရှင့်လူမျိုးတော်ကို အဘယ်သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း''ဟု တောင်းလျှောက်လေ၏။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို ကိုးစားသည်ဖြစ်၍ ကွန်တော်မျိုးအားဉာဏ်ပညာနှင့်အသိပညာကို ပေးတော်မူပါ။
ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။
မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။
လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏နည်းလမ်းတော်တို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ယင်းတို့ကိုကျွန်တော်မျိုးအားသိရှိနားလည် စေတော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တင်တော်မူသောဘုရားဖြစ်တော်မူသည် ဖြစ်၍ ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏ သမ္မာတရားတော်အတိုင်းပြုမူကျင့်ကြံ တတ်ရန် သွန်သင်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို အစဉ်ကိုးစားလျက်နေပါ၏။
သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက်၏။ ပညာရှိသော သူ၏နားသည် လည်း၊ ပညာစကားကို ရှာတတ်၏။
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
သင်တို့သည်ဘုရားသခင်ကိုသိကျွမ်းခြင်း အလို့ငှာသင်တို့အားဉာဏ်ပညာကိုပေး၍ ဘုရားသခင်ကိုပေါ်လွင်ထင်ရှားစေမည့် ဝိညာဉ်တော်ကိုသင်တို့ရရှိကြစေရန် ငါ တို့သခင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးသောအဖခမည်းတော်ထံငါ လျှောက်ထား၏။- ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊-
ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဥာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။
ငါသည်ရှင်းလင်းပြတ်သားစွာတွေးတောဆင် ခြင်မည်။ အသိပညာနှင့်ယှဉ်သောစကားများကို ပြောဆိုမည်။
သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။
ဥာဏ်ပညာကိုရသော သူသည် အသက်စမ်းရေ တွင်းကိုရ၏။ မိုက်သောသူတို့၏ သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။
ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။
ယင်းသို့ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာသင် တို့အပေါင်းသည်အားတက်လျက် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ခင်လာစေရန် ဖြစ်သည်။ ဤသို့ဖြစ်ခြင်းကြောင့်သင်တို့သည် စစ်မှန်စွာသိရှိနားလည်ခြင်းအားဖြင့် စိတ် ချမှုကိုကြွယ်ဝပြည့်စုံစွာရရှိကြလိမ့် မည်။ ဤနည်းအားဖြင့်သင်တို့သည်ခရစ် တော်တည်းဟူသောဘုရားသခင်၏နက်နဲ ရာကိုသိရှိကြလိမ့်မည်။- သင်တို့သည်ခရစ်တော်နှင့်အတူ သေပြီဖြစ် သဖြင့်ဤလောကဋ္ဌာတ်ကို အစိုးရသော တန်ခိုးရှင်များ၏လက်အောက်တွင်မရှိတော့ ပေ။- ထိုသို့ဖြစ်ပါလျက်သင်တို့သည်အဘယ်ကြောင့် ဤလောကနှင့်သက်ဆိုင်သူများကဲ့သို့ပြုကျင့် နေကြသနည်း။ အဘယ်ကြောင့်``ဤအရာကို မကိုင်နှင့်။ ထိုအရာကိုမမြည်းမစမ်းနှင့်။ မတို့ မထိနှင့်'' အစရှိသည့်ဥပဒေများကိုလိုက် လျှောက်နေကြသနည်း။- ထိုဥပဒေများသည်အသုံးပြုပြီးနောက်အသုံး မဝင်တော့သည့်အရာများနှင့်စပ်ဆိုင်၏။ ယင်းတို့ အားလုံးပင်လျှင်လူလုပ်သည့်ဥပဒေများ၊ သွန် သင်ချက်များသာဖြစ်သည်။- ကောင်းကင်တမန်များအားမဖြစ်မနေကိုး ကွယ်ရခြင်း၊ မမှန်ကန်သောစိတ်နှိမ့်ချခြင်း၊ အလွန်အမင်းကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတည်း ဟူသောဥပဒေတို့သည် ဉာဏ်ပညာနှင့်ယှဉ် သောဥပဒေပညတ်များဖြစ်ဟန်တူသော် လည်းကာယတပ်မက်မှုများကိုထိန်းချုပ် ရာတွင်မည်သို့မျှအထောက်အကူမပေး ချေ။ ထိုအရှင်သည်ကွယ်ဝှက်ထားသောဘုရား သခင်၏ဉာဏ်ပညာဘဏ္ဍာ၊ အသိပညာ ဘဏ္ဍာကိုဖွင့်ပြသည့်သော့ချက်ဖြစ်တော် မူသတည်း။
ဥာဏ်ရှိသောသူ၏ နှလုံး၌ပညာကျိန်းဝပ်တတ် ၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။
ဣသရေလအမျိုးသားတို့အားကြံ့ခိုင် တည်ငြိမ်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော် သည်မိမိ၏လူမျိုးတော်အားအစဉ်အမြဲ ကွယ်ကာစောင့်ရှောက်တော်မူ၍၊ ဉာဏ်ပညာ နှင့်အသိပညာကိုပေးတော်မူပါ၏။ သူ တို့၏အဖိုးအထိုက်ဆုံးဘဏ္ဍာကားထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေခြင်းပင်ဖြစ် သတည်း။
ဘုရားသခင်၏ဉာဏ်ပညာမဲ့မှုဟုထင်ရ သောအရာသည် လူတို့ဉာဏ်ပညာရှိမှုထက် ပို၍ထက်မြက်၏။ ဘုရားသခင်၏အားနည်းမှု ဟုထင်ရသောအရာသည်လူတို့၏စွမ်းသန် မှုထက်ပို၍အားကြီး၏။
ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသော နှုတ်မူကား၊ အလွန် အဘိုးထိုက်သော ရတနာ ဖြစ်၏။
ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို ရှင်းလင်းဖော်ပြမှုသည်အလင်းကိုပေး၍ ပညာမဲ့သူတို့ကိုပညာရရှိစေပါ၏။
``တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။ ရှာ ကြလော့။ ရှာလျှင်တွေ့ကြလိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင်တံခါးကိုဖွင့်ပေး လိမ့်မည်။- တောင်းသောသူသည်ရ၏။ ရှာသောသူသည်တွေ့၏။ တံခါးခေါက်သူအား တံခါးကိုဖွင့်၍ပေးလိမ့်မည်။-
ညီအစ်ကိုတို့၊ သင်တို့သည်ကောင်းမြတ်ခြင်း ပါရမီနှင့်လည်းကောင်း၊ အသိပညာအမျိုး မျိုးနှင့်လည်းကောင်းပြည့်စုံလျက်အချင်းချင်း သွန်သင်နိုင်ကြကြောင်းကိုငါစိတ်ချယုံ ကြည်၏။-
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကျောက်နှင့် ရဲတိုက်ဖြစ်တော်မူပါ၏။ ကတိတော်ရှိသည်အတိုင်းကျွန်တော်မျိုးအား လမ်းပြပို့ဆောင်တော်မူပါ။
သွန်သင်တော်မူခက်တို့ကိုလိုက်နာ၍ ကိုယ်တော်၏စကားတော်ကိုစိတ်နှလုံး အကြွင်းမဲ့ ခံယူသူတို့သည်မင်္ဂလာရှိကြ၏။
ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို သင့် မျက်မှောက်မှ မကွာစေဘဲ၊ အစဉ်စောင့်ရှောက်လော့။ သို့ပြုလျှင်၊ ထိုရတနာတို့သည် သင်၏ဝိညာဉ်၌ အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေဖြစ်လိမ့်မည်။
ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ် လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြ လိမ့်မည်။
အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
လူသားတို့နေရာကို ရည်မှတ်၍ ငါအောက်မေ့ သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည် အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊ လူသားတွေ့ကြုံသော အမှုကို တိရစ္ဆာန် တွေ့ကြုံတတ်၏။ ထိုသူနှစ်ဦးတို့သည် တပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တဦးသေသကဲ့သို့ တဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တမျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူသည်တိရစ္ဆာန်ထက် ထူးမြတ်သော အကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။
ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုနားလည် နိုင်ရန် ကွန်တော်မျိုးအားကူမတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အံ့သြဖွယ်ကောင်းသည့်သွန်သင်ခက် တို့ကို ဆင်ခြင်ပါမည်။
သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နား ထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။ သင်၏နှလုံး၌ သွင်းမိနိုင်လျှင် သာယာသော အကျိုးရှိလိမ့်မည်။ သင်၏နှုတ်၌လည်း အစဉ်အသင့်ရှိ လိမ့်မည်။ သင်သည်ထာဝရဘုရား၌ ခိုလှုံမည်အကြောင်း၊ သင့်ကိုယ်တိုင် ကိုယနေ့ငါသွန်သင်၏။
သင်တို့သည်သတင်းကောင်းကိုအဘယ်မျှစွဲမြဲစွာ ယုံကြည်ကြကြောင်းကိုလူတိုင်းပင်ကြားသိရ၏။ သို့ဖြစ်၍ငါသည်သင်တို့အတွက်ဝမ်းမြောက်၏။ သင်တို့သည်ကောင်းမြတ်သောအမှုအဘယ်အရာ ဖြစ်သည်ကိုသိသောပညာရှိများဖြစ်ပြီးလျှင် ညစ်ညမ်းသောအမှုနှင့်ပတ်သက်၍အပြစ်ကင်း သူများဖြစ်ကြစေလို၏။-
``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။
သို့ဖြစ်၍သင်တို့ပြုကျင့်ပုံကိုသတိပြုကြ လော့။ ပညာမဲ့သူများကဲ့သို့မဟုတ်ဘဲပညာ ရှိသူများကဲ့သို့ပြုကျင့်ကြလော့။- ဤနေ့ရက်ကာလသည်ဆိုးယုတ်သောကာလဖြစ် သောကြောင့် သင်တို့ရရှိသည့်အခွင့်အရေးရှိ သမျှကိုအကျိုးရှိအောင်အသုံးပြုကြလော့။-
ဥာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။
ကိုယ်တော်ရှင်သည်ကွန်တော်မျိုးကိုဖန်ဆင်းတော်မူ၍ ဘေးမဲ့လုံခြုံစွာထားတော်မူပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုသိရှိ နားလည်နိုင်ရန် ကွန်တော်မျိုးအားအသိဉာဏ်ကိုပေးတော်မူပါ။
ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ၊ သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဥာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊
အို ထာဝရဘုရား" ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်နှင့်ပြည့်ဝပါ၏။ ကွန်တော်မျိုးအားကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုသွန်သင်တော်မူပါ။
တရားတော်ကိုကြားနာရုံမျှသာကြားနာ ခြင်းအားဖြင့်မိမိတို့ကိုယ်ကိုမလှည့်စား ကြနှင့်။ တရားတော်ကိုလက်တွေ့ကျင့်သုံး ကြလော့။-
မောပန်းနွမ်းနယ်သူအား၊အားအင်ဖြည့်တင်းပေး နိုင်ရန် အဘယ်သို့ပြောဆိုရမည်ကို ငါ့အားထာဝရအရှင်ဘုရားသခင် သွန်သင်ပေးတော်မူလေပြီ။ မိမိသွန်သင်တော်မူမည့်အရာကိုနားထောင်ရန် ကိုယ်တော်သည်ငါ့အားနံနက်တိုင်းစိတ်စောလျက် နေစေတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ပြုစေလိုသောအမှုအရာတို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ကျွန်တော်မျိုးမှာရန်သူများလှပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာ လမ်း၌ ပို့ဆောင်တော်မူပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားကိုယ်တော်ရှင်ပြုစေ တော်မူ လိုသည့်အတိုင်းညွှန်ကြားတော်မူပါ။ ကျွန်တော်မျိုးသည်သစ္စာနှင့်လိုက်နာဆောင် ရွက်ပါမည်။ ကိုယ်တော်ရှင်အမှုတော်ကိုမမှိတ်မသုန် ဆောင်ရွက်နိုင်ရန်သွန်သင်တော်မူပါ။
ပညာသည်ပြင်မှာကြွေးကြော်၍၊ လမ်းခရီးတို့၌ မိမိစကားသံကို လွှင့်တတ်၏။ လူစည်းဝေးရာ အဦး၌၎င်း၊ မြို့တံခါးဝတို့၌၎င်း၊ မြို့ထဲ၌၎င်း ခေါ်၍မြွက်ဆိုသောစကားဟူမူကား၊
မိမိသည်မျက်မမြင်တို့၏လမ်းပြ၊ အမှောင် တွင်ရှိသူတို့၏အလင်း၊ လူမိုက်တို့၏နည်းပြ၊ မသိနားမလည်သူတို့၏ဆရာဖြစ်သည်ဟု အမှန်ပင်သင်ယုံကြည်၏။ ပညတ်တရားသည် အသိပညာနှင့်သမ္မာတရားအစုံအလင် ကိန်းအောင်းရာဖြစ်သည်ကိုလည်းသေချာ စွာသိ၏။-
ထာဝရဘုရား၏တရားတော်သည်ပြီးပြည့် စုံလင်အောင်ကောင်းမြတ်သည်ဖြစ်၍စိတ်ဝိညာဉ် ကို ပြန်လည်သစ်လွင်လန်းဆန်းစေတတ်၏။ ဘုရားသခင်၏သွန်သင်တော်မူချက်တို့သည် အားကိုးအားထားထိုက်သည်ဖြစ်၍ မလိမ္မာသူတို့ကိုလိမ္မာစေတတ်၏။ ထာဝရဘုရား၏နည်းဥပဒေတို့သည် မှန်ကန်သည်ဖြစ်၍လိုက်နာစောင့်ထိန်းသူ တို့၏ စိတ်ကိုရွှင်လန်းစေတတ်၏။ ကိုယ်တော်၏ပညတ်တော်တို့သည်တရား မျှတသည် ဖြစ်၍စိတ်နှလုံးကိုအသိဉာဏ်ပေးတတ်၏။
အို ထာဝရဘုရား" ကိုယ်တော်ရှင်သည်မိမိ၏ပညတ်တော်တို့ကို ကွန်တော်မျိုးတို့အားပေးအပ်တော်မူလက် ယင်းတို့ကိုတစ်သဝေမတိမ်းလိုက်နာကြ ရန် မှာကြားတော်မူပါပြီ။
သို့ဖြစ်၍ ငါ့သားတို့၊ငါ့စကားကို နားထောင်ကြ လော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။
ညီအစ်ကိုတို့၊ နိဂုံးချုပ်အနေဖြင့်ပြောရ လျှင် သင်တို့သည်မှန်ကန်သောအရာ၊ မွန်မြတ် သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင် သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေ ရှိသောအရာတည်းဟူသောကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို နှလုံးသွင်းကြလော့။-
ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။
ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့် ကို ပေး၍ ကျေးဇူးကြီး၏။
ကိုယ်တော်ရှင်သည်ကွန်တော်မျိုးကိုဖန်ဆင်းတော်မူ၍ ဘေးမဲ့လုံခြုံစွာထားတော်မူပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုသိရှိ နားလည်နိုင်ရန် ကွန်တော်မျိုးအားအသိဉာဏ်ကိုပေးတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကတိတော်ကို အားကိုးသည်ဖြစ်၍ ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေသူတို့သည် ကွန်တော်မျိုးကိုမြင်၍ဝမ်းမြောက်ကြပါလိမ့်မည်။
သူသည်ဤအသိပညာမှန်သမျှကို အနန္တ တန်ခိုးရှင်ထာဝရဘုရားထံတော်မှရရှိ ပေသည်။ ထာဝရဘုရားပြုတော်မူသော အကြံအစည်တော်တို့သည် ဉာဏ်ပညာ အမြော်အမြင်နှင့်ပြည့်စုံ၍အစဉ်အောင် မြင်မှုရှိပါပေသည်။
သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို ကိုးစားသည်ဖြစ်၍ ကွန်တော်မျိုးအားဉာဏ်ပညာနှင့်အသိပညာကို ပေးတော်မူပါ။ ကိုယ်တော်ရှင်ဒဏ်ခတ်တော်မမူမီအခါက ကွန်တော်မျိုးသည်လမ်းလွဲသော်လည်း ယခုမှာမူနှုတ်ကပတ်တော်အတိုင်းပြုကင့်ပါ၏။
နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှါ၊ ဆုံးမသော စကားကို နားထောင်၍ နည်းဥပဒေကို ခံယူ လော့။
လူငယ်လူရွယ်သည်အဘယ်သို့အားဖြင့် ဖြောင့်မတ်စွာကင့်ကြံပြုမူနိုင်ပါသနည်း။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ်စွာ ကင့်ကြံပြုမူနိုင်ပါ၏။
ကိုယ်တော်ရှင်၏ဆုံးမသွန်သင်တော်မူခက် တို့သည် ကွန်တော်မျိုးအားစိတ်ရ"င်လန်းစေပါ၏။ ယင်းတို့သည်ကွန်တော်မျိုးအားလမ်းည"န် ကြပါ၏။
ငါ့သားတို့၊ အဘ၏နည်းဥပဒေသကို နားထောင်၍၊ ဥာဏ်သဘောကို နားလည်ခြင်းငှါ စေ့စေ့မှတ် ကြလော့။ ငါ့သား၊ ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။ ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။ ရှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။ ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထား လော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။ အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ မလိုက်နှင့်။ သူတို့လမ်းကိုကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။ သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။ ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား၍ ညှဉ်းဆဲခြင်း နှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။ ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။ မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။ ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ် တရားကို မပယ်ကြနှင့်။
တဖန်တုံ၊ ငါ့သား၊ ထိုသို့သောစကားအားဖြင့် ဆုံးမခြင်းကို ခံလော့။ စာများကိုစီရင်၍ မကုန်နိုင်။ စာကို ကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ်ကို နှောင့်ရှက် သောအမှုဖြစ်၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုစစ်ဆေးတော်မူ၍ကျွန်တော်မျိုး၏ စိတ်နှလုံးကိုသိမှတ်တော်မူပါ။ ကျွန်တော်မျိုးကိုစစ်ကြောတော်မူ၍ကျွန်တော်မျိုး၏ အကြံအစည်များကိုသိမှတ်တော်မူပါ။ ကျွန်တော်မျိုးသည်ဆိုးသွမ်းသောလမ်းသို့ လိုက်သည်မလိုက်သည်ကိုစစ်ဆေးတော်မူ၍ ထာဝရလမ်းထဲသို့ပို့ဆောင်တော်မူပါ။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် သူတော်ကောင်းတို့လမ်းကိုဖြောင့်စေတော်မူပါ၏။ သူတို့သွားရသောခရီးလမ်းသည်လည်းညီညာ ပါ၏။
ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။
တိမောသေ၊ သင့်အားပေးအပ်ထားသည့်အရာ ကိုစောင့်ထိန်းလော့။ သိမ်ဖျင်းသောစကားနှင့် အကျိုးမဲ့သောစကားကိုလည်းကောင်း၊ လူ အချို့တို့မှားယွင်းစွာ ခေါ်ဆိုသည့်``အသိပညာ'' အကြောင်းနှင့်ပတ်သက်၍အငြင်းပွားမှု တို့ကိုလည်းကောင်းရှောင်ရှားလော့။-
ကြွယ်ဝချမ်းသာသောသူသည်ထပ်၍ရရှိသဖြင့် သူ၌ပိုလျှံ၍နေလိမ့်မည်။ သို့ရာတွင်ဆင်းရဲ သောသူထံမှရှိသမျှကိုပင်နုတ်လိမ့်မည်။-
ကိုယ်တော်ရှင်သည်ပညတ်တော်တို့ကိုချိုးဖောက်သူ အပေါင်းတို့အားပစ်ပယ်တော်မူပါ၏။ ထိုသူတို့၏လိမ်လည်လှည့်စားသည့်အကြံအစည် မားသည်အခည်းနှီးဖြစ်ပါ၏။
ဉာဏ်ပညာဟူ၍ဤလောကသားတို့ထင်မှတ် ကြသည့်အရာသည်ဘုရားသခင်၏ရှေ့တော် ၌မိုက်မဲမှုသာလျှင်ဖြစ်၏။ ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ပညာရှိများအားမိမိ တို့ကိုယ်တိုင်အသုံးပြုသည့်ပရိယာယ်အား ဖြင့်ပင်လျှင်ထောင်ချောက်တွင်မိစေတော်မူ၏'' ဟုဖော်ပြသည့်အတိုင်းပင်။-
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို နှစ်သက်မြတ်နိုးသည်ဖြစ်၍ယင်းတို့ကိုလိုက်နာ စောင့်ထိန်းရာတွင်ရ"င်လန်းအားရမှုရှိပါ၏။
လူတို့စိတ်နှလုံးကိုသိမြင်တော်မူသော ဘုရားသခင်သည်ဝိညာဉ်တော်၏စိတ် သဘောကိုလည်းသိတော်မူ၏။ အဘယ် ကြောင့်ဆိုသော်ဝိညာဉ်တော်သည်ဘုရား သခင်၏အလိုတော်နှင့်အညီ ကိုယ်တော် ၏လူစုတော်အတွက်အသနားခံတော် မူသောကြောင့်ဖြစ်၏။
ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ၏မူလအမြစ် ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကိုသိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
စည်းစိမ်ဥစ္စာခမ်းသာကြွယ်ဝလိုစိတ်အစား ကိုယ်တော်ရှင်၏ဆုံးမသွန်သင်ခက်တို့ကို လိုက်နာစိတ်ကွန်တော်မျိုးအားပေးတော်မူပါ။
``စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာ ရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကိုဖူးမြင်ရကြလတ္တံ့။
အို ထာဝရဘုရား" ကွန်တော်မျိုးအားအထုံးအဖွဲ့တော်တို့၏ အနက်အဋ္ဌိပ္ပါယ်ကိုသွန်သင်တော်မူပါ။ ကွန်တော်မျိုးသည်ယင်းတို့ကိုအမြဲတစေ လိုက်လှောက်ပါမည်။ ကိုယ်တော်ရှင်၏တရားတော်ကိုရှင်းလင်း ဖော်ပြတော်မူပါ။ ယင်းကိုကွန်တော်မျိုးသည်လိုက်နာပါမည်။ စိတ်နှလုံးအကြွင်းမဲ့စောင့်ထိန်းပါမည်။
မာသောအစားအစာသည်ကားအရွယ်ရောက် ပြီးသူတို့အတွက်ဖြစ်၏။ သူတို့သည်လေ့ကျင့် မှုအားဖြင့် အကောင်းနှင့်အဆိုးကိုပိုင်းခြားသိ ရှိသူများဖြစ်ကြ၏။
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
သင်တို့အနက်တစ်စုံတစ်ယောက်သည်ဉာဏ် ပညာချို့တဲ့ပါလျှင် ဘုရားသခင်ထံတောင်း လျှောက်စေ။ ဘုရားသခင်သည်သူ့အားဉာဏ် ပညာကိုပေးသနားတော်မူလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်သည်လူခပ်သိမ်းတို့ အားရက်ရောစွာကျေးဇူးပြုတော်မူတတ် သောကြောင့်ဖြစ်၏။-
ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊
အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံ အတတ်များကို ဘော်တတ်၏။
သင်တို့သည်ဘုရားသခင်ကိုသိကျွမ်းခြင်း အလို့ငှာသင်တို့အားဉာဏ်ပညာကိုပေး၍ ဘုရားသခင်ကိုပေါ်လွင်ထင်ရှားစေမည့် ဝိညာဉ်တော်ကိုသင်တို့ရရှိကြစေရန် ငါ တို့သခင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးသောအဖခမည်းတော်ထံငါ လျှောက်ထား၏။-
အဘယ်ကြောင့်ဆိုသော်သင်တို့၏ရန်သူများ မငြင်းခုံမခုခံနိုင်အောင်သင်တို့အားနှုတ် သတ္တိ၊ ဉာဏ်သတ္တိကိုငါပေးမည်ဖြစ်သောကြောင့် တည်း။-
စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊
အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။